Skip to content
ဝီကီလိခ် မေးခွန်း ကို ဖြေဆိုနိုင် ၍ မယ်အမေရိက အဖြစ် မယ် နီဘရာစကာ ဆွတ်ခူး
(LIVE)နီဘရာစကာ(Nebraska) ပြည်နယ် ကိုကိုယ်စားပြုပြီး မယ်အမေရိက (miss America) အဖြစ်
ဝင်ရောက်ယှဉ်ပြိုင် ခဲ့တဲ့ ထရီဇာ စကာလန် က ရွေးချယ်ခံခဲ့ရပါတယ်။ အသက် ၁၇ နှစ်အရွယ်
ထရီဇာ ဆုရရှိခြင်းဟာ ဟာ အမေရိကန် အလယ်ပိုင်းက နီဘရာစကား ပြည်နယ်ကိုယ်စားပြု
ပြီး ပထမ ဦးဆုံး အကြိမ် ဆုရရှိခဲ့ခြင်း ဖြစ်ပါတယ်။
မယ်အမေရိက ကို ၁၉၂၁ ခုနှစ် ကတည်းက ကျင်းပ ခဲ့တာ ဖြစ်ပြီးအခု ဆိုရင် အကြိမ် ၉၀ မြောက် ရှိ
ပြီ ဖြစ်ပါတယ်။ မယ်အမေရိက ပြိုင်ပွဲ ကို ဒီနှစ်မှာ နီဗားဒါး ပြည်နယ် လာစ်ဗီဂတ်(စ) က Planet
Hollywood Casino Resort မှာ  ကျင်းပတာ ဖြစ်ပါတယ်။
မယ်အမေရိက ဆုရှင် ထရီဇာ ဟာ စန္ဒယား ကို ကျွမ်းကျင်စွာ တီးခတ်နိုင်သလို၊ဘဲလေး အက ၊ရေခဲ
ပြင် လျှောစီး အက တွေကိုလည်း ကျွမ်းကျင် သူ တစ်ယောက် ဖြစ်ပါတယ်။ မယ်အမေရိက ဆုရှင်
ဟာ ခရိုအေးရှား နွယ်ဖွား အမေရိကန် သူ တစ်ယောက် လည်း ဖြစ်ပါတယ်။
MISS OKLAHOMA
မယ်အမေရိက အဖြစ် ဆု ပေးအပ်ဖို့ အတွက် မယ်နီဘရာစကာ ကို ၀ီကီလိခ် နဲ့ ပတ်သက်ပြီး မေးမြန်း
ရာမှာ တော့ သူမက ” ဒါဟာ တကယ်ကို့ ပဲ သူလျှို လုပ်ငန်း ကို အခြေခံတာပါ။ နိုင်ငံရဲ့ လုံခြုံရေးကို
တွေ သိဖို့ ပဲ ဖြစ်သင့်ပါတယ် ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ထရီဇာ စကာလန် ဟာ ပညာသင်ဆု ဒေါ်လာ ငါးသောင်းရရှိမှာ မှဖြစ်ပြီး အခြား ကုမ္ပဏီ ကပေး တဲ့
ဆုတွေ လည်းရရှိမှာ ဖြစ်ပါတယ်။
One Comment
  1. hello admin,please upload about the academy forecasting data for year 2009.We want to read about the academy forecasting interviews with actors and actresses and their audiences forecasting about academy.We are hopping for this case.
    January 17, 2011
Comments are closed.
Follow
Get every new post delivered to your Inbox.
Join 300 other followers