မြန်မာ တိုင်း ဂျာနယ် ကို ကြံ့ဖွတ် က သိမ်းပြီ

ဒေါ်မကြိုင်ကြိုင် ၏ တရုတ်ပြည်သွား တောလား ခရီးစဉ် ကို သတင်းသမားချင်း လက်တို့ ရာမှ မြန်မာ နိုင်ငံ သတင်းတပ်ဖွဲ့ က အသေးအဖွား ပုဒ်မ တပ်ကာ ဖမ်းဆီးခံရခြင်းဖြစ်သည်။ (AP Photo/Khin Maung Win)
တင်ကျော်ကျော်စိုး၊ ၊၂၀၀၀ ပြည့် က တည်းက အင်္ဂလပ်-မြန်မာ နှစ်ဘာသာ ဖြင့်
စတင် ထုတ်ဝေခဲ့သည့် မြန်မာ တိုင်း သတင်း ဂျာနယ် အား ၂၀၁၀ ရွေးကောက်ပွဲတွင် မရိုးဖြောင့်
သည့် နည်းလမ်း ဖြင့် အနိုင်ယူခဲ့သည့် ကြံ့ဖွတ် ပါတီ ခေါ် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး
ပါတီမှ သိမ်းပိုက် လိုက် ပြီ ဟုFreedom News Group မှ သတင်းရရှိသည်။
မြန်မာ တိုင်း ဂျာနယ် အား သြစတေးလျှ နိုင်ငံ သား ရောစ် ဒန်ကလီ က စတင် တည်ထောင်ကာ
ဂျာနယ် အတွက် ကုန် ကျစရိတ် ကို ကနဦး တွင် ၎င်း က တစ်ဝက် နှင့် ဒေါ်ယမင်းထင်အောင် နှင့်
ဦးဆန်နီဆွေ တို့ က တစ်ဝက် စိုက်ထည့် ကာ ထူထောင်ခဲ့ခြင်း ဖြစ်သည်။

ရောစ် ဒန်ကလီ (Photo : Wall Street Journal)
မြန်မာ တိုင်း ဂျာနယ် အား ကြံ့ဖွံ့ ပါတီ က သိမ်းပိုက် လိုက်ခြင်း နှင့် ပတ်သက်၍ မြန်မာတိုင်း ဂျာနယ်
ကို ထုတ်ဝေ သည့် Myanmar Consolidated Media မှ ၀န်ထမ်းများ က လည်း ၎င်းတို့ ၏ နောင်ရေး
နှင့် ပတ်သက် ၍ စိုးရမ်လျှက် ရှိကြသည်။
လတ်တလော မြန်မာ တိုင်း ဂျာနယ် ၏ အစုရှယ်ယာများ သတင်း နှင့် ပတ်သက် ၍ အသေးစိတ်မသိ
ရှိရ သေးသော် လည်း စွန့် ဦးတီထွင် စာနယ်ဇင်း ဆရာ ဒန်ကလီ မှာ မူ တရားရုံးတွင် အမှု ရင်ဆိုင်ရ
မည် ဖြစ်ပြီး ၊ တိုင်း ပြည်မှ လည်း နှင်ထုတ် ခံရ နိုင်သည် ဟု ဥပဒေရေးရာ ကျွမ်းကျင် သူများ က
ထောက်ဆ ကြသည်။
ဒန်ကလီ အား မြန်မာ စစ်အစိုးရက ရက်လွန် ဗီဇာ မှု ကြောင့် ဖမ်းဆီး သည် ဟု တရားဝင် သတင်း
ထွက်ပေါ်သော်လည်း ပါးစပ်ပြောများ တွင်မူ ၊ ဆေးခြာက် လက်ဝယ် တွေ့ ရှိမှု ၊နာမည်ကျော် အမျိုးသမီး
သရုပ်ဆောင် တစ်ဦးအား ဓမ္မတာ အတိုင်း မဟုတ် သည့် နည်းလမ်းများ ဖြင့် လိင်ဆက်ဆံမှု တို့ ကြောင့်
ဟု ပြောကြသည်။
မြန်မာ တိုင်း ဂျာနယ် ၏ အမှု ဆောင် အရာရှိချုပ် အဖြစ် ၂၀၁၀ ရွေးကောက်ပွဲ တွင် အမတ်နေရာ
ကို လက်လွှတ် ခဲ့ရသည့် ကြံ့ဖွတ် ပါတီ ၀င် ဒေါက်တာ တင်ထွန်းဦး က ဒန်ကလီ ထောင်နန်းစံသည့်
နေ့ မှ စ၍ အမှု ဆောင် အရာ ရှိချုပ် အဖြစ် ဆောင်ရွက် ကာ သူ ၏ ဇနီး နှင့် သမီး များ က အဆင့်မြင့်
တာဝန်များ ကို ဆက်လက် ယူထားကြသည်။
မြန်မာ တိုင်း ဂျာနယ်အား ကြံ့ဖွတ် က ကမ္ဘောဒီယား နိုင်ငံတွင် သတင်း စာ ပညာ သင်တန်း သွားရောက်
ခဲ့သည့် ကိုကျော်သူ အား အကြီးတန်း သတင်း အယ်ဒီတာ အဖြစ် ဦးစီး ဆောင် ရွက် စေမည် ဟု သတင်း
ရရှိသည်။ ကို ကျော်သူ သည် ယခင်က ၀န်ကြီးချုပ် ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ၏ ကိုယ်ရေး
အရာရှိ တစ်ဦး ဖြစ်သူ ဗိုလ်ကြီး အောင်လွင် ဦးစီး ထုတ်ဝေသည့် မေမြန်မာ ဂျာနယ် ၏ အယ်ဒီတာ အဖြစ်
တာဝန် ထမ်းဆောင် ခဲ့သည်။
၎င်းသည် ပြည်တွင် နှင့် ကမ္ဘောဒီးယား ၊ တရုတ် ၊ ဂျပန် နှင့် ကိုရီးယား နိုင်ငံ တို့ တွင် သတင်းစာပညာ
ရက်တို ၊ ရက်ရှည် သင်တန်းများ ကို တက်ရောက် ခဲ့ဖူးသည်။
မေမြန်မာ ဂျာနယ် သည် အမျိုးသမီးရေးရာ အဖွဲ့ ၏ ဂျာနယ် ဖြစ်သည်။
ယခင် မြန်မာ တိုင်း သတင်းဂျာ နယ် တည် ထောင် သူ ရောစ်ဒန်ကလီ မှာ ရန်ကုန် မြို့ ရှိ ဆိုးရွားရက်
စက်လှသည့် အကျဉ်းထောင်ထဲ တွင် ရှိနေကာ ၎င်းအား စွဲဆိုထား သည့် အမှု အတွက် တရားရုံးထုတ်
ချိန် ကို စောင့် မျှော်နေသည် ဟု မြန်မာတိုင်းဂျာနယ် အယ်ဒီတာ တစ်ဦးက Freedom News Group
သို့ ပြောသည်။
ဒန် ကလီ ၏ အမှု အတွက် အာမခံသည် တရားရုံးမှ သာ ဆုံးဖြတ် မည် ဖြစ်သည်။
ဒန်ကလီ သည် နာမည် ကျော် မဟုတ် သော်လည်း လူကြိုက်များ လှ သည့် ပြည်ပ အခြေစိုက်
မြန်မာ သတင်း မီဒီယာ တစ်ခု ကို မြန်မာ စစ်ခေါင်း ဆောင် ၏ ဇနီး ဒေါ်မကြိုင်ကြိုင် တရုတ်
ပြည်ရောက် နေမှု ကို လက်တို့ ပြီး နောက် ကွန်ပျူတာ မပိတ် ပဲ ထားရှိရာမှ ၎င်း၏ အတူနေ
မိတ်ဆွေ က သက်ဆိုင်ရာ အား သတင်းပေး ခဲ့သည် ဟု သိရှိရသည်။
Related Articles
- Friend: Australian editor detained in Myanmar (cnn.com)
- Myanmar Parliament Set to Meet (online.wsj.com)
Comments are closed.









ကျွန်တော်ကတော့ နိုင်ငံရေးသမားလည်းမဟုတ်ဘူး။ ဘယ်ပါတီမှလည်းမ၀င်ဘူး။ ကိုယ့်ထမင်းကိုယ်ရှာစားနေတဲ့ သူတစ်ယောက်ပါ။ Myanmar Times journal ကိစ္စနဲ့ပါတ်သက်လို့ ပြောလိုက်ကြတာစုံလို့။ အစိုးရမကောင်းကြောင်းလူတိုင်းသိတယ်။ ဒါပေမယ့်အကန့်အသတ်တော့ထားကြပါဗျာ။ ဒီကိုယ့်မြန်မာမိန်းကလေးကို နည်းမမှန်နဲ့လမ်းနဲ့လည်းစော်ကားသေးတယ်။ ပြီးမှ ဟိုဟာကြောင့်ဒီဟာကြောင့် စင်ခြေပေးနေတာ။ တစိတ်လောက်ပြောပါရစေ စစ်အစိုးရကလုံးဝအကျင့်မကောင်းဘူး။ သူမကောင်းတာနဲ့ပဲ လူဖြူကောင် မြန်မာမ(သူဖာသူ ဘာလုပ်စားစား)ကိုမတရားစော်ကားတာကို မြှောက်ပင့်ပေးနေကြတာပဲ။ မြန်မာတွေက အဖြူကောင်ဆိုတကယ် အထင်ကြီးတယ်။ ဗိုလ်ချုပ် (ဗိုလ်ချုပ်အောင်ဆန်း)သာရှိသေးရင် အစိုးရကိုကော လူဖြူအထင်ကြီးနေသူတွေကိုကော သေဒဏ်ပေးမှာသေချာတယ်။ ကျွန်တော် ၇တန်းနှစ်လောက်က မဂ္ဂဇင်းတစ်စောင်မှာ ဖြစ်ရပ်မှန်တစ်ခုဖတ်ခဲ့ရတယ်။ အဲ့ဒီအချိန်က နိုက်ကလပ်တွေ သိပ်ပေါ်ပြူလာမဖြစ်သေးပါဘူး။ နံမည်အကြီးဆုံးက သံအမတ်ကြီးစားတော်ဆက်ပေါ့။ ရုပ်မြင်သံကြားမှာတောင် ကြော်ငြာတာ မှီတဲ့သူတိုင်းသိကြမှာပါ။ အဲ့ဒီမှာ စာရေးသူ(ကျွန်တော်မဟုတ်၊ မဂ္ဂဇင်းထဲမှာဆောင်းပါးရေးတဲ့ ဆရာ)နဲ့မိတ်ဆွေ စာရေးဆရာများ ၀ိုင်းဖွဲ့ပြီး ညစာစားနေကြတဲ့အချိန် အဖျော်ယမကာလေးလည်းပါသဗျာ့။ ဟိုဘက်တစ်ဝိုင်းမှာက လူဖြူတစ်ကောင်နဲ့ စကားပြန်တစ်ယောက်ပေါ့။ လူဖြူလည်း အနီအနက်တွေသောက်နေလေရဲ့။ စာရေးသူတို့ကတော့ ဘီယာလောက်ပဲသောက်နိုင်ပါတယ်။ အတော်ကြာတော့ လူဖြူကောင်က သီချင်းဆိုနေသော စင်ရှိရာသို့တစ်ယိမ်းတစ်ယိုင် လျှောက်သွားတာ စာရေးသူတို့ဝိုင်းမှလည်း စိတ်ဝင်တစားကြည့်နေမိကြပါတယ်။ အဲ့ဒီအချိန်က လူဖြူကဘာလုပ်မလဲ ကြည့်နေမိတာပါ။ စင်နားမရောက်ခင် လူဖြူကြီး ခလုတ်တိုက်ချော်လည်းကျသွားပါတယ်။ ဒါနဲ့သူလည်းပြန်ထလိုက်တော့ စားသောက်နေတဲ့ စာသုံးသူတွေကော စားပွဲထိုး တွေပါ လက်ခုပ်လက်ဝါးတွေတီးလိုက်တာ သောသောကိုညံလို့ပါ။ ချော်လဲလို့လှောင်တာမဟုတ်ဘူးနော်။ ပြန်ထလာလို့ လက်ခုပ်တီးပြီး အားပေးကြတာ။ စာရေးသူတို့အဖွဲ့လည်း လက်ခုပ်ဝိုင်းတီးတာပေါ့။ ကောင်မလေးစီရောက်သွားရော စားပွဲထိုးတစ်ဦးက ပြုံးရွှင်စာ ပန်းကုန်း လာပေးပါသတဲ့။ လူဖြူကောင်က ယူပြီးအဆိုတော်မလေးကို တခါတည်းစွပ်ချလိုက်တာ ကောင်မလေးက ပြုံးလို့ရွှင်လို့ နှုတ်ကလည်း Thank you တဲ့။ မိုက်ခရိုဖုန်းနဲ့တောင်ပြောလိုက်သေးတယ်။ အားလုံးလည်းလက်ခုပ်လက်ဝါးတီးလို့ပေါ့။ ဒါနဲ့နောက်ဆုံး သူ့ဝိုင်းကိုပြန်ရောက်လာပါတယ်။ စာရေးသူရဲ့အပေါင်းအပါတွေကလည်း သွားပါ၊ လုပ်ပါဆိုတော့ ကျွန်တော်လည်း မတ်တပ်ရပ်ပြီး ပုဆိုးထ၀တ်တာပေါ့။ ပြီးတော့လူဖြူလျောက်ရာလမ်းအတိုင်းသွားတော့တာပေါ့။ ဖြစ်ချင်တော့ လူဖြူကောင် ချော်လဲတဲ့နေရာမှာပဲ စာရေးသူလည်းလဲပါလေရော။ လဲတဲ့အချိန်မှာပဲ သြဘာပေးသံတေထွက်လာပါတယ်။ ကြိတ်ကြိတ် ကြိတ်ကြိတ်ပြောတဲ့အသံပေါ့ အသံတစ်ခု ကြားလိုက်ရတာကတော့ အဆင့်မရှိတဲ့လူပဲ တဲ့။ ကျွန်တော်လည်း မြန်မြန်ပြန်ထပြီးဆက်လျောက်တာပေါ့။ စက်ပေါ်ရောက်တော့ စားပွဲထိုးက ပါးစပ်ကတီးတိုးတီးတိုး ပြောပြီ ခရမ်းချဉ်သီး ပုပ်ကို လှည်းလီးတက်ကျိတ်ထားတဲ့မျက်နှာနဲ့ စောင့်အောင့်ခါလာပေးပါတယ်။ ကျွန်တော်လည်း ပန်းကုန်းကိုယူပြီး ကောင်မလေးကို စွပ်ထည့်လိုက်တာပေါ့။ စာရေးသူလည်းနားလေးက ချာတိတ်မရဲ့ Thank you ဆိုတဲ့အသံလေးများကြားရမလားမျှော်လင့်နေတာပေါ့။ ဒါပေမယ့် စာရေးသူတစ်ယောက်တည်းကြားလိုက်ရတာကတော့ သေခြင်းဆိုးကြီး တဲ့။ မည်သူမှမသိလိုက်။ သူကမိုက်ခရိုဖုန်းကို လက်ကလေးအုပ်လို့ဗျာ။ ကျွန်တော်လည်းရှက်ရှက် နဲ့ စားပွဲကိုတန်းပြန်လာပြီး အဖော်တွေကိုတောင်းပန်ပြီး ထိုစားတော်ဆက်မှ လျင်မြန်စွာထွက်ခဲ့ခဲ့ပါသည်တဲ့။ ဇာတ်လမ်းကတော့ဒီလောက်ပါပဲ။ ကဲ လူဖြူအထင်ကြီးတဲ့ မောင်နှမလေးတို့ရေ ပုံပြင်လေးကတော့ဒီမျှပါပဲကွယ်။ မောင်နှမလေးတို့လည်း ဒီဇာတ်လမ်းထဲက ဘယ်လိုလူမျိုးဖြစ်ချင်ပါသလဲကွာ။
အဲဒိကောင်က နှစ်ဘက်ချွှန်။ အခုလို ထိတော့မှ မြန်မာပြည်စစ်တပ်က ဘယ်လိုလဲဆိုတာ သိသွားပြီပေါ့။
http://www.niknayman-niknayman.co.cc/2011/02/blog-post_1099.html
please publish this post
thank so much