Skip to content

Burma Soldier က မြန်မာ စစ်တပ် သရုပ်မှန် ကို အထုပ်ဖြေ

ကိုဦး၊          ၊ယနေ့ညပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များကလပ်တွင်
မြန်မာစစ်သားဟောင်း မျိုးမြင့်ရဲ့ “မြန်မာစစ်သား” (BURMA SOLDIER) ဇာတ်ကားကို ပြသခဲ့သည်။

မြန်မာနိုင်ငံအတွင်းနှစ်ပေါင်း(၆၀)ကျော်ဖြစ်ပွါးနေသော  ပြည်တွင်းစစ်ကြောင့် ကြုံတွေနေရ သော ဘေးဒုက္ခများနှင့်ဆိုးကျိုးများကိုပြသခဲ့ခြင်းဖြစ်သည်။

ထို ဇာတ်ကား တွင် နောက် ခံ စကား ပြောသူ အဖြစ်  နာမည် ကျော် အိုင်းရစ်ရှစ် လူမျိုး ဟောလိဝုဒ်
သရုပ်ဆောင် Collin Farrell (Phone Booth, Alexander, Daredevil, Crazy Heart) က စကား
ပြောပေးထားသည်။

စစ်သားဟောင်းမျိုးမြင့်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်များကိုမြန်မာစကားပြော အင်္ဂလိပ် ဘာသာစကား စာတမ်း
ထိုးကာ တင်ဆက်ထားသည်။

လွတ်မြောက်နယ်မြေသို့ထွက်ပြေးလာသော မြန်မာစစ်ဗိုလ်ရဲထက်က “ထိုသို့ဖြစ်ပျက်မှု များသည်
(၈၈)မတိုင်မှီက အဖြစ်အပျက်များသာဖြစ်သည်။ ယခုအခါတွင် မြန်မာစစ်တပ်အတွင်းတွင် မုဒိန်းကျင့်မှုများ
မတရားနိပ်စက်မှုများဖြစ်ခဲ့လျှင် အထက်အဆင့်ဆင့်မှ ပြင်းထန်စွာ အရေးယူအပြစ်ပေး
မှုများရှိနေပြီ” FNG
သို့ပြောခဲ့ပါသည်။

ယခုလောလောဆယ်ကရင်ပြည်နယ်အတွင်း ဖြစ်ပွါးနေသော စစ်ပွဲများတွင် ဖြစ်ပေါ်နေသော စစ်တပ်မှ မတရားမှု
များပြုလုပ်နေခြင်းအပေါ်တွင်မူ “ စစ်ဖြစ်တယ်ဆိုရင်တော့ ဒီလိုဖြစ်မှာပါဘဲ စစ်ရဲ့ဆိုး ကျိုးတွေကို မခံစားချင်ရင်
ပြေးနိုင်မှလွတ်မယ် ကျနော်လဲ ပြေးနိုင်ခဲ့လို့ပါဘဲ”
လို့ပြောခဲ့ပါတယ်။

ထိုဇာတ်ကားကို လာရောက်ကြည့်ရူ့ခဲ့သူများစွာ အားပေးခဲ့သည်။ နိုင်ငံတကာသို့လည်း ဖြန့်ချိ မည်ဟုသိရသည်။

မြန်မာပြည်တွင်းဖြစ်နေသော ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်တန့်ရန်၊ ငြိမ်းချမ်းရေးကိုအမြန်ဆုံး အကောင်
အထည်ဖေါ်ရန်၊ အမျိုးသားရင်ကြားစေ့ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိအစိုးရတို့ အမြန်ဆုံးတွေ့
ဆုံဆွေးနွေးနိုင်ရေးတို့ကို ရည်ရွယ်တင်ဆက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံကတာကာမှလည်း မြန်မာနိုင်ငံအရေးကို
ဝိုင်းဝန်းကူညီနိုင်ရန်အတွက် ထိုဇာတ်ကားကိုရိုက်ကူးခဲ့ခြင်းဖြစ်သည်။

4 Comments
  1. နိုင်ငံသား #

    လက်နက်နဲ့ တိုက်ပွဲဝင်တော့လည်း ပြည်သူတွေပဲခံရတယ်။ လက်နက်နဲ့မတိုက်တော့လည်း သူတို့အာဏာကပိုပြီးကြီးထွားလာတယ်။ မုန့်ပေးပါဦးလို့ ပါးစပ်နဲ့ တောင်းတာတောင် တကယ်မုန့်ပေးတဲ့သူတွေက အမေနဲ့ အဖေပဲပေးတာပါ။ တပ်မတော်သာအမိ။ တပ်မတော်သာအဖ ဆိုတာကိုယုံပြီး စစ်သားတွေ သွားဆိုးကြည့်ပါလား။ ပါးမရောင်ရင် ကွာတားနဲ့အချုပ်ပေါ့။ အဖေနဲ့ အမေဆိုတာ အဲလိုမလုပ်ဘူးလေ။ လေသနတ်ဆိုတာ ငှက်ပစ်ဖို့ပါ။ ရန်သူကိုတိုက်ခိုက်ဖို့ မဟုတ်ဘူးဆိုတာ သိရင် လေတွေကိုလျှော့။ တိုက်ယူမှရတဲ့အရာတွေကိုတိုက်ယူဖို့ ပြင်ဆင်သင့်တယ်။

    June 8, 2011
  2. lusoe #

    အဟတ်…အဟတ်… နားထောင်လို့သိပ်ကောင်း။ သနားဖို့သိပ်ကောင်းတာပဲနော်…

    April 2, 2011
  3. army 88 #

    တပ်မတော်သားတွေဘ၀အမှန်သိရှိလာခဲ့တဲ့တနေ့ကျရင် အောင်ပွဲခံမှာပါ ဒီလို အဖြစ်အမှန်တွေကို တပ်ထဲမှာရှိနေတဲ့ တပ်သားတွေကို ပေးဖို့ ဖြန့်ဖြူဝေပေးကျပါ ကိုမျိုးမြင့်ရဲ့ အတွေ့အကြုံတွေပာာ လေစားပါတယ် ကျနော်လည် ခင်ဗျားလိုဘဲ ၁၉၈၉ ကနေ ၁၉၉၁ ခုနှစ် တိုင်းတပါမှာ မှီခို ခိုချောင်း ခိုဝှက်နေရတာ ယနေ့အထိ ကျနော် သက်နိုင်တဲ့ဘက်ကနေ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမဲ့နေ့ကိုစောင့်မျော်နေတုန်ပါ ကျနော်က ပါဝင်ဆင်နွှဲခဲ့တဲ့စစ်ဆင်းရေးကတော့ ဧရာဝတီတိုင်း တိုင်းတခုလုံးကို KUN လက်အောက်ကျရောက်ခဲ့ပြီး ၁၉၉၁ မုန်းတိုင်းစစ်ဆင်းရေးမှာ အဲဒီတုန်းက ဖြတ်လေးဖြတ် ရွာမီးတွေရှု့ ကရင်ပြည်သူတွေကို မုဒိမ်းကျင့်သတ်ဖြတ်တဲ့စစ်ဆင်းရေးဖြစ်ပါတယ် ဖြတ်လေးဖြတ် စစ်ဆင်းရေးတွေ ပြုလုပ်ခဲ့ပါတယ် အဲဒီနှစ်မှာလည်း မာနယ်ပလောကိုလည်း နအဖစစ်တပ်တွေ ထိုးစစ်ဆင်နေပါတယ် ဒါပေမယ့် အဲဒီကာလစစ်ဆင်းရေးတွေရဲ့ ရရှိတဲ့ ဆုလာဒ်က လက် ခြေ အင်္ဂါ ဖြတ် တောက် အများအပြားဖြစ်ခဲ့ပါတယ် အဲဒီကာလစစ်ဆင်းရေးတိုက်ပွဲကျခဲ့ဆုံး တပ်မ တပ်ရင်း အမြောက်အမြားကျဆုံးခဲ့ပါတယ် အဲဒီတုန်းကဆိုရင် စစ်တပ်ရဲ့ ဖွဲ့စည်းပုံတွေပါ ဖျက်ခဲ့ပါတယ် နောက်တန်းပြန်ဝင်ရင် တပ်ခွဲ တစ်ခွဲမှာ အင်အား ၆၀ ကျော်ပာာ တပ်ရင်းပြန်ရောက်ရင်း တပ်ခွဲ တစ်ခွဲကို ၄၀ လောက်ဘဲ ကျန်ရစ်ပါတယ် အခု ရုရှားရောက်နေတဲ့ စစ်သူတောင်းစားဗိုလ်တွေက ဖြတ်လေးဖြတ် စစ်ဆင်းရေးအကြောင်းကို သိရှိနာလည်းမဟုတ်ပါဘူး ကျနော် အနေနဲ့ကတော့ တပ်ထဲမှာ တပတ်စဉ်ထဲ တက်ခဲ့တဲ့ ရဲဘော် ရဲဘက်တွေကို ၀ါဒဖြန့်ချီပြီး ကျနော်ကတော့ တိုင်းဗိုလ်အမှတ် ၄ ၀ဲကလီးကျောင်းဆင်းပါ ပြည်သူလူထုက အပ်နှင်းထားတဲ့လက်နက်တွေနဲ့ နအဖစစ်ဗိုလ်ယုတ်တွေကို ရှေ့တန်းစစ်မျက်နှာမှာ သုတ်သင်ရှင်းလင်းခဲ့ပြီး နိုင်ငံတ်ာပုန်ကန်မှုနဲ့ ခိုချောင်း ခိုဝှက်ဘ၀ နှစ်ပါးသွားနေရတယ် နော်တို့ရှေ့ ဆက် တိုက်ပွဲ ဆက်ပြီး ဆင်နွှဲကျမယ် ပြည်သူလူထုနဲ့အတူ လက်တွဲသွားကြဆို့ ရုရှားစစ်သူတောင်းစား ဖိတ်ခေါ်လိုက်ပါ နောက်ဆုံးအနေနဲ့တော့ ပြည်သူလူထုက အပ်နှင်းထားတဲ့လက်နက်က ပြည်သူကို ကာကွယ်ရမယ် နအဖစစ်အာဏာရှင်သန်းခွေးအုပ်စုဘက်ကို သေနတ်ပြောင်းလဲ့ပြီး အပြီးအပိုင်း ချေမှုန်းသုတ်သင်ဖို့အချိန်ရောက်နေပါပြီး ဒါတွေကို အမှန်တွေကို ပြောပြလာနိုင်မှ ပြည်သူလူထုနဲ့အတူ အောင်ပွဲရမှာပါ။။။။။။။။။

    March 31, 2011
  4. UFL #

    Thank you Ko Myo Myint.For your truth.

    March 31, 2011

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers