Skip to content

သရုပ်ဆောင် မင်းအုပ်စိုး ၏ အမျိုးသမီး အယ်ဒီတာ ခေါ်စာ ကြောင့် စာနယ်ဇင်းသမား များ ဒေါသ အိုးပေါက်ကွဲ

မင်းအုပ်စိုး ဦးစီးထုတ်ဝေသည့် သရပါ မဂ္ဂဇင်း ဓာတ်ပုံ- News Eleven အင်တာနက် စာမျက်နှာ

ရုပ်ရှင် သရုပ်ဆောင် မင်းအုပ်စိုး ဖြစ်သူ ၏ သရပါ ရသ စာပေ  မဂ္ဂဇင်း မှ အမျိုး သမီး အလုပ်ခေါ် စာ ကြော်ငြာ
ကြောင့် စာနယ်ဇင်း သမား အများစု ဒေါသထွက် နေ ကြကြောင်း သတင်း ရရှိသည်။ သရုပ်ဆောင် မင်းအုပ်စိုး
၏ သရပါ  ရသ စာပေ  မဂ္ဂဇင်း ၏ အလုပ် ကြော်ငြာ တွင် ပါရှိ သည့် ကြော်ငြာ ရေးသား ချက်များ မှာ

သရပါရသစာပေ မဂ္ဂဇင်း၏ အမျိုးသမီး အယ်ဒီတာခေါ်ယူခြင်း အလုပ်ခေါ်ကြော်ငြာက လက်ရှိအလုပ်
လုပ်ကိုင်နေသော အမျိုးသမီး အယ်ဒီတာများအပြင် အယ်ဒီတာများအားလုံး၏ စာရိတ္တနှင့်ကျင့်ဝတ်
သိက္ခာကို ကျဆင်းထိပါးစေသည့် သဘော သက်ရောက်ခဲ့ကြောင်း စာပေလောကအတွင်းရှိ
အယ်ဒီတာများ အပါအ၀င် ဂျာနယ်လစ်များကပါ သုံးသပ်ပြောဆိုခဲ့ကြပါသည် ဟု News – Eleven
အင်တာ နက် စာမျက် နှာ တွင် ဖော်ပြထားသည်။

သရပါ မဂဇင်း ၏ အမျိုးသမီး အယ်ဒီတာ ခေါ်စာ တွင်လျှောက်ထားလိုသူများ အနေဖြင့် ” (၁)ရုပ်ရည်ပြေပြစ်ရမည်၊ (၂)မြန်မာစကားကို ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုတတ်ရမည် (၃)အိမ် ထောင်မရှိသူဖြစ်ရမည် (၄)မည်သည့် ဂျာနယ်၊မဂ္ဂဇင်းတိုက်တွင်မှ အလုပ်လုပ်ဖူးသူ မဖြစ်စေရ၊ (၅) ၁၀တန်း အောင်ရန်မလို၊ (၆) အသက် ၂၀ နှစ်မှ ၂၈ နှစ်အတွင်း ဖြစ်ရမည်” စသည့် အချက်များသာပါဝင်ခဲ့ပြီး  လျှောက်ထားလိုသူများ အနေဖြင့် သရ၀ဏ်ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးသို့ လူကိုယ်တိုင်လာ ရောက်လျှောက်ထားရမည်ဟု ဖော်ပြပါရှိထားခဲ့သည်။

ထိုကြော်ငြာသည် ဇွန် လ ၂၈ ရက်နေ့ ထုတ် အချစ်ဂျာနယ် တွင် ပါရှိ ခဲ့ခြင်း ဖြစ်သည်။ရန်ကုန် အခြေစိုက်
ဂီတ၊ရုပ်ရှင် သတင်းဆောင်းပါရှင် တစ်ဦးက ‘အလုပ် ခေါ်စာ က စာပေ နယ်ကို စော်ကား နေ သလို တင်မက
ဘူး အား လုံး ရဲ့ ကိုယ်ကျင့် တရား ပါ စော်ကား နေသလို ပဲ ဟု ပြော သည်။

မြန်မာ စာ နယ်ဇင်း နယ်ပယ်တွင် စာပေချစ်စိတ် ကြောင့် မဟုတ်ပဲ ၀င်ရောက် လာသူများ မှာ စာရေးဆရာ
များ ၊စာနယ်ဇင်း သမား များ ကို အထင်သေးစိတ် ရှိသည်။ ၀န်ကြီးဟောင်း တစ်ဦး ၏ သား လုပ်ကိုင်သည့်
ဂျာနယ်တိုက် တစ်ခုမှာ မူ သတင်းထောက်များ၊အယ်ဒီတာ များ ကို အရေးမပေး ပဲ ကြော်ငြာ ဌာန (မားကတ်တင်း)
နှင့် သူကုမ္ပဏီ မှ တစ်ခြား ၀န်ထမ်း များ ကို သာ အရေး ပေး သောကြောင့် အစုလိုက် အပြုံ လိုက် နှုတ်ထွက်မှုများရှိ
ခဲ့ဖူးသည်။

ထင်ရှားသော ပန်းချီ ဆရာ တစ်ဦး ဦးစီး ထုတ်ဝေသည့် မဂ္ဂဇင်း တစ်စောင် တွင်မူ စာပင် ကောင်းကောင်း မရေးတတ်သည့်
ကြော်ငြာရှာ  အမျိုးသမီး တစ်ဦး အား အယ်ဒီတာ အဖြစ်ခန့် ထားကာ ၀ါရင့် အယ်ဒီတာ အား အလုပ်ဖြုတ်ခဲ့ သော
သာဓက ရှိခဲ့ဖူးသည်။ထို မဂ္ဇင်း အား ထုတ်ဝေသူ က အယ်ဒီတာ ဆိုသည် မှာ ဆိုက်ကား သမား ပင် လုပ်၍ ရသည်
ဆိုသည့် အပြောမှာ လည်း နာမည် ကျော်စကား တစ်ခွန်း ဖြစ်ခဲ့ရသည်။

၂၀၀၀ ပြည့် နှစ်နောက် ပိုင်း ဂျာနယ် စာစောင် မဂ္ဇင်းများ ထုတ်ဝေခွင့် ရလာ ချိန် တွင် စာပေနယ်ထဲသို့ 
အကြောင်း အမျိုး ဖြင့် ၀င်ရောက် ခဲ့သူများ ကြောင့် စာပေ နယ်ပယ် တွင်ရပ်တည် နေသူ အချို့ ပင်
နာမည် ပျက်ခဲ့ရသည်  ဟု သိရသည်။

ငွေကြေးတတ် နိုင်သူများ က စာရေး ဆရာများ နှင့် သတင်းထောက်များ၏ ငွေကြေးချို့ တဲ့မှု ကို အခွင့် ကောင်း
ယူက မောက်မာ ရိုင်းပျစွာ နှိမ်ချဆက်ဆံတတ်သည်။

သရုပ်ဆောင် မင်းအုပ်စိုး သည် မှော်ဘီ တွင် ရုပ်ရှင် ဗီဒီယို ရိုက် ကူးသူများ အတွက် စတူဒီယို ခေါ် ရိုက်ကူးရေး
ခြံ တစ်ခု ဆောက် လုပ်ထား သူဖြစ်ပြီး စီးပွားရေး သမား အချို့ နှင့် နီးစပ်ကာ ငွေမည်းမှ ငွေဖြူ အဖြစ် ခ၀ါချသူ
တစ်ဦး အဖြစ် လည်း ရုပ်ရှင် နယ်ပယ် တွင် နာမည်ကျော်ကြား သူ တစ်ဦး ဖြစ်သည်။

ဂျက်လန်ဒန် ၏ နာမည် ကျော် ၀တ္ထု White Fang ကို အီသန် ဟောခ် က သရုပ်ဆောင်ပြီး ရုပ်ရှင်အဖြစ် ရိုက်
ကူးထားခြင်း ဖြစ်သည်။

21 Comments
  1. soe nge #

    အပိုတွေကိုဟိတ်နဲ့ဟန်နဲ့လုပ်မနေစမ်ူပါနဲ့ကွာနာဗူးဟာနာဗူးပါဘဲ

    March 17, 2011
  2. lay phyu #

    အုပ်စိုး ဆိုမှတော့ အိုးစုတ် ဆိုတာသိထားသင့်ပါတယ်။

    January 1, 2011
  3. Ei #

    မင်းအုပ်စိုးရေ၊ စာပေမြင့်မှ လူမျိုးတင့်တယ်။ စာပေရှိမှ လူမျိုးရှိတယ်။ စာပေရှိမှ တိုင်းပြည်ရှိတယ်။ စာပေကို ဒီလောက်အဆင့် ချရင် စာပေကို ဒီလောက်မှတန်ဖိုးထားရကောင်းမှန်းမသိရင် စာပေနယ်ကနေ ဝေးဝေးရှောင်ပါ။ စာပေကို အဆင့်ချတာဟာ တိုင်းပြည်ကိုရောင်းစားခြင်းတစ်မျိုးပါ။ တိုင်းပြည်ကိုရောင်းစားတဲ့လူဟာ ဘိုးစဉ်ဘောင်ဆက်ခွေးကမွေးလာခဲ့လို့ပါ။

    December 16, 2010
  4. seinsein #

    သရုပ်ဆောင်တွေ သူငယ်ချင်းတွေ မေ.ထားပြီး အပြုသဘော ဝေဖန်ပေးပါ မင်းအုပ်စိုးရေ know thyself

    November 16, 2010
  5. Aung #

    သူ ကြိုက်တာလုပ်ခွင့် မရှိဘူးလား
ဲပြောနေတော ဒီမိုကရေစီ ဆို

    October 15, 2010
    • မယ်ပု #

      ဒီမိုကရေစီဆိုတာ ကိုယ်ကြိုက်တာကိုယ်လုပ် မုန့်ဖတ်ထုပ်လိုဟာကြီးလား။ လွတ်လပ်ရေးရပြီဆိုပြီး လမ်းပိတ်ပြီးကစားထက်တောင်ဆိုးနေပါရော့လား။

      November 23, 2010
  6. ko ko #

    မင်းအုပ်စိုးကမော်ဒယ်ရွေးဖို.ရေးတဲ့ကြော်ငြာနဲ.မှားသွားလားမှမသိတာ၊ မင်းလိုချင်တာ အဲဒီစံဆိုရင်၊ မင်းရမှာလဲဒီစံပဲ ၊မင်းလုပ်ပုံသာဆို၊နောက်ဆို မြန်မာပြည်မှာအဲဒီတာလုပ်ဖို.ကျောင်းနေပြီးစာမတတ်မလဲ ရတယ်ဖြစ်ကုန်ပါဦးမယ်၊မင်းဟာမင်း
    မော်ဒယ်ရွေးရွေးဘာရွေး၊တို.နဲ.ဆိုင်ဘူး..

    September 13, 2010
  7. အိုင်းမွနင်္ #

    10 တန်းတောင် မအောင် တာ ဘယ် လို လုပ် ပြီး အယ်ဒီတာ လုပ် မ လဲ .ဟိုခေတ် က တော့ ကိုယ် ပိုင် ကြိုးစားအားထုတ် မှု ရှိသေးတယ် ဒီခေတ် တော့ မ ပြောတတ် ဘူး .ဒါပေမဲ့ အနည်းဆုံးတော့ 10 တန်းတော့ အောင် ထားသင့် တယ် .. 10တန်းအောင် စ၇ာ မလို တဲ့ စကားကတော့ သက် သက် အယ် ဒီတာ တွေကို နှိမ့် ချချင် တာဘဲ ဖြစ် ၇မယ် ..

    September 7, 2010
  8. အဝေးက #

    ရသစာပေဆိုတာ ဒါလားမသိဘူး

    August 31, 2010
  9. Master #

    During my visit in Burma 20 years ago, I met with him before he became successful in movie career.
    Now, I’m glad to know he is doing well! He’s a nice guy.

    Well, I don’t see anything wrong with his AD. He has a reason why the female candidate must possess a moral character. So what’s the problem ??

    The Master
    U.S.A.

    July 6, 2010
  10. mnz #

    သူကနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေကို မီးမောင်းထိုးပြတာများလား?

    July 2, 2010
  11. ဟိန်းဇော် #

    သြော်…။ သူ့ဟာသူ သူလိုချင်တဲ့အရည်အချင်းရှိတဲ့သူကိုလျှောက်လွှာခေါ်တာပဲဗျာ။
    ဘာတွေများမှားနေလို့လဲ။
    (၁၀)တန်းမအောင်ရင်အဲဒီအလုပ်မျိုး မလုပ်ရတော့ဘူးလား။
    “လက်ရှိအလုပ်လုပ်ကိုင်နေသော အမျိုးသမီး အယ်ဒီတာများအပြင် အယ်ဒီတာများအားလုံး၏ စာရိတ္တနှင့်ကျင့်ဝတ်
    သိက္ခာကို ကျဆင်းထိပါးစေသည့် သဘော သက်ရောက်ခဲ့ကြောင်း ” ဆိုတဲ့ဟာကို မရှင်းဘူးဖြစ်နေတယ်ဗျာ။
    စာရိတ္တနဲ့ပါတ်သက်ပြီး စကတ်တိုတိုဝတ်ဆင်ပြီးအလုပ်လုပ်နိုင်ရမည် တို့ ဘာတို့ ပါလာတယ်ဆိုရင်လည်းထားအုံး။
    ခုတော့ …..။

    July 2, 2010
  12. demigod #

    ….ရှိရင်းစွဲဦးဏှောက်နဲ့လူသာမန်တွေထက်..
    ရှူဒေါင့်ပေါင်းစုံကနေခံစားတွေးတောနိုင်ပြီး…ယထာဘူတကျကျမြင့်မားတဲ့စဉ်းစားတွေးခေါ်မှု..ဝေါဟာရနိုင်နင်းမှုတွေနဲ့အဆင့်အတန်းမြင့်တဲ့စာပေပညာရှင်မြန်မာပြည်မှာဘယ်နှစ်ယောက်ရှိပါသလဲ…..ဒီ comment ကိုဖတ်မိလို့ဝေဖန်ချင်ရင်တော့သေချာစဉ်းစားပြီးမှဝေဖန်စေချင်ပါတယ်…

    July 2, 2010
    • ရွှေဘိုမင်း #

      ကျုပ်တစ်ခုတော့မြင်တယ်။ဘာလဲဆိုတောဒီနေ့ခေတ်မြန်မာပြည်ကအလွှာ(လောက)အထူးသဖြင့်ပြည်သူလူထုကိုပညာပေးနေပါ
      တယ်ဆိုတဲ့အနုပညာသည်တွေနဲ့သူတို့နဲ့အပြန်အလှန်ကျေးဇူးပြုနေကြတဲ့စာနယ်ဇင်းလောကသားတွေကြားထဲမှာUnity Power
      အလွန်ချို့တဲ့နေတယ်လို့အထင်းသားမြင်ရတယ်။သူများနိုင်ငံတွေမှာလဲပြဿနာရှိကြတာပါဘဲ။ဒါပေမယ့်ဒီလိုမျိုးကိုယ့်ဂွင်ထဲရောက်လာရင်ဖဲ့ထည့်လိုက်မယ်ဆိုတဲ့သူများကိုချွန်တွန်းလုပ်လိုက်ရမှစားဝင်အိပ်ပျော်မယ့်လူတွေတစ်ခြားနိုင်ငံမှာရှိမယ်မထင်ဘူး။ဒီကစာနယ်ဇင်းဆရာတွေကအဲဒီဘက်မှာသူများထက်သာတဲ့ကိုရွှေမြန်မာတွေလို့ပြောရလိမ့်မယ်။လွန်ခဲ့တဲ့၁၉၈၀လွန်နှစ်တွေက ကာတွန်းဆရာကြီးဦသော်ကရဲ့(ဇာတ်လမ်းအမည်မေ့နေ)ခွေးတွေချည်းပါဝင်ရေးဆွဲထားတဲ့အထဲကခွေးတွေလောက်မှUnity
      Powerမရှိကြတာအထင်းသာမြင်နေရတယ်။ပြောရင်လဲနာတတ်လိုက်တာခွေးစာနယ်ဇင်းအဖွဲ့ကခေါ်ပြီးတောင်းပန်ခိုင်းနေဦးမယ်
      မတောင်းပန်ရင်လဲရှုပ်ချကြောင်းစာတွေဘာတွေထုတ်နေဦးမယ်။ကိုယ့်မဂ္ဂဇင်းအယ်ဒီတာကိုယ်ကြိုက်သလိုခေါ်ခွင့်လေးမှမရှိဘူးလား။ဒါ့ကြောင့်ကျုပ်စဉ်းစားမိတယ်ဒီလိုစာနယ်ဇင်းလောကနဲ့ဒီလိုကင်ပေတိုင်စာပေစိစစ်ရေး၊ချို(ဂျို)ကျိုးနဲ့နားရွက်ပဲ့တန်ရာတန်ရာညားကြတာကောင်းတယ်။

      July 3, 2010
  13. အာကာ #

    (သရုပ်ဆောင် မင်းအုပ်စိုး သည် မှော်ဘီ တွင် ရုပ်ရှင် ဗီဒီယို ရိုက် ကူးသူများ အတွက် စတူဒီယို ခေါ် ရိုက်ကူးရေး
    ခြံ တစ်ခု ဆောက် လုပ်ထား သူဖြစ်ပြီး စီးပွားရေး သမား အချို့ နှင့် နီးစပ်ကာ ငွေမည်းမှ ငွေဖြူ အဖြစ် ခ၀ါချသူ
    တစ်ဦး အဖြစ် လည်း ရုပ်ရှင် နယ်ပယ် တွင် နာမည်ကျော်ကြား သူ တစ်ဦး ဖြစ်သည်။)

    ဟားဟား… ငါ့သူငယ်ချင်း အဲဒီလောက် အစွမ်းထက်နေတယ်ဆိုတာ ငါတောင်မသိဘူး။ သူတို့ပြောမှ သိတယ်။ နောက်ပြီး ကျော်(စင်ကာပူ)ကိုပြောချင်တယ်။ စင်ကာပူကဆိုပြီး သိအောင်ကြွားမနေနဲ့။ ကျုပ်အပါအ၀င် သူ့နဲ့တစ်တန်းတည်း အတူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေ ဒီစင်ကာပူမှာ အယောက် တစ်ရာကျော်ရှိတယ်။

    July 2, 2010
    • Rose #

      အာကာဆို တဲ့လူရေမင်းသူငယ်ချင်းကို အဲလောက်ကာဘာပေးနေ တာဆိုတော့ မင်းလည်းသူ့ရဲ့ အကျန်တွေစားနေရလို့ဖြစ်မယ်။သူ့ရဲ့ဂုဏ်သတင်းကတော့ အနုပညာလောကမှာဘယ်လောက် မွှေးတယ်မှတ်လဲ ဟောင်နေတာဘဲ။

      July 7, 2010
    • thinza #

      မင်းအုပ်စိုး သူငယ်ချင်းများကို ကျမပြောချင်တာကတော့
      ဒီနေ့မင်းအုပ်စိုးဟာ အရင်တုန်းကရှင်တို့နဲ့ကျောင်းနေတုန်းက မင်းအုပ်စိုးမဟုတ်တော့ဘူးဆိုတာကိုပြောချင်ပါတယ်။သွေးဆောင်ဖျားယောင်းမှုတွေနဲ့ အလုပ်သမတွေကို စညိးရုံးဖျက်စီးနေတဲ့
      အသားစားကျူးတဲ့ မင်းအုပ်စိုးဖြစ်နေပါပြီ။ တချိန်က ကျမကိုယ်တိုင် ကိုယ်တွေ့မို့ပြောတာပါ။ အလုပ်ထဲက ဘယ်တယောက်ကိုမှ အလွတ်မပေးတဲ့ ထိကပါးရိကပါး ထင်ထင်ပေါ်ပေါ် လုပ်တယ်။ ရတော့အမြတ်လဲလေ။အလုပ်ထဲမှာအရက်သောက်ခိုင်းတယ်။ အလုပ်နဲ့မပတ်သက် တာတွေခိုင်းတယ်။ ဇက်ကြောဆွဲခိုင်းတယ်။ ……………။
      သူ့ကြောင့်အလုပ်ထွက်သွားသူတွေရှိသလို သူ့ပြုသမျှနုရတဲ့သူတွေလဲမနဲတော့ဘူး။ သူ့ရဲ့အပြောကတော့ “နိုး”ဆိုတာကိုမလိုချင်ဘူးတဲ့။ အလုပ်ခန့်တယ်ဆိုတ်ာလူကိုကြည့်ပြီးရွှေးတာ။လူသစ်တွေကတော့ မသိသေးတော့ သနားစရာပေါ့။ အခက်အခဲမျိုးစုံကြောင့် အလုပ်လုပ်နေကြတဲ့ အလုပ်သမတွေဟာ ကျားလှောင်အိမ်ထဲမှာ အလုပ်လုပ်နေကြရတယ်ဆိုတာကို အပြင်ပန်းကနေ မမြင်ရဘူးဆိုတာကရှင်တို့ကိုပြောပါရစေ။ ဒါပေမယ့် အခုသူ့မှာ သမီးတယောက်ရှိနေပြီလေ။ သူဝဋ်လည်မှာပါ။ ဒီစာထဲကအကြောင်းတွေကို သူသိသွားရင်သူဆင်ခြင်နိုင်ပါစေဆိုတဲ့ ဆနနဲ့ဒီလောက်ပဲသတိပေးလိုက်ပရစေ။

      July 29, 2010
  14. ကိုလတ် #

    ကျွန်တော်တော့ သူ့ကြော်ငြာကို personally မကြိုက်ဘူး။ ဒါပေမယ့် ကန့်ကွက်စရာ၊ သူများကိုစော်ကားတယ်လို့ စွတ်စွဲစရာ ဘာမှ မတွေ့ဘူး။ ၁၀ တန်းအောင်ရန်မလို ဆိုတဲ့စကား ကို လည်း စော်ကားတယ်လို့ထင်ရင် ရှေးပညာရှိကြီးတွေ (အနီးဆုံး သခင်ကိုယ်တော်မှိုင်း) ကို စော်ကားရာရောက်တာမို့ မပြောရဲပါဘူး။ (ဆရာကြီးများကို စော်ကားရုံတင်မက နအဖရဲ့ ၁၀ တန်းပညာရေးကိုပါ အလေးအမြတ်ပြုရာရောက်ပါတယ်)။ မြန်မာပြည်က စာနယ်ဇင်းသမားဆိုသူတွေက ပြောရဲရင်တော့ ဆလံတိုက် ပါတယ်ခင်ဗျား။ ပြောရဲသူအားလုံးကို ကျွန်တော်ပြောနိုင်တာက “တာ့တာ”

    July 1, 2010
  15. တစ်ခုတော့ပြောပါရစေ…
    ကျွန်တော့ဟာ စာပေနယ်ကတော့မဟုတ်ပါဘူး… မင်းအုပ်စိုးဆိုတာ ဘာအကောင်းလဲ တော့မသိဘူး
    ကြော်ငြာတာကို ဖတ်ပြီးတော့ လူကို လူလို့မထင်တတ်တဲ့ ကိစ္စတွေကိုတော့ အပြင်းအထန်း ကန့်ကွက်ပါတယ်။
    ကျွန်တော် ပြောချင်တာက သူလိုချင်တာ အယ်ဒီတာလား မယားငယ်လားမှ မသိတာပါ။
    သူလိုချင်တဲ့ အတိုင်းအတာကို ကြော်ငြာပြီးတော့ ခေါ်စရာမလိုပါဘူး၊ ကေတီဗီ တို့ နိုက်ကလပ်တို့မှာ သာ သွားရှာရင် တွေ့မှာပါ။
    ဘာလို့ ဂျာနယ် တစ်ခုမှ ရာထူး ဂုဏ်ပုဒ် ကြီးတတ်ပြီးခေါ်သလဲ ဆိုတာ သူကိုယ်တိုင် ကို က ဘယ်အဆင့်ရှိတယ်ဆို တာ မသိလို့နေမှာပေါ့နော်…
    စာနယ်ဇင်း ၊ သတင်းသမားတွေကို အစဉ်လေးစားနေတဲ့
    ကျော်
    စင်ကာပူ

    July 1, 2010
    • လူတဖက်သားက ဘယ်လိုရည်ရွယ်ထားတယ်ဆိုတာကို မသိပဲေ-ာက်ရမ်းပြောနေကြပါလာ…
      သူသာ တကယ်လိုချင်ခဲ့ရင် ခင်ဗျာတို့တောင်သိမှာမဟုတ်ဘူး.. သူငွေကြေးနဲ့ သူရုပ်ရည်နဲ့ဆို ကြေငြာထည့်ပြီး ရှာစရာတောင်မလိုပါဘူး… အွန်လိုင်းပေါ်မှာပဲ လူတွေ့ပြီးပြောရတာမှမဟုတ်တာပဲဆိုပြီး ရိုင်းဆိုင်းနေကြတာတော့မကောင်းပါဘူး… စကားတစ်ခွန်ဆိုတာ အများကြီးစဉ်းစားပြီးမှပြောစေချင်ပါတယ်… အကယ်ဤ အဲဒီကြော်ငြာကို ဒါရိုက်တာကြီး ဦးသူရ (ဇာဂနာ) ကထည့်ခဲ့မယ်ဆိုရင် ခင်ဗျာဘယ်လိုပြောကြမလဲ….
      နောက်တချက်က အခေါ်အပြောလေးတွေပါပဲ… မြန်မာတွေသည် ယဉ်ကျေးမှုရှိတယ်ဆိုတာက ဘယ်လိုလဲ…

      July 2, 2011
  16. အာကာ #

    အမျိုးသမီးမကလို့ အခြောက်အယ်ဒီတာကိုပဲ ခေါ်ခေါ် ဒါဟာ ထူးခြားတဲ့ သတင်း မဟုတ်ပါဘူး။ လုပ်နိုင်ရင် အောင်မြင်မယ်၊ မလုပ်နိုင်ရင် မအောင်မြင်ဘူး။ ဒါသူ့ကိစ္စ။ သူနဲ့ကျွန်တော်က ကျောင်းနေဘက်တွေပါ။ သူအဲဒီလောက်ထိ စိတ်ဓါတ် မဆိုးပါဘူး။ သူ့ကိစ္စ သူ့ဟာသူထားရင် ဘယ်သူမှတောင် သိမှာမဟုတ်ပါဘူး။ ခင်ဗျားတို့ မိတ်ဆက်ပေးမှ အဲဒီ မဂ္ဂဇင်းကို လူတွေကို ကြေငြာပေးသလိုဖြစ်နေပြီ။ ဟိုကောင်ကပြောလိမ့်မယ်။ ကျေးဇူးတင်တယ်လို့။

    July 1, 2010

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers