Skip to content

ယီမင် ဆန္ဒပြသူများ သမ္မတ အိမ်တော် ကို ၀ိုင်းပြီ


အီဂျစ် စစ်တပ် က လူထု အုံကြွမှု တွင် ကျဆုံး ခဲ့သူများ အား အာဇာနည် အဖြစ် သတ်မှတ်ပြီး
ဗြိတိသျှ ပေါင်ငွေ ဘီလျှံ ၁၀၀ ကို ဒဏ်ရာရသူများ၊သေဆုံးများအတွက်ရံပုံငွေ စီစဉ် ၍ ထောက်ပံ့

အာရပ် နိုင်ငံများ ပြောင်းလဲရေး တွင် အဓိက ကျသည့် ဆိုရှယ် မီဒီယာ တစ်ခု (Photo by John Moore/Getty Images)

စည်သူ၊             ၊ဇန်န၀ါရီလ ၁၃ ရက်နေ့  နေ့ လည်တွင် ယီမင်ဆန္ဒပြမှု များသည် ပိုမိုအားကောင်း
လာပြီး လူထု
အုံကြွမှု အသွင်ဆောင်ကာ ယီမင် သမ္မတ အလီ အဘဒူလ် ဆာလား ၏ အိမ်တော် သို့ 
ချီတက်
ကြပြီး ယခုချက်ခြင်း နှုတ်ထွက်ပေးရန် တောင်းဆိုကြသည် ဟု ဆန္ဒပြ သူများ ၏ တွစ်တာ
သတင်းမျှဝေမှု တွင်ဖော်ပြထားသည်။

ယီမင်(Yemen) အာဏာရှင် သမ္မတ အလီ ဆာလား (Ali Abdullah Saleh)သည်
တိုင်းပြည် ကို နှစ်ပေါင်း ၃၂ ကြာအာဏာရှင် တစ်ဦး သဖွယ် အုပ်ချုပ်ခဲ့ သော် လည်း အမေရိ
ကန် နှင့် အလွမ်း သင့်သဖြင့် ၎င်း ၏ အုပ်ချုပ်ရေး ယန္တယား အဓွန့် ရှည်ရေး အတွက် မြိုးမြိုး
မျက်မျက် ထောက် ပံ့ကြေးများ ရသည်။

ယခု ဆန္ဒပြမှု ကို ဆာနား တက္ကသိုလ် ကျောင်းသား များ က ဦးဆောင် ခြင်း ဖြစ်သည်။

အီဂျစ် နိုင်ငံတွင် ပြည်သူများ ၏ ၁၈ ရက်ကြာ ဆန္ဒပြမှု က အာဏာရှင် ဟိုစနီ မူဘာရက်
၏ အုပ်ချုပ်မှု ကို နိဌိတံ စေခဲ့ခြင်း သည် ယီမင် ပြည်သူ လူထု အတွက် အား တက်ဖွယ်
ရာဖြစ်စေခဲ့သည်။

ပြီးခဲ့သည့် သတင်း ပတ်က ယီမင် တွင် ပေါ်ပေါက်ခဲ့သည့် ဆန္ဒပြမှု များအား သမ္မတက
ရှောင် လွှဲ လိုသည့် အတွက် နောက်သက်တမ်း တွင် ထပ်မံ အရွေးမခံ ဟု ဆိုသော် လည်း
ပြည်သူများ က ချက်ခြင်း နှုတ်ထွက်ပေး ရန်သာ လိုလားကြသည်။

About these ads
Follow

Get every new post delivered to your Inbox.

Join 530 other followers

%d bloggers like this: