Skip to content

Movie


Un Amico သည် ယခုနှစ် ကျင်းပခဲ့သည့် အမေရိကန် ရုပ်ရှင်ထူးချွန်ဆုပေး ပွဲတွင် အကောင်းဆုံး ဇတ်ကားဆုအဖြစ် ဆန်ကာတင်စာရင်း ၀င်ခဲ့သည့် ဒါရိုက်တာ ကွာတင်တာရန်တီနို ၏ Inglorious Basterds ဇာတ်ကားမှနောက်ခံတီးလုံး ဖြစ်သည်။ ထိုသီချင်း သည် အဆိုပါ ဇာတ်ကား ၏ ပြသချိန် ၀၂း၂၀း၁၂ (DVD version)တွင်၊၀၂း၂၆း၂၇ (ရုပ်ရှင်တွင်) ၊၀၂း၂၄း၁၃ (Bly-ray တွင်) စတင်ခဲ့ခြင်းဖြစ်သည်။

Un Amico ကို သီချင်း အား နာမည်ကျော် အီတာလျှံ ဂီတပညာရှင် အန်နီယို မော်ရီကွန်း က ရေးဖွဲ့ ခဲ့ခြင်းဖြစ်သည်။ အန်နီယို မော်ရီကွန်း သည် Once upon a time in west, Once upon a time in America, The good, the Best and the Ugly ,City of Joy နှင့် The Untouchables စသည့် ဇာတ်ကားများ ၏ ဂီတမှုးအဖြစ် တာဝန်ယူခဲ့သည်။

ဂျက် ကီချမ်း ပါဝင် သရုပ်ဆောင် ထားသည့် The Karate Kid ရှေ့ အပတ် ရုံဝင် မည်

၈၂ ကြိမ်မြောက် အမေရိကန် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား ကို ဤနေရာ မှတစ်ဆင့် တိုက်ရိုက်ကြည့်ရှု နိုင်သည်   Go To Oscar Live Blog

၂၀၀၇ ခုနှစ်က The Departed ဇာတ်ကားနဲ့ အော်စကာဆုရရှိခဲ့တဲ့ ဒါရိုက်တာ မာတင်စကော့ဆက်ဆီရဲ့ 
ဇာတ်ကားသစ် ပါ။စကော့ ဆက်ဆီ ရဲ့ လက်ဆွဲ သရုပ်ဆောင် လီယိုနာဒို ဒီကာပရီယို၊မခ် ရဖ်ဖဲလိုး၊
ဘင်ကင်စလေ တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။၁၉၅၄ ခုနှစ်က မက်ဆာချူးဆက် ရှတ်တာ ကျွန်းက
ပုံမှန်စိတ် မဟုတ်ပဲ ရာဇ၀တ်မှု ကျူးလွန် သူတွေ ကို ဖမ်းဆီးထောင်ချထားတဲနေရာကို ရောက်ရှိသွားတဲ့ အမေရိကန်
ရဲအရာရှိ နှစ်ဦး အကြောင်း ကို ရိုက်ကူးတင်ဆက်ထားတာပါ။

Sundance ရုပ်ရှင်ပွဲတော်ကျင်းပရာ Park City ရှိ ရှေးဟောင်း ထရော်လီ ခရီးသည်တင်ယာဉ်

အပူချိန် ၁၀ ဒီဂရီဖာရင်ဟိုက်တွင် ကျင်းပနေသည့် Sundance ရုပ်ရှင်ပွဲတော်

Sundance ရုပ်ရှင်ပွဲတော်သို့ လာရောက်ကြသူများ

Sundance ရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင် ကားလက်ကမ်းပိုစတာများဖြင့် ဖန်တီးထားသည့် Collage Art

၂၀၀၉ ခုနှစ်က Burma VJ ဇာတ်ကားကိုပြသခဲ့သည့် Sundance ရုပ်ရှင်ပွဲတော်သို့ အ၀င်

A Christmas Carol

ယခု တစ်ပတ်  ရုံဝင်လာသည့် Disney : Christmas Carol အမည်ရှိ ဇာတ်
ကား တွင် ဂျင်ကာရေး ပါဝင်သရုပ်ဆောင် ထားသည်။ဂျင်ကာရေး နှင့် အတူနာမည်ကျော်
သရုပ်ဆောင်များ ဖြစ်သည့် ကောလင်းဖတ် ၊ ဂယ်ရီ အိုးမန်း တို့ ပါဝင်သရုပ်ဆောင်ထား
သည်။Disney Christmas Carol ဇာတ်ကား၏ ဒါရိုက်တာမှာ Used Car ,Contact ,Castaway ,Forest Gump , What Lies Beneath ဇာတ်ကားများကို  ရိုက်ကူးခဲ့သည့်
ဒါရိုက်တာ ရောဘတ် ဇီးမစ် ဖြစ်သည်။Animation 3 D ဇာတ်ကားဖြစ်သည်။

အင်္ဂလိပ်စာရေးဆရာ ချားဒစ်ကင်း၏ ၀ထ္တုကို ရုပ်ရှင် အဖြစ်ပြန်လည် ရိုက်ကူးထားခြင်းဖြစ်သည်။

This Is It

Michael_Jackson's_This_Is_It_Posterဇွန်လ ၂၅ ရက်နေ့ က ကွယ်လွန်ခဲ့သည့် ပေါပ်အဆိုတော် မိုက်ကယ်ဂျက်ဆင် ၏ နောက်ဆုံးနေ့ များတွင် လန်ဒန် မြို့ တွင်ပြုလုပ်မည့် This Is It ဖျော်ဖြေပွဲ အတက် ဇာတ်တိုက်လေ့ကျင့်မှု များနှင့် သူ၏ နာမည် ကျော် ဖျော်ဖြေပွဲ တစ်ချို့ ကို ရိုက်ကူး မှတ်တမ်းတင်ထားသည့် ရုပ်ရှင်ဇာတ်
ကားဖြစ်သည် စတင်ပြသသည့် တစ်ရက် အတွင်းမှာ ပင် ဒေါ်လာ ၂၁ သန်းကျော် ၀င်ငွေ ရရှိခဲ့ပြီးအော်စကာဆုဝင် နိုင်သည်  ဟု ရုပ်ရှင်ဝေဖန်ရေးဆရာများက သုံးသပ်ကြသည်။

မေလ ၁၃ ရက် နေ့ မှ ၂၄ ရက် နေ့ ထိ ကျင်းပမည့် ၆၂ ကြိမ်မြောက် ပြင်သစ် နိုင်ငံ ကန်း(စ) ရုပ်ရှင် ပွဲတော်တွင်  Thirst အမည် ရှိ ကိုရီးယား ရုပ်ရှင် ဇာတ်ကား လည်းပါဝင် ယှဉ်ပြိုင်ပြသခွင့် ရရှိခဲ့သည်။ ထိုဇာတ်ကား ကို ရိုက်ကူးသူ မှာ နာမည် ကျော် ကိုရီးယား ဒါရိုက်တာပတ် ချန် ၀ုခ် ဖြစ်သည်။ ပတ်ချန် ၀ုခ် သည် ၂၀၀၅ ခုနှစ် က ကိန်း(စ်)ရုပ်ရှင် ပွဲတော် တွင်Old Boy ဇာတ်ကားဖြင့် အကောင်း ဆုံး ဒါရိုက်တာ ဆုရရှိ ခဲ့သည်။

ယခု ဇာတ်ကား မှာ သဲထိတ်ရင် ဖို ဇာတ်ကား အမျိုးအစားဖြစ်သော် လည်း စိတ္တဗေဒ နှင့်
ဆေး ပညာ အပေါ် အခြေခံ ထားသည်။ဆောင် ကန်ဟို ၊ကင်အုပ် ဘင် နှင့် ရှင်ဟာ ကျွန်းတို့ သရုပ်ဆောင် ထားသည်။

2 Inglorious Basterds
Reservoir Dogs , Kill Bill , Sin City ,Grind House (Death Proof) ,ဇာတ်ကားများ
၏ ဒါရိုက်တာ ဖြစ်သည့် ကွာတင် တာရန် တီ နို၏ ဇာတ်ကားသစ် ဖြစ်သည်။ The Curious
Case of Benjamin Button ဇာတ်ကား ဖြင့် လတ်တလော လူ ကြိုက် များ နေသည့်  ဘရက် ပစ် က ပြင်သစ် ရောက် အမေရိကန် – ဂျူး စစ်ဗိုလ် အဖြစ် သရုပ်ဆောင် ထားသည်။

ပြင်သစ်ပြည် ကို နာဇီ ဂျာမဏီ တို့ သိမ်းစဉ် က မိဘ များအသတ် ခံခဲ့ ရသည့်  ရုပ်ရှင် ရုံ ပိုင်ရှင်
မလေး ရှောဆနာ ဒရေးဖတ်(စ) ၏ ကလဲ့စားကို ရိုက်ကူးတင် ဆက် ပြထား ခြင်း ဖြစ်သည်။
ဒိန်း ခရော် ဂျာ၊ မက်ဂီ ချန်း ၊ ပြင်သစ် မင်းသမီး မယ် လင်း လောရင့် နှင့် မိုက် မေယာတို့ ပါဝင်သရုပ်ဆောင် ထားသည်။ယခုနှစ် ကန်း(စ) ရုပ် ရှင်ပွဲ တော် တွင် တင်ဆက် ပြသမည့် ဇာတ်
ကားများဉ် အထူးခြားဆုံး ဖြစ်သည်။ ယခင် ကြည့်ခဲ့ ဖူးသည့် စစ်ကားများကဲ့ သို့ မဟုတ်ပဲ
ဇာတ် ကောင် ကာရိုက်တာ နှင့် တင်ဆက်ပုံပါ ထူးခြားမှု ရှိသည်။


မင်းသမီးချော ဒရူးဘယ်ရီမိုး ဒါရိုက်တာ အဖြစ်ရိုက်ကူးထားသည့် လူငယ်ကြိုက် ဟာသ
ဇာတ်မြူးကား ဖြစ်သည် ။ Whip It ရုပ်ရှင် ဇာတ်ကားတွင် အယ်လင် ပေ့ခ်ျ နှင့် မာဆီယာ
ဂေဟာဒင် တို့ ပါဝင်သရုပ်ဆောင်ထားသည်။ ဒရူးဘယ်ရီ မိုးကိုယ်တိုင်လည်း သရုပ်ဆောင်
ထားသည်။ အမျိုးသမီး ရိုလာ စကိတ်စီး အားကစားနည်းကို အခြေခံက ရိုက်ကူးထားခြင်း
ဖြစ်သည်။

THIS WEEK ယခု တစ်ပတ် Box Office နံပါတ် ၁ ချိတ် နေသည့် ဇာတ်ကား ဖြစ်သည့်Night at Museum:Battle of  Smithsonian ဇာတ်ကားတွင် ဘင်စတယ်လာ
ရော်ဘင် ၀ီလျှံ နှင့် အေမီ အက်ဒမ် တို့ ပါဝင် သရုပ်ဆောင် ထားသည်။ဟာသဇာတ်ကား
အမျိုးအစားဖြစ်သည်။

X-Men Origin ဇာတ်ကားတွင် ဟူးရ်ဂျက်မန်းပါဝင်သရုပ်ဆောင်ထားသည်။

Obsessed ဇာတ်ကားတွင် R & B အဆိုတော် ဘီယွန့် (စ)နိုလ် ပါဝင် သရုပ်ဆောင်ထားသည်။
အိမ်ထောင် သည် ဖခင် တစ်ဦးဖြစ်သည့် ဒရက် အလုပ် ကြိုးစား သဖြင့် ရာထူးတက်သွားသည့်
အခါ သူ၏ အလုပ်ထဲမှ မိန်းမကြာကူ လီ လီဆာ က ဒရက် ကို သူနှင့် မှောက်မှားရန် မြူဆွယ်သည့် ဇာတ်ကားဖြစ်သည်။

ပထမ တွင် လီဆာ ၏ ဆွဲဆောင် မှုများကို ဒရက် တော်လှန် နိုင် သောလည်း နောက်ပိုင်းတွင်
မတော်လှန် တော့ ချေ ။ အမေရိကန် လူမှု ဘ၀နောက်ခံ ကားချပ်မှ ဖေါက်ပြန် ပျက်စီးမှု ပုံရိပ်များ
ကို သဲထိတ် ရင်ဖို ဖွယ် ဖြစ်ဖွယ်ရာ တင်ဆက် ထားသည်။

Idris Alba ,Ali Later တို့ သရုပ်ဆောင် ထားပြီး ဒါရိုက်တာ Steve Shill ဖြစ်သည်။နွေရာသီ
အတွက် ကြည့် ပျော်သော ဇာတ်ကားဖြစ်သည်။ရုံတင် ပြသခြင်း မရှိခင်ကတည်း ကနာမည် ကြီး
ဖြစ်နေ သည့် The Soloist ဇာတ်ကားက မူ လူကြိုက် များမှုနည်းသည်။ထိုဇာတ်ကားမှာ ကော်လံစား ဂျာနယ်လစ် တစ်ယောက် နှင့် အယ်(လ)အေ မှ အိမ်ခြေမဲ စန္ဒယား ဆရာ တို့ နှစ်ဦး
၏ မိတ်ဆွေ ဘ၀ ကို ရိုက်ကူးထားခြင်းဖြစ်သည်။



ယခုတစ် ပတ် box office တွင်ထိပ်ဆုံးရောက်နေ သည့်ဇတ်ကားမှာမြန်မာပရိသတ်တို့ နှစ်ခြိုက်သည့် Fast and Forious  ဆိုသည့်မော်တော်ကားမောင်း
နှင်နိုင် မှုစွမ်းရည် ကိုအသုံးချပြီး ဂိုဏ်းဂဏဖွဲ့ ရာဇ၀တ်မှု ကျူးလွန်သည့် ဇာတ်ကားဖြစ်သည်။ကတုံးမင်းသား ဗင်ဒီဇယ်၊မီရှယ်ရောဒီကွေဇ် နှင့်ပေါ်လ်ဝေါ်လ်ကာတို့ သရုပ်ဆောင်ထားပြီး ဒါရိုက်တာဂျပ်စတင်လင်းဖြစ်သည်။The fast and The furious :Tokyo
Drift ဇာတ်ကားကို လည်း ဒါရိုက်တာ ဂျပ်စတင်လင်းပင်ရိုက်ကူးထား ခြင်းဖြစ်သည်။

၂၀၀၁ ခုနှစ်က လူကြိုက်များခဲ့သော The Fast and Furious ဇာတ်ကားကို ၂၀၀၃ ခုနှစ်တွင်
2 Fast 2 furious နာမည်ဖြင့်ထပ်မံရိုက်ကူးခဲ့သည်။၂၀၀၆ ခုနှစ်တွင် The Fast and The Furious :Tokyo Drift နာမည်ဖြင့်တိုကျိုမြို့ ကိုနောက်ခံထားပြီးရိုက်ကူးခဲ့သည်။Tokyo Drift
ဇာတ်ကားထဲ မှ ဇာတ်ဝင်တေးများမှာလူကြိုက်များသည်။၂၀၀၉ ခုနှစ်တွင် Fast and Furious အမည်ရှိ ဇာတ်ကားကို ဒိုမီနီကန် ရီပတ်ဘလစ် စသည့် လက်တင်အမေရိက နိုင်ငံများတွင်နောက်ခံထားပြီးရိုက်ကူးခဲ့သည်။အမေရိကန်တွင် ရုပ်ရုင်ရုံပေါင်း ၃၄၀၀ ကျော်ဉ်
တင်ဆက်ပြသပြရာ လူကြိုက်အများဆုံးဖြစ်နေသည်။

Race to Witch Mountain

နပန်းမင်းသား ဒွိုင်းဂျွန်ဆင် နှင့် ကာလာဂူဂီနို တို့နှစ်ဦးကို ပရီးမီယာဒရှိုးတွင်တွေ့ ရစဉ်

နပန်းမင်းသား ဒွိုင်းဂျွန်ဆင် နှင့် ကာလာဂူဂီနို တို့နှစ်ဦးကို ပရီးမီယာဒရှိုးတွင်တွေ့ ရစဉ်

မတ်လ ၆ရက်နေ့ ကစပြီးရုံတင်ပြသနေသည့်Watchmen ဇာတ်ကားဖြင့်လူကြိုက်များနေသော မင်းသမီးကာလာဂူဂီနိုကို ယခုတစ်ပတ် Box office တွင် နံပါတ် (၁)ချိတ် သည့် Race to Witch Mountain ဇာတ်ကားတွင် လည်း နပန်းမင်းသား ဒွိုင်းဂျွန်ဆင်(Game Plan,Scorpion King) နှင့် အတူ ပါဝင် သရုပ်ဆောင်ထားပြန် သည်။
ဒါရိုက်တာ အန်ဒီဖင့်မန်းရိုက်ကူးသောဇာတ်ကားဖြစ်ပြီး သဘာသလွန် စွမ်းအင်များရနေသည့်
လူငယ် နှစ်ယောက်နှင့် တက္ကစီ ဒရိုင်ဘာတစ်ဦး တို့၏ ဇာတ်လမ်းကို အက်ရှင် သည်းထိတ်ရင် ဖိုနှင့် ဟာသ နှောပြီး ရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်။
Watchmen ဇာတ်ကားက Box office ၏ဒုတိယ နေရာသို့ ရောက်သွားပြီဖြစ်သည်။

၂၀၀ရခုနှစ်က ၃၀၀ ဇာတ်ကားကိုရိုက်ကူးခဲ့သောဒါရိုက်တာ ဇက် စနိုက်ဒါ၏ဇာတ်ကားသစ်
ဖြစ်သည်။Watchmen ဇာတ်ကားတွင်မာလင်အက်ကာမန်း၊ဘီလီခရပ်အပ်
၊မက်သယူးဂိုဒီ၊ဂျက်ကီအားဟာလေနှင့်ကာလာဂူဂီနိုတို့ ခေါင်းဆောင်ပါဝင်ထားကြသည်။
လူစွမ်းကောင်းများကအဖျက်အမှောင့်များကိုနှိမ်နှင်းပြီးကမ္ဘာကိုကယ်တင်သည့် ဇာတ်ကားအမျိုးအစားဖြစ်ပြီး ၁၉၈၆ ခုနှစ်က နာမည်ကျော်ခဲ့သည့် ရုပ်ပြကာတွန်းဆရာ ဒေဗ် ဂစ်ဘွန်၏ ရုပ်ပြဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ပြန်လည်ဖန်တီးထားခြင်းဖြစ်သည်။


This video is Sundance Film Festival award winner documentary.

Beyond the Multiplex

The best of Sundance ’09

Beyond The Multiplex

Courtesy Sundance Film Festival

About these ads
5 Comments Post a comment
  1. i love watching movies specially when you have Vinn Diesel on it. Race To Witch Mountain is a classic alien movie –;

    December 3, 2010
  2. kyawkhineoo #

    ကောင်းတဲ့အစီအစဉ်ပါ

    September 23, 2010
  3. I am very interesting.

    March 28, 2010
  4. dfdfdf

    June 5, 2009

Trackbacks & Pingbacks

  1. ၆၂ ကြိမ်မြောက် ကန်း(စ) ရုပ်ရှင်ပွဲတော် ဇာတ်ကားများ «

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 1,648 other followers

%d bloggers like this: