Skip to content
နွေရာသီ အတွက် ဖက်ရှင် စတိုင်လ်
Summer Fashion မှာ ခောတ်စား နေ တဲ့ Studded Mini Skirt ဆယ်ကျော်သက် တွေ ထက် ဒီစကတ် ကို သက်လတ် ပိုင်း တွေ က ၀တ်ကြပါLow Pencil Skirt ကို ဒီဇိုင်နာ က ပြန် ထွင်ထားတာပါ။ ဟေဒီကလမ် က ၀တ် ဆင်ထား ပါတယ်။
်။ D&G တိုက် ထွက် ဆိုရင် ဒေါ်လာ ၂၀၀ လောက်ရှိပြီး တခြား Brand တွေ ကတော့ ဈေးသက် သာပါတယ်။ ဟော လိဝုဒ် မင်းသမီး တွေ အ၀တ်များရင်း နဲ့ လူကြိုက်များ သွား တာပါ ။ ဒီ စကတ် ရဲ့ ဒီဇိုင်းက အပေါ် အကျီမရွေး ဒီနှစ် Summer ရဲ့  Top Ten Sale မှာ ချိတ်နေ ပါတယ်။
သီရိထက် ၊       ၊အခု လို ပူအိုက်တဲ့ နွေရာသီ ရောက်လေတိုင်း အမေရိကန် နိုင်ငံမှာ တော့ ဖက်ရှင် အသစ်အဆန်း
တွေ ခောတ်စား လာတတ်ကြတယ် ။ Summer Sale လို့ ခေါ် တဲ့ နွေရာသီ  ဈေးရောင်း ပွဲတော် တွေ ကို
ကုန်တိုက် တွေ နဲ့  Fashion Palace Mall တွေ မှာ လုပ်လာကြတယ်။
အဲဒီလို ရောင်းချ တဲ့ နေရာမှာ ဒီဇိုင်း ပြပွဲ တွေ ၊မော်ဒယ်တွေ နဲ့ ပါတွဲ ဖက်လုပ်ပြီး နာမည် ကျော်တံဆိပ်
တွေက သူ တို့ ရဲ့ စတိုင်လ် ဆန်း တွေ ကို လူကြိုက်များ အောင် လုပ်လာကြတယ်။ DKNY လို့ ခေါ်တဲ့ ဒီဇိုင်
နာ Donna Karen ဆိုရင် စတိုင်လူကြိုက်များ အောင် ဦးစားပေး လုပ်တယ်။ အထည် ရောင်းရတာထက်
အထည် ချုပ် တွေ ဆီက ကော်မရှင် ယူရုံပဲ ပေါ့ ။
ဒီနှစ်မှာ တော့ Be Be နဲ့  Dolce & Gabanna  တို့ က ဖက်ရှင် တွေ ကို ဖော်ပြလိုက်ပါတယ်။
Studded Mini Skirt ဒီဇိုင်း ကို အပေါ် အင်္ကျီ နဲ့ တစ် ခါတည်း တွဲထားတာပါ ။Be Be ကနေ ထုတ်ပါတယ်။ ပွဲတက် ဖက်ရှင် အဖြစ် ရော Casual အဖြစ် နဲ့ ပါ ဆင်မြန်း နိုင်တာ မို့ နယူးယောက် တို့ ၊ချီကာ ဂို တို့ မှာ ဆို ဒီနှစ် Summer ရဲ့ အရောင်း ရ ဆုံး ဒီဇိုင်း လို့  Marie Claire မှာ ဖော်ပြထားပါတယ်။
Studded Mini Skirt ဒီဇိုင်း ကို အပေါ် အင်္ကျီ နဲ့ တွဲဖက် မထားတာ ပါ ။အထက်မှာ ပါတဲ့ ဘီယွန် ဆေး ၀တ်ထား တဲ့ ဒီဇိုင်းပါပဲ ။
High Waist ed Pencil Skirt ဆယ်ကျော်သက် တွေ နဲ့  တက္ကသိုလ် ကျောင်းသူ တွေ က ပို ကြိုက်ကြတယ်( တစ်ဖက် တစ်ချက် စီမှာ ဒါမှ မဟုတ် နှစ် ဖက် စလုံးမှာ လက်ထည့် လို့ ရတဲ့ အိတ်လေး တွေ ပါတယ်)
နွေရာသီ အတွက် မရိုး နိုင်တဲ့ Mini Skirt ဖက်ရှင်ပါ
Long Pencil Skirt ကို Kim Kardishian က ၀တ်ပြထားတာပါ ။ ဂျပန် နဲ့  ကိုရီယား မှာ တော့ Business Women တွေ ၀တ်ကြပါတယ်
Long Pencil Skirt ကို Eva Longoria က LG ရေခဲ သေတ္တာ ကြော်ငြာမှာဝတ်ဆင်ပြထားတာပါ ။ဒီလို စကတ် မျိုး အတွက် ဖိနပ် ကတော့ High Heel နဲ့ မှာ လိုက်ပါတယ်
နွေဦးရာသီ မှာ ပွင့်တဲ့ ကျူးလစ် ပန်းငုံ လေး နဲ့ Tulip Skirt ကို ဘီယွန် ဆေးက ရှော့ပင်း ထွက်တုန်းဝတ်ဆင်ထား တာပါ ။ ဆယ်ကျော်သက် တွေ နဲ့  Vacation ထွက်တဲ့ မမ တွေ ၀တ်ကြပါတယ် ။
ဒီဇိုင်း ဖော်ထား တဲ့ High Waist ed Skirt ပါ Megan Fox က၀တ်ဆင်ထားတာပါ
High Waisted Skirt ကို ဒီဇိုင်နာ က ပြန် ထွင်ထားတာပါ။ ဟေဒီကလမ် က ၀တ် ဆင်ထား ပါတယ်။
ကိုင် လီ မီနေ့ ရဲ့ ပွဲတက် D&G ဖက်ရှင်
ဒီ စကတ် ဒီဇိုင်း တွေ ဟာ ရှော့ပင်း မော တွေ မှာ ဈေးကြီး ပေးဝယ်မှ မဟုတ်ပါဘူး မိမိဘာ သာဖန်တီး ချုပ်ဝတ်လို့ ရပါတယ်။
ဗီဒီယို မှာ ပါတဲ့ နည်း တွေ အတိုင်း လုပ်မယ် ဆိုရင် ချုပ် တတ်တဲ့ သူ အတွက် ဘာမှ မခက်ပါဘူး ။
About these ads
Follow
Get every new post delivered to your Inbox.
Join 527 other followers
%d bloggers like this: