Skip to content

ရခိုင်ပြည် နယ်သို့ မုန်တိုင်း ၀င်ပြီ လေတိုက် နှုန်း တစ်နာရီ ၇၃ မိုင်ထိရှိ

Powerful Cyclone Hits Western Burma
Updated : (12:00)PM Burma ရခိုင် ပြည်နယ် သို့ ဖြတ်ကျော်စဉ် လေတိုက်နှုန်း ၁၂၀ မိုင်ထိရှိ
Updated : (4:00 )PM Burma လေမုန် တိုင်း အရှိန်ကြောင့် စစ်တွေ တွင် နေအိမ် အမိုးများ လန်ထွက်
Updated : (3:30) PM Burma
အသက် ၅၀ နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦး လှေမှောက် ၍
သေဆုံး၊ ကျောက်ဖြူ လေဆိပ်တွင် သစ်ပင်ပြိုကျမှု ကြောင့် တစ်ဦး နှင့် ဖရုံကာ ကျွန်း တွင် လေမုန်းတိုင်
ဒဏ်ကြောင့် စပါး နှင့် အခြား စိုက်ပျိုး ပင် များ အကုန်ပျက်စီး
Updated : (2:30)PM Burma ကျောက်ဖြူ မီးသတ် မျှော်စင် ပြိုကျ၊ လေတိုက်နှုန်း ကြောင့် အထက (၁) ကျောင်း
ဆောင် အချို့ နှင့် အုတ်တံတိုင်း ပြိုကျ၊ အုန်းပင်များ ပြိုလဲ ၊ လျှပ်စစ်မီး များ ပြတ်တောက်
Updated : (1:30)PM Burma
လေတိုက် နှုန်း ပိုမိုပြင်းထန် လာပြီး တစ်နာရီ ၇၃ မိုင်ထိရှိ
ယနေ့  နေ့ လည် ၁ နာရီ တွင် ဂီရီ အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်း သည် ကျောက်ဖြူ မြို့  အနီးသို့ ရောက်ရှိကာ တစ်နာရီလျှင်
လေတိုက်နှုန်း ၆၉ မိုင်ဖြင့် မိုးသည်းထန် စွာရွာ သွန်းပြီး မြစ်ချောင်း များ တွင် ဒီရေ တက်မှု များ နှင့် ကြုံတွေ့ နေသည် ဟု
သတင်းရရှိသည်။ ကျောက်ဖြု အခြေစိုက် ရေတပ် မှ ကယ်ဆယ် မှု များ ပြု လုပ်ရန် စီစဉ် ထားသော် လည်း ကျောက်ဖြူ မြို့ နယ်
ကြံ့ဖွံ့ ဥက္ကဌ မှ လူတတ် လုပ် မှု ကြောင့် မြို့ တွင်း သို့ မ၀င် သေး ဟု သိရှိရသည်။
မုန်တိုင်း မှာ အင်အားအကြီး ဆုံး အနီရောင် အဆင့်တွင် ရှိသည်။

ဆက်လက် ၍ သဘာဝ ဘေး နှင့် ပတ် သက် သည့် အခြား ဆက်စပ် သတင်းတစ် ခုမှာ စိုးရိမ် ရေမှတ် ကို ကျော်နေပြီဖြစ်
သည့် ရဲရွာ ရေအား လျှပ် စစ်ဆည် သည် Spill Way နှစ် ခု အား ရေကုဗမီတာ ၁၈  သိန်း(အင်းလျှားကန် နှစ်ဆ) ထိ ဖောက်ထုတ်
ရန် စီစဉ်ထားသည် ဟု သတင်း ရရှိသည်။

ထပ်မံ ရရှိသည့် သတင်း များ ကို ဆက်လက် ဖော်ပြပါမည်။။

One Comment
  1. ဒီပိုစ့်လေးကို လင့်ချိတ်ပြီး ထပ်ဆင့်မျှဝေပေးထားပါတယ်..။

    မြန်မာပြည်သူအပေါင်း ဘေးဒုက္ခကင်းဝေးကြပါစေ..။

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်

    October 23, 2010

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers