Skip to content

သင်္ကြန် အတွက် ဖိနှိပ်ရေး ယန္တရားသစ် တစ်ခုအနေဖြင့် သင်္ကြန်တရားရုံးကို ဖွင့်မည်


padauk041-300x216သင်္ကြန်ကာ လ အတွင်း ရန်ကုန်မြို့ ရှိ မြို့ နယ်တိုင်းဉ် မနက် ၉ နာရီမှ ညနေ ၄ နာရီထိ တရားရုံးများဖွင့် လှစ်ထားရှိ မည်ဟုသတင်းရရှိသည်။

စစ်အစိုး ရပိုင်သတင်းစာများတွင် ထိုတရားရုံးသို့ သင်္ကြန် ကာလ အတွင်းပေါ်ပေါက်သောအမှုအခင်းများ
အတွက်လာ ရောက်တိုင်ကြား နိုင်သည် ဟု ဖေါ်ပြထားသည်။
ထိုသတင်းနှင့် ပတ်သက်၍ Freedom News Group မှ ဥပဒေ ပညာရှင် တစ်ယောက်လည်းဖြစ်သည့် စာရေးဆရာတစ်ဦးကို ဆက်သွယ်မေးမြန်းကြည့် ရာ “ဘယ်သူမှ အချိန်ကုန်ခံပြီးလာတိုင်မှာမဟုတ်ဘူး မြန်မာလူမျိုးတွေ က တရားရုံးတွေ ရဲစခန်းတွေ နဲ့ သိပ်မပတ် သက်ချင် ဘူးလေ အကြောင်းကတော့ အချိန်ကုန် တယ်
ပိုက်ဆံကုန်တယ် ။သူတို့ တရားရုံး ဖွင့်ရတဲ့ အဓိက ရည်ရွယ်ချက်က တော့ နှစ်ခုရှိမယ် လေ ကျွန်တော် ထင်တဲ့ တစ်ခု ကတော့ သင်္ကြန်ကိုတင်းတင်း ကျပ်ကျပ် ချုပ်ကိုင်ထားချင်တယ် ၊တစ်ခုခုဖြစ်လာ ရင် ချက်ချင်း စီရင်ချက် ချပြီးထောင် ထဲ ပို့ နိုင်အောင်လို့ ပဲ”ဟု
သုံးသပ်ပြောဆိုခဲ့သည်။

သင်္ကြန်ကာ လတွင် ရဲ နှင့် တာဝန်ရှိသူ များက ပြသနာ ဖြစ်သည် နှင့် စစ်ဆေးမေးမြန်းမှုမပြုပဲ ဖမ်းဆီးကြပြီး ထိုပြဿနာ များထဲတွင် အာဏာပိုင်တို့ ၏ သားသမီးများပါက စစ်ဆေးဖမ်းဆီး အရေးယူ မှုမရှိ ဘဲ ပြန် လွှတ်ပေးရသည်။

Freedom News Group မှ ရန်ကုန် နှင့် မန္တလေးရှိ သင်္ကြန် အပြင် နိုင်ငံတကာတွင် မြန်မာလူမျိုးတို့ ဆင်ယင်ကျင်းပနေ သော သင်္ကြန်ပုံ ရိပ် များ နှင့် သတင်းတို့ ကို အချိန် နှင့် တပြေးညီ တင်ဆက် ပေးသွား မည် ဖြစ်သည်။ စောင့်မျှော် ဖတ်ရှုကြပါ။

About these ads
Follow

Get every new post delivered to your Inbox.

Join 593 other followers

%d bloggers like this: