Skip to content

ကဒါဖီ ထိန်းချုပ်ထား သည့် လေယာဉ်ပြေးလမ်း များ ကို နေတိုးက ဗုံးကြဲတော့မည်


အမေရိကန် လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဌ ဂျွန်ကယ်ရီက လစ်ဗျား
နိုင်ငံ ကို စစ်ရေး အရ ၀င်ရောက် စွက် ဖက် ဖို့ နဲ့ လစ်ဗျား ခေါင်းဆောင် ကဒါဖီကို တိုက်
ခိုက်နေတဲ့ လွတ်မြောက်ရေး ကြိုးပမ်းသူတွေ ကို စစ်ရေး အကူအညီ နဲ့ သင်တန်း တွေ ပေး
ဖို့ တိုက် တွန်း ပြောကြားပါတယ်။

အခုဆိုရင် လစ်ဗျား နိုင်ငံ ရဲ့ ကောင်းကင်ယံမှာ နေတိုး ကင်းထောက် လေယာဉ် တွေ ရဲ့ လှို့ 
ဝှက် ပျံသန်း မှုတွေ ရှိနေပြီး ကုလ သမဂ္ဂက လုံခြုံရေး ကောင်စီက နေ ထုတ်ပြန်ထားတဲ့
No Fly Zone သတ်မှတ်ချက် ကို မလိုက်နာ တဲ့ လစ်ဗျား အစိုးရ ရဲ့ လေယာဉ် ကွင်းတွေ
ကို လေကြောင်း ကနေ ဖျက် ဆီးမှာ ဖြစ်ပါတယ်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီ ဟာ သူ့ ကို ဆန့် ကျင်နေတဲ့ သူပုန် တွေ ကို လေကြောင်း ကနေ
တိုက်ခိုက်ရာ မှာ ရဟတ်ယာဉ်တွေ ၊ ဂျက် လေယာဉ် တွေ အသုံး ပြုကြပါတယ်။

သူပုန် စစ်သားတွေ ဟာ ဒီနေ့ မှာ တိုက် လေယာဉ် တစ်စီး နဲ့ ရဟတ်ယာဉ် တစ်စီး ကို ပစ်ချ
နိုင်ခဲ့ပါတယ်။

ကဒါဖီ ကတော့ အမေရိကန် အနေ နဲ့ လစ်ဗျား ကို ကျူးကျော်လာမယ် ဆိုရင် အာဖဂန် နစ္စတန်
ထက် ဆိုးသွား မယ် လို့ ဆိုပါတယ်။

အမေရိကန် လစ်ဗျား ကို စစ်ရေး အရာ ၀င်ရောက် စွက်ဖက် ဖို့ ကို အုပ်စု လေးစု ခွဲခြား ထားပြီး
ပထမ အဆင့် မှာ – အလုံးစုံ စစ်ရေး နဲ့ ဝင်ရောက်ပြီး ကဒါဖီ ကို ဖယ်ရှားဖို့ ၊ဒုတိယ အဆင့်မှာ
လေယာဉ် မပျံသန်းရေး ဇုန် ကို အချိန် ပြည့် စောင့်ကြပ်ဖို့ နဲ့ လစ်ဗျား ရဲ့ ရေကြောင်း ကို ပိတ်
ဆို့ မှု လုပ်ဖို့ ၊ဒုတိယ အဆင့်မှာ သူပုန် တွေ ထိန်း ချုပ်ထား တဲ့ နေရာ တွေ ကို ကာကွယ်ပေး
ဖို့ နဲ့  စတ္ထု အဆင့်မှာ သူပုန် တွေ ကို စစ်သင်တန်း ပေးပြီး လက်နက် တပ် ဆင်ပေး ကာ အကူ
အညီပေးဖို့ တွေ ဖြစ်ပါတယ်။

Source : Aljazerra, Reuters

About these ads
Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: