Skip to content

အိန္ဒြာကျော်ဇင် လက်ထပ်မည့် သတင်း ပရိသတ် က စိတ်ဝင်စားနေ


သရုပ်ဆောင် ပြေတီဦး နှင့် အိန္ဒြာ ကျော်ဇင် တို့ နှစ် ဦး တွဲဖက် သရုပ်ဆောင် ထားသည့် ဗီဒီယို ဇာတ်ကား

ဆယ်စု နှစ် တစ်ခု ကျော်တိုင် မြန်မာ ပရိသတ် တို့ ၏ အသည်းစွဲ မင်းသမီး တစ်လက်ဖြစ်ခဲ့သည့်
အိန္ဒြာကျော်ဇင် နှင့် တက်သစ်စလူကြိုက်များ လာသည့် မင်းသား တစ် လက်ဖြစ်သည့် ပြေတီဦး တို့ 
လက်ထပ်တော့ မည် ဟူ သော သတင်း ထွက်ပေါ်လာမှု ကြောင့်ပရိသတ် က ထိုသတင်း ဟုတ်မှန်မှု
ရှိမရှိ ကို စိတ်ဝင်စားနေကြသည် ဟု ဆိုသည်။

အသက် ၃၂ နှစ် အရွယ်ရှိ မင်းသမီး သည် သူ့ ထက်တစ်နှစ် နီးပါးခန့် ငယ်သည့် မင်းသား တစ်ဦး နှင့် ချစ်သူ
ဖြစ်နေကြသည်ဟု လွန်ခဲ့သည့် နှစ်လ လောက်ကတည်းက ရုပ်ရှင် အသိုင်းအ၀ိုင်း တွင် တိုးတိုးတစ်မျိုး ၊ကျယ်ကျယ် တစ်မျိုးသတင်းထွက်ပေါ်ပြီး နောက် ယခု အချိန် တွင် ဂျာနယ်စာမျက်နှာများ ထက် ပထမဦးဆုံးပါရှိ
လာခြင်းဖြစ်သည်။

အိန္ဒြာကျော်ဇင် ၏ လက်တွဲဖော်ကြင်ရာဖက် မည်သူ ဖြစ်မည်
ကို ခန့် မှန်းသုံးသပ် ထားသောဂျာနယ်များမှာလည်း
ရောင်းကောင်း နေပြီး မင်းသမီး ကလည်း ထိုသတင်းများ အတွက် သူမအားမေးမြန်းမှု များ ကို ဆင်ဝှေ့ ရန် ရှောင် သာ ဖြေကြားခဲ့သည်။

အိန္ဒြာကျော်ဇင် လက်ထပ် မည့် သတင်း ထွက်ပေါ်လာပြီး နောက်
သူမ စာပေ သင်ကြားမှု ပြုခဲ့သည့် ရန်ကုန်မြို့ အထက (၁) ဒဂုံ မှ အထက်တန်းပြ ဆရာမ တစ်ဦးက “အခု က ပြေတီဦး နဲ့ လား
ပထမ  ကြားထားတာတစ်ယောက် လို့ ပြောတာပဲ ၊ဘာပဲ ဖြစ်ဖြစ် ဒီအရွယ်က တော့ အိမ်ထောင် သားမွေး ပြုသင့် တဲ့ အရွယ်ပဲ ဟု ပြောသည်။

အိန္ဒြာကျော်ဇင် ၏ ဘ၀လက်တွဲဖော်ဖြစ်မည်ဟုသတင်းထွက်
ပေါ်နေသည့် သရုပ်ဆောင် ပြေတီဦး သည် ၂၀၀၈ ခုနှစ် နောက်
ပိုင်းမှ စ၍ မြန်မာ ဗီဒီယို နယ်တွင်း တဟုန် ထိုး အောင်မြင် ခဲ့သည်။

ပြေတီဦး နှင့် ပတ်သက်၍ ၃၅ လမ်း အထက်ဘလောက်ရှိ ဗီဒီယို ထုတ်လုပ်သူ တစ်ဦးက ရိုက်ရက် ရဖို့ တောင်မလွယ် ဘူး ရက်ရဖို့ ဆိုရင် သူ့ ကို ပိုင်တဲ့ လူဆီ အရင်ကပ်ရတယ် ဟု ပြောသည်။

သရုပ်ဆောင် ပြေတီဦး နှင့် အိန္ဒြာ ကျော်ဇင် တို့ နှစ် ဦး တွဲဖက် သရုပ်ဆောင် ထားသည့် ဗီဒီယို ဇာတ်ကား
များမှာပရိသတ် က နှစ်သက်ကြသဖြင့် ပရိုဂျူဆာ နှင့် ဒါရိုက်တာ များ ကလည်း ထိုနှစ်ဦး အတွဲ အား ထုတ်
ဝေချင်ကြသည်။ ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးခဲ့သည့် ရင်ဘတ်ချင်း အငြိ ဗီဒီယို ဇာတ်ကားမှာလည်း သူတို့ နှစ်ဦးတွဲ ဇာတ်ကားများ ဉ် လူကြိုက် အများ ဆုံးဖြစ်သည်။

သူတို နှစ်ဦး ၏ ပရိသတ် များ ကလည်း မင်္ဂလာ ရက်မြတ် ကို စောင့် မျှော် နေကြသည် ဟု သိရသည်။
အိန္ဒြာကျော်ဇင် နှင့် နီးစပ် သူ တစ်ဦးက မကြာခင် မင်္ဂလာ ဆောင် မယ် ဟု Freedom News Group
သို့ ပြောသည်။

အိန္ဒြာ ကျော်ဇင် နှင့် ပြေတီဦး လက်ထပ်မည် ဆိုသည့်  သတင်းမှာ လွန် ခဲ့သည့် ခြောက်လ ကျော်ပြေတီဦး
မွေး နေ့ က တစ်ခါ ထွက်ပေါ်ခဲ့ဖူး  သော်လည်း ယခု လောက် ကျယ်ကျယ်ပြန့် ပြန့် မဖြစ်ခဲ့ ချေ ။

အိန္ဒြာ ကျော်ဇင် သည် ရေကူး ၀ါသနာ ပါပြီး ပြေတီးဦး က မူ ဘိလိယက် ထိုး ၀ါသနာ ပါသည် ဟု သိရသည်။

About these ads
33 Comments
  1. Phyu #

    awwww..that’s so nice!!! my favorite actress is getting married!

    December 21, 2010
  2. အရမ်းရမ်းကိုဝမ်းသာပါတယ်၊ နှစ်ယောက်စလုံးကို သဘောကျတယ်၊ အရမ်းလမ်းလိုက်ဖက်ပါတယ်၊ သူများတွေဘာတွေပဲပြောနေပါစေ၊ ဘာပဲဖြစ်ဖြစ် နှစ်ယောက်သဘောတူကြည်ဖြူရင်ပြီးတာပဲလေဟုတ်တယ်မဟုတ်လား၊ စိတ်ဓာတ်မကျနဲ့နော်။ အိုအောင်မင်းအောင်ပေါင်းကျရပါစေ။

    December 21, 2010
  3. jannifer #

    မနာလိုကြဘူးထင်တယ်နော်
    သူတို့ချစ်လို့ သူတို့ယူကြတာ ဘယ်သူကိုထိပါးနေလို့လဲ မသိဘူး

    December 20, 2010
  4. bikurisusi #

    Congratulation to PYAE TEE OO and EINDRA KYAW ZIN.

    December 11, 2010
  5. ဘုရားသခင်ဟာ ကမ္ဘာလူသားကို ဖန်ဆင်းခဲ့တာဟာ
    သူ့ကိုယုံကြည်ဖို့ ပဲလေး
    လူသားအရောကဆီတိုင်းမှာ လည်း ကိုယ်ပိုင် ရွေးချယ်ခွင့်ပေးထားပါတယ်..
    ကျွန်တော်ဆက်သွယ်ချင်တဲ့ ညီအစ်ကို မောင်နှမများကို လာလည်လို့ရပါတယ်
    leehaung7@gmail.com
    http://piyoleehaung.blogspot.com
    လေးပါ….အားလုံးအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ..

    December 11, 2010
  6. စဉ်စီ စရာရှိတာကို အမြန်ဆုံးပြင်ဆင်ပေတော့ မင်းသားနဲ့ မင်းသမီးရာ
    ကျွန်တော်တို့ ပရိတ်သတ်များစောင့်မျှော်နေပါတယ်နော်..
    နှစ်ဦးစလုံးအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ..

    December 11, 2010
  7. ကိုပြေတီဦးနဲ့မအူဝဲတို့နှစ်ယောက်အ၇မ်းကိုလိုက်ဖက်ပါတယ်။။။
    အားပေးနေတဲ့ပ၇ိတ်သတ်တစ်ယောက်ပါ။။
    နှစ်ယောက်လုံးတစ်နှစ်ထဲမှာအကယ်ဒမီဆုကိုအတူတူ၇ပါစေနော။။။

    December 7, 2010
  8. လိုက်ဖက်ပါတယ်..

    November 24, 2010
  9. kae kaeh #

    ကိုပြေတီဦးရေ မအူဝဲနဲ့ယူလို့ကတော့ ကိုပြေတီဦးကမတွေးဝံ့စရာပဲ…. ကိုပြေတီဦးရယ်

    October 31, 2010
  10. haymarn #

    သိပ်ကိုသဘောတူပါသည်
    နှစ်ယောက်လုံးကံကောင်းပါသည်။
    ပြေတီဦးကအူဝဲကိုရတာကံကောင်းပါတယ်
    ဖြစ်နိုင်ရင်တို့ရွှေမင်းသမီးလေးကိုမယူစေချင်သေးဘူး
    သူ့ကိုချစ်လို့

    October 11, 2010
  11. ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်… ဘဝ ဆိုတာ တယောက်ထဲ ဖြတ်သန်းဖို့ မလွယ်ဘူးလေ
    အနှောင်အဖွဲ့လို့ လူ တချို့က ပြောကြပေမယ့် အဲ့ဒီ အနှောင်အဖွဲ့တွေက ဘယ်သူတွေ ရုန်းထွက်နိုင်ကြလို့လဲ…
    ဘယ်သူတွေ ဘာပဲ လုပ် လုပ် မဝေဖန်ပါဘူး…. ဘာဖြစ်လို့လဲ ဆိုတော့ လူ တိုင်းဟာ ကိုယ် ယုံကြည်တဲ့ လမ်းပေါ် ကိုယ် လျှေက်နေကြတာပါ….
    မိုးစက်နိုင်
    ခေတ္တ malaysia

    September 21, 2010
  12. စုစု #

    အော်တော်တော်လေး အကုသိုလ်ပွားကြပါလား………..။ သူတို့ဘာသာ သူတို့ချစ်လို့ ယူကြတာကို မကောင်းမြင်ဝါဒနဲ့ လိုက်ဖျက်ဆီးနေကြတယ်…………။ နင်တို့ရော အကုန်လုံး အပြစ်ကင်းကြလို့လား………..။ အားလုံးက သေရင် ပုပ်သွားမယ့်သူတွေချည်းပဲ………….။ ကံအကြောင်းတရားဆိုတာရှိတယ်………..။ နင်တို့အဲဒီလိုတွေရေးပြီး မန့်ပေးထားတာတွေ ငါဖတ်ရတော့ ကွန်ပျူတာသမားတွေရဲ့ စိတ်ဓာတ်တွေ ဟိုးအောက်ဆုံးရောက်ကုန်ပြီလားလို့ စိတ်ကုန်မိတယ်။ ကိုယ့်ကိုယ်လဲ ပြန်ကြည့်ကြပါအုံးဟာ သူများကို မဝေဖန်ခင်………။ သူတို့ဘာသာ ယူယူ မယူယူ နင်တို့သာ အမဲစက်မစွန်းအောင် နေကြပါ။

    September 18, 2010
    • နင်ကဆ၇ာကြီးလား….သီလရှင်လား………….နင်ကကောဖြူလား

      January 25, 2011
  13. အူဝဲကအောက်နေတာကြာပြီ။အမယ်လေး……..စန်းကျမှာမစိုးရိမ်ဘူးလား။ငတုံး။

    September 7, 2010
  14. အမယ်လေးပြေတီဦးရေ…………တခြားတယောက်ဆို ဟုတ်ဦးမှာ။အူဝဲနဲ.ယူရင် နင်စန်းကျတော.မှာပေါ. ငတုံးရာ။ဒီနေရာရောက်အောင်ဘယ်လို ကြိုးစားခဲ.လဲဆိုတာမေ့ ပြီပေါ.။အူဝဲက စန်းကျနေပြီ။2010ပြီးရင် သူကျပြီ။မင်းသားတိုင်းနဲ. သတင်းထွက်တဲ.သူမလေးကိုမှ သဘောကျရလား၊?ငတုံး။နင်ပါ စန်းကျချင်လား။မေ၇းမကောင်းလို.သာရေးလိုက်ရတာ။မယူနဲ.။မှားမယ်။

    September 7, 2010
  15. ပွင့် #

    ရေးတဲ့သူက ဘာလို့အမှားကြီးရေးထားရတာလဲ။ ပြေတီဦးနဲ့မအူဝဲ တွဲပြီးရိုက်ရင် ဘယ်သူမှမကြိုက်ကြပါဘူး။ သက်မွန်မြင့် နဲ့ တွဲရိုက်မှ အားပေးတာ။ သူတို့နှစ်ယောက်ပဲလိုက်တာပါ။ ဒါနဲ့ ပြေတီဦးက အမှန်ကိုမြင်နိုင်စွမ်းမရှိဘူးနော်။ သူမို့လို့ အူဝဲ နဲ့ သတင်းအထွက်ခံတယ်။ အူဝဲ နဲ့ ပြေတီဦး သတင်းထွက်တဲ့ အတိုင်းအမှန်ဆိုရင်တော့ ပြေတီဦးက တော်တော်သနားစရာကောင်းတယ်။ yanlay ပြောသလိုပဲ ပြေတီဦး အလိမ်မခံရပါစေနဲ့။ ဒါနဲ့ တစ်ခုသတိပေးမယ်။ သူသာ အူဝဲနဲ့ ယူလိုက် ရင် စန်း ပိတ်သွားလိမ့်မယ်။

    August 22, 2010
  16. yuyamyatnoe #

    ကိုပြေတီဦးရယ်သက်မွန်မြင့်လေးကိုမသနားဘူးလား..
    အခုတော့ပြောင်းးလဲသွားပြီလား…

    August 18, 2010
  17. ပြေတီဦး ကရောဦးနှောက်မရှိဘူးလား။ရှိတော့ရှိမှာပါ။သူ့အကြောင်းတော့သိမှာပါ။ခောတ်တော့မကုန်သေးပါဘူး။အပျိုကြီးနဲ့ညားရမယ့် ကိုပြေကြီးအတွက် ဆုတောင်းပေးလိုက်ပါတယ် မလိမ်ရမနေနိုင်ပေါင် ဇာတ်ကားထဲကလိုမလိမ်မခံရပါစေနဲ့။ ဒါပေမယ့်ပြောမယ်နော်ခုခေတ်က ဂျောက်ဂျက်သီချင်းလိုပါပဲ အမှန်လေးတွေ ပဲများပါတယ်။မထူးစိတ်ပဲမွေးလိုက်ပါတော့နော်။ေ၇တွေတောင်မှတွင်းဟောင်းမ

    August 15, 2010
  18. a #

    မြန်မာတွေဖြစ်ပြီး ကဲ့ရဲ့သံ ဝေဖန်သံ ထူလိုက်တာဗျာ။ သူတို့ဘယ်လို စီးပွားလုပ်လုပ် ဖျော်ဖြေတယ်လို့ သဘောထားပြီး ပြည်သူချစ်သော အနုပညာရှင်အဖြစ် တွေးကြစမ်းပါ။ ပြောပုံဆိုပုံတွေကြည့်တာနဲ့ ရုပ်ရည်တွေမြင်ယောင်မိတယ် မစ္ဆေယျတွေ။

    August 11, 2010
  19.ုကြယ်စင် #

    ဘာဘူ သီချင်းလိုဘဲ ကောင်းပါတယ် ကောင်းပါတယ်

    August 6, 2010
  20. ကံ #

    :)))

    August 3, 2010
  21. minthar #

    ပြေတီဦး ရော အိန္ဒြာကျော်ဇင် ရော နှစ်ယောက်စလုံးက ခောတ်ကုန်သွားပါပြီ။

    July 31, 2010
  22. တောပုံ မျက်နှာရူး အိုးမဲ ငပေါ ကလေ

    July 30, 2010
  23. အိန္ဒြာ ကျော်ဇင် ကလည်းဒီ ရုပ်ကိုများ

    July 30, 2010
    • နှစ်ယောက်လုံးကလိုက်ပါတယ်

      August 10, 2010
    • နှစ်ယောက်လုံးကလိုက်ပါတယ် ဒါပေမဲ့…………

      August 10, 2010
  24. Taw Win #

    အိန္ဒြာ ကျော်ဇင်ရည်းစားဘယ်နှစ်ယောက်ထားဖူးလဲဆိုတာဘယ်သူသိလဲ ဘာမဟုတ်တဲ့ဟာကိုသွားပြီးစိတ်ဝင်စားနေတယ် အခုကျွန်တော်မေးတဲ့မေးခွန်းကစိတ်ဝင်စားဖို့ အကောင်းဆုံးဘဲ

    July 30, 2010
  25. တုတ်ကြီး #

    အိန်ဒါကျော်ဇင် လင်ရတော့မှာမို့ ပျော်နေပီ ..
    ပြေတီဦးကလည်း အပျိုကြီးနဲ့မှ ကံပါတယ် .. လုပ်ထားပေါ့ကွာ ..
    ငါ့သူငယ်ချင်း မိပြား ဗေလုဝနဲ့ညားမှ မင်းတို့ကို ကြွားပြမယ်. . ငါ့နာမည် .. ငပေါ

    July 28, 2010
  26. komm1973 #

    ပြေတီဦး ရဲ့ ငယ်နံမည်သိလား
    သူကြီးလို့ခေါ်ပါတယ်

    July 25, 2010
  27. Master #

    What a woman’s name! Stupid !

    July 22, 2010
  28. အိလေး #

    ကျွန်မကရှင့်ရဲပရိသတ်ပါ

    July 21, 2010
  29. ဖိုးဝ #

    ပြေတီဦး ဆိုတာ မိန်းမထင်နေတာ ..
    ဟီး .. တော်တော် တောကျတဲ့ ငါပါ တကား …

    July 20, 2010
  30. မအေး #

    ဗီဒီယို ရိုက်ဖို့ ပြေတီဦး ကို ငှားရင် သူပါ တွဲငှားရတယ် ..ပြေတီဦး က ခောတ်ဖြစ်နေတော့ သူက အပိုင်လုပ်လိုက်တာပေါ့

    July 20, 2010

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 590 other followers

%d bloggers like this: