Skip to content
ချစ်ခြင်းတရား တွေ က ပန်းတွေ လို ဖူးပွင့် နေတဲ့ နေ့ 
Nobody will ever win the Battle of the Sexes.  There’s just too much fraternizing with the enemy.  ~Henry Kissinger
I see my body as an instrument, rather than an ornament.  ~Alanis Morissette, quoted in Reader’s Digest, March 2000
လရိပ်ချယ်၊            ၊အသက် ၂၅ နှစ် အရွယ် ခန့် ရှိ မသီတာလွင် ၏ စိန့် ဗယ်လင် တိုင်း ခေါ်
ချစ်သူများ နေ့ 
အတွေ့ အကြုံ က တမူ ထူးခြားနေသည်။ မသီတာလွင် သည် ဆယ်တန်း
အောင်ပြီး ကတည်း က ရန်ကုန် မြို  ကမ္ဘာအေးဘုရား လမ်းပေါ်မှ ဟိုတယ် တစ်ခု တွင်
အလုပ်ဝင်ရောက် ခဲ့ပြီး သုံး နှစ် ခန့် အကြာတွင် ဧည့်ကြို
ရာထူး ကို ရရှိခဲ့သည်။ နှစ်စဉ်
နှစ်တိုင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တွင် ကျရောက် သည့် ချစ် သူများနေ
့ကို သူမ
တစ်ကြိမ်မျှ ခွင့် မယူဖြစ်ခဲ့….။
ယခုနှစ် ချစ် သူများ နေ့  ကို လည်း ယခင် နှစ် များ ကလို ပင် ဖြစ်မည် ဟု သူမ ထင်မှတ် ထားခဲ့သည်။
စုံတွဲ
တွေ လာမည် ။
သက်တူ ၊ရွယ်တူ တွေ ရော ၊ အသက်မတူ ၊ အရွယ် မတူ တွေ ရော ဟု ထင်ထားခဲ့သည်။
ဒါပေမယ့် ချစ်သူများ နေ့ အကြိုညကတည်း က ရောက် ရှိ လာသူများ တွင် ထိုသို့ မဟုတ် မိန်း
ကလေး စုံတွဲ များ၊
မိန်းကလေး တစ်ယောက် နှင့်  ယောင်္ကျားလေး သုံးလေးယောက် အတွဲ များ ဖြစ်သည်။
မိန်းကလေး စုံတွဲများကထားတော့ …၊ ယောင်္ကကျားလေး သုံးလေးယောက် နှင့် မိန်းကလေး
ငယ်လေး တစ်ယောက် တည်း အတွဲများ
ကိုတော့ ….သူအံသြသည်…ဘုရား ရေ……သူတို့ ဘာလာ
ဗီဒီယို လာကြည့် ကြတာ တော့ မဟုတ် ဘူးထင်သည်။
ဟိုတယ် မှာ ပင် သူနှင့် အတူ လုပ် ရသည့် အခြား ဧည့်ကြို ညီမငယ် တစ်ဦး ကတော့ “ အော်….အမ ရယ်..
ဘာတွေ များ ထူးထူးဆန်းဆန်း ဖြစ်နေရ တာလဲ …အမ က ဒီလို ကိစ္စ တွေ မှာ မိန်း ကလေး တွေ က နစ်နာ
တယ် လို့  ခံရတာ တယ်လို့ ထင်ထား လို့ လား။ ဒီအတွေး အခေါ် တွေ က အောက်နေ ပါပြီ …ကျွန်မတို့ မြန်မာ
လူကြီး တွေ ရဲ့  ခောတ်လုံး ၀ မမှီ တဲ့ အတွေး အခေါ် ကြောင့် မြန်မာ မိန်း ကလေး တွေ ဟာ ဒီကိစ္စ တွေ ကို
လုပ်ရာ မှ အပြစ်ကြီး လို ဖြစ်နေကြတာ..ဒါ လုံးဝ ခောတ်မမှီတော့ တဲ့ အတွေး အခေါ် ပဲ …ဒီအတွေး အခေါ်
တွေ ကြောင့် ပဲ ကျွန်မ တို့  မြန်မာ မိန်းကလေး တွေ ဟာ အောက်ကျ နောက်ကျ ဖြစ် ခဲ့ရတယ်။ ဒါမိန်းကလေး
တွေ ကို နှိမ်ထားတဲ့ အတွေး အခေါ် တွေ …အမှန်တော့ ကျွန်မတို့ တွေဟာ ဒီကိစ္စတွေ ကြောင့် ဘာမှ ဆုံးရှုံး
သွားတာ မရှိပါဘူး……………………… ဒါတွေ လုပ်ရင် မိန်းကလေး တွေ မှာ ဆုံးရှုံး နစ်နာ ရ တယ် ဆို တဲ့
အတွေး အခေါ် တွေ ကြောင့် ပဲ ကျွန်မ တို့  ရှုံး နိမ့် နေရတာ ဟု သူ့ ရဲ့ အမြင် ကို ကျွန် မကို ပြောသည်။
ကျွန်မ မှာ သူ့ ကို ပြန်ပြောနိုင် ဖို့ စကားလုံး တွေ စဉ်းစား နေသည်။ တစ်ခု ခု တော့ ပြန်ပြောမှာ ပဲ ..
သူ့ ပြောသွား တာ တွေ က မြန်မာ
မိန်း ကလေး တွေ ကို ကိုယ်စား ပြု နေပြီလား …သူ့ ကို ပြန်ပြောဖို့ 
စကား လုံးတွေ အတွက် ကျွန်မ  နှုတ် ခမ်း
လေး ကို ဟမည် ကြံကာ ရှိသေး…………………….
“ အမရေ နှစ်ယောက် ခန်း ကျန် သေး လား ….ဟိ….ဟိ ….သုံးယောက် ခန်း ပေါ့ နော်……..အဟိ “ ဆိုသည့် ကောင်လေး နှစ် ယောက် နှင့် အတူ သစ်လွင်တောက် ပသည့် အ၀တ်အစားများ ဖြင့် ကောင်မလေး တစ်
ယောက် ၏ ရယ်သံ တစ်ဝက် ဖြင့် မေးခွန်း က ကျွန်မ ရဲ့ နှုတ်ခမ်း ၀ က စကား လုံးတွေ ကို ဆွံ့  အ စေခဲ့တော့
သည်။ ထို နေ့ က
ကျွန်မ ပြောဖြစ် ခဲ့သည့် စကားလုံး ကတော့ “ အေး …အေး ရှိတယ် ….ညီမလေး ….ဘရိတ်
ဖတ်(စ) ပါ ပါလား”
ဆိုတာ က လွဲပြီး ဘာမှ မပြောဖြစ် ခဲ့တော့။
___________________________________________________________
လရိပ် ချယ် အမည် ဖြစ် ရန်ကုန် မြို့ ၏ ဟိုတယ် တစ် ခု မှ အမျိုးသမီး မန်နေဂျာတစ် ဦး ပေး ပို့ သည့်
ချစ်သူများ နေ့  အတွေ့ အကြုံ အား ငြိမ်းချမ်းငြိမ်း မှ ပြန်လည် ၍ ရေးသား ပေးထား ခြင်း ဖြစ်သည်။
3 Comments
  1. lwin #
    The other woman may try treesome or gangbang. Let her try
    February 23, 2011
  2. aung sun #
    ကိုသာဓုပြောတာမှန်တယ်…. မြန်မာမိန်းကလေးတွေအတွက် အတုမယူသင့်တဲ့အလုပ်ပါ….
    February 22, 2011
  3. သာဓု #
    အဖြစ်အပျက်က ဆန်းတယ်လို့မထင်မိပါ။ ပြည်ပမှာ ဖြစ်နေတာ တွေ ပြည်တွင်းကို ကူးနိုင်ပါသည်။ တံခါးတွေ ပိတ်လို့ မရတော့ ဘူး မဟုတ်ပါလား။ အဆိုးကော အကောင်းရော ပါလာနိုင်ပါသည်။ ကိုယ်ကြိုက်ရာ ကိုယ်ရွေးလုပ်ကြရင်း ကိုယ့်လမ်းကိုယ် သွားကြမည်။ မကြိုက်ရာ ကို မလုပ်ရလေအောင်၊ အလုပ်မခံရလေအောင် ဥပဒေက အကာအကွယ် ပေးရပါမည်။
    ထူးဆန်းသည်က သို့မဟုတ် မူမမှန်သည်က အခြား ဧည့်ကြိုမိန်းကလေး ဆိုသူ၏ အယူအဆ သာဖြစ်သည်။ လူကြီး တွေ ခေတ်မမှီခြင်း ဟု လည်း အပြစ်တင်ထားသည်။ ဆိုလိုတာက သူတို့က ခေတ်မှီသည်ပေါ့။ မိန်းကလေးတွေကို နှိမ်ထားသည် ဆိုသည့်စကားကို လည်း မြန်မာပြည် လူမှုဝန်းကျင် မှာ အူကြောင်ကြောင် ကြားရသည်။ (မိန်းကလေး မုန်းတီးခြင်း နှင့် လူရာမသွင်းခြင်း သည် မြန်မာပြည်တွင် လွှတ်တော်နှင့် ၀န်ကြီးအဖွဲ့တွင်သာ ရှိပါသည်။)။ မိန်းကလေးတွေ ဆုံးရှုံးနစ်နာရတယ် ဆိုသည့် အတွေးအခေါ်သည် မိန်းကလေးကို ရှုံးနိမ့်စေသည့် ၊ နှိမ်ထားသည့် အတွေးအခေါ်မဟုတ်ပါ။ အောင်မြင်စေသည့် အတွေးအခေါ်၊ တစ်နည်းအားဖြင့် အကာအကွယ် ပြည့်စေသည့် အတွေးအခေါ်ပင်ဖြစ်သည်။
    February 22, 2011
Comments are closed.
Follow
Get every new post delivered to your Inbox.
Join 300 other followers