Skip to content

ယီမင်၊ ဆီရီးယား နှင့် လစ်ဗျား


လစ်ဗျား နိုင်ငံခြား ရေး ၀န်ကြီး နှင့် ထိပ်တန်း စစ်အရာ ရှိများ အမေရိကန် တွင် ခိုလှုံ ခွင့်တောင်း

ဆန္ဒပြသူများ နှင့် ပူးပေါင်းသွား သည့် ယီမင် စစ်တပ် အရာ ရှိ တစ်ဦး အာဏာရှင် သမ္မတ ကို သောကြောနေ့ တွင် ပွဲ သိမ်း တိုက် မည် ဟု ကြုံးဝါး နေစဉ် Photo- AP

FNG၊ ၊ယီမင် နိုင်ငံတွင် ဆန္ဒပြနေသူများ က သောကြာနေ့ တွင် ယီမင် အာဏာရှင် အလီ
အဗ္ဗဒူလာဆာလေး ၏ နန်းတော်  ကို ၀ိုင်း ပြီး အဆုံးသတ် တိုက် ပွဲ ဆင်နွှဲ ရန် စီစဉ် ထားရှိသည် ဟု
ဆာနား မှ လာသည့် ရိုက်တာ သတင်း တစ်ရပ် တွင် ဖော်ပြထားသည်။

ပြည်သူ နှင့် စစ်တပ် က နှုတ်ထွက် ပေး ရန် တောင်း ဆိုခြင်း ခံ နေရသည့် ယီမင် အာဏာရှင်
သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး က မိမိ လက်ရှိ ရာထူးမှ  နှုတ် ထွက် ပေးလျှင် ယီမင် နိုင်ငံ
သည် အကြမ်းဖက် သမား တို့ ကွန်းခိုရာ နိဗ္ဗာန် ဘုံကြီး  ဖြစ်သွား နိုင် သောကြောင့် အမေရိကန်
အစိုးရ အနေဖြင့်မိမိ ကို အကာ အကွယ် ပေး ပါ ဟု အကူအညီ တောင်းထားသည် ဟု LA TIMES
သတင်းစာတွင် ဖော်ပြထားသည်။

ယီမင် နိုင်ငံ မြို့ တော် ဆာနားတွင် စစ်တပ် က ဆန္ဒ ပြသူများ ကို အကာအကွယ်ပေးထား သဖြင့်
အာဏာရှင် ဆာလေး မှာ နှိပ် ကွပ် မရ ဖြစ်နေသည်။

စစ်တပ် အရာ ရှိများ နှင့် ဆန္ဒပြ သူများ ယီမင် သမ္မတ ၏ အိမ်ကို သောကြာ နေ့ တွင် ၀ိုင်းမည် ဟု
ကြေငြာ ပြီး နာရီပိုင်း အကြာတွင် ဆာလေး က အမေရိကန် ကို ယခု ကဲ့ သို့  အကူ အညီ တောင်း
ခဲ့ခြင်း ဖြစ်သည်။

ယီမင် နိုင်ငံ သည် အကြမ်းဖက် သမား တို့ အတွက် ဒုတိယမြောက် အာဖဂန် နစ္စတန်  နိုင်ငံ ဖြစ်
လာ သည် ဟု အမေရိကန် အစိုး ရက ပြီးခဲ့သည့် နှစ်က ပြောဆိုထားပြီး ယီမင် သမ္မတ သည်
သူ့ နိုင်ငံ တွင် ခြေကုပ် ယူထား သည့် အယ်(လ)ခိုင်ဒါ အကြမ်း ဖက်သမားများ ၏ ယီမင် ယူနစ် ကို
အမေရိကန် ၏ ခြေမှုန်းမှုများ တွင် အဓိက ကျစွာ ပူးပေါင်း ပါဝင် သူ တစ်ဦး ဖြစ်သည်။

လစ်ဗျား

ကဒါဖီ ၏ လေတပ် နှင့် ရေတပ် များ မှ သုံး မရ အောင် ရာနှုန်းပြည့် ပျက်စီး ခဲ့ပြီး နောက်ထပ်
တိုက် ခိုက်မှု များ တွင် လစ်ဗျား ပြည်သူများ ကို သတ်ဖြတ် နေသည့် ကဒါဖီ ၏  သစ္စာ ခံ တပ်
များ ကို ဆက် လက် ချေမှုန်းမည် ဟု ပင်တဂွန် မှ ပြောကြားခဲ့သည်။

ကဒါဖီ ၏ တပ် များ က မူ မစ်စရာ တာ မြို့ ရှိ အရပ် သား များ နှင့် ဆေး ရုံများ ကို ဆက်လက်
တိုက် ခိုက် ဆဲ ဖြစ်သည်။

နေတိုး တပ် ဖွဲ့ ဝင်များ သည် လစ်ဗျား ကမ်းခြေ တွင် စတင် ကင်းလှည့် နေပြီ ဖြစ်သည်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီ ၏ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သည့် နိုင်ငံခြား ရေး ၀န်
ကြီး မူဆာ ကူဆာ နှင့် စစ်ဘက် အရာ ရှိ အချို့ သည် အမေရိကန် တွင် နိုင်ငံ ရေး ခိုလှုံ ခွင့်ရရှိ
ရန် ကမ်းလှမ်းထား သည် ဟု Fox News သတင်းဌာန က ကြေငြာသွားသည်။

မူဆာ ကူဆာ မှာ အမေရိကန် တက္ကသိုလ် တစ်ခု မှ ဘွဲ့ ရရှိခဲ့သူ ဖြစ်သည်။

ဘန်ဂါဇီ တွင် အခြေစိုက်သည့် လစ်ဗျား အတိုက် အခံ အဖွဲ့ဖြစ်သည့် အသွင်ကူးပြောင်းရေး
ကောင်စီ က ကြားဖြတ် အစိုး ကို ယနေ့  ဖွဲ့ စည်းလိုက်သည်။ ကြားဖြတ် အစိုးရ အဖွဲ့ ၏ ၀န်ကြီး
ချုပ်အဖြစ် ကိုင်ရို တက္ကသိုလ် နှင့် အမေရိကန် ပစ္စဘတ် တက္ကသိုလ် တို့ မှ ဘွဲ့ ရရှိ ခဲ့သည့် အတိုက်
အခံ ခေါင်းဆောင်း မိုဟာမက် ဂျီဘရေးလ် ကို ခန့် အပ်ထားသည်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီ ပုန်းအောင်နေ သည့် နေရာကို ညွှန့် ပေါင်း တပ် ဖွဲ့ ဝင်များ က ယနေ့ 
ဆက်လက် တိုက် ခိုက်ကြသည်။

ဆီရီးယား

ဆီရီးယား တောင် ပိုင်း ဒါယား တွင် ဆန္ဒပြသူများ ကို  အစိုးရ တပ်ဖွဲ့ များ က ပစ်ခတ် နှိမ်နှင်း
သောကြောင့် အနည်း ဆုံး ဆန္ဒပြသူ ၁၅ ဦး သေဆုံးခဲ့သည်။

အရှေ့ အလယ်ပိုင်း နိုင်ငံ တစ်ခု ဖြစ်သည့် ဆီရီးယား နိုင်ငံ တွင် ဆန္ဒပြသူများက သမ္မတ အာဆတ်
နှုတ်ထွက်ပေး ရန် တောင်းဆိုသည့် အထွေထွေ သပိတ် ကို သောကြာနေ့ ဉ် ကျင်းပမည် ဟု သိ
ရသည်။

ယမန်နေ့ က နိုင်ငံ တောင် ပိုင်း လူထု အုံကြွမှု တွင် ဆီရီးယား ဘတ် ပါတီ ဌာနချုပ် တစ်ခု မှာ
မီးရှို့ ခံရသည်။

နိုင်ငံ တကာ သတင်းဌာန များ မှ ထုတ်လွှင့် ဖော်ပြချက် များ ကို အခြေ ခံပြီး FNG  ဘန်ကောက်
News Room က ရေးသား တင်ဆက် ခြင်း ဖြစ်သည်။

Latest Developememnt in Arab World

About these ads
Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: