Skip to content

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရာထူးက နှုတ်ထွက်ပြီ


“အာဏာရှင်တွေ ဟာ သူတို့ ဘယ်လောက်ပိုင် သလဲ ဆိုတာ သူတို့ ပြည်သူ နဲ့ ကမ္ဘာ ကို ပြချင်ကြတယ်…
နောက်ဆုံးတော့ အဲဒီ စိတ်ကြောင့် ပဲ သူတို့ ဂွမ်းသွားရတာ” (Bernard Henri  Levy ခေတ်သစ် ပြင်သစ်
တွေး ခေါ် ပညာရှင်…လစ်ဗျား လူထု အုံကြွမှု ကို လက်နက်ကိုင် ပုန်ကန် မှု အဖြစ် အသွင် ပြောင်းပေး ခဲ့သူ)

၁၉၉၂ ခုနှစ် တွင် နိုင်ငံ တော် အာဏာ ကို ရယူခဲ့သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် မြန်မာ စစ်တပ် ၏ အကြီး အကဲ အဖြစ် နှင့်
ကာကွယ်ရေး ဦးစီးချုပ် အဖြစ် မှ ယနေ့  နှုတ်ထွက် သွား ပြီ ဟု Freedom News Group မှ သတင်း ရရှိသည်။ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် လက်ရှိ ရာထူး ကို ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး
စောမောင် မှ တစ် ဆင့် ဆက်ခံ ထားဖြင်း ဖြစ်သည်။

၎င်း နှစ်ရှည် လများ ယူထားသည့် ရာထူး ကို ၁၉၈၈ ခုနှစ် က ဒု ဗိုလ် ရာထူး အဆင့် သာ ရှိသည့် ဗိုလ်ချုပ်ကြီး မင်း
အောင် လှိုင် ကို မတ် လ ၃၁ ရက်နေ့  တွင် လွှဲပြောင်း ပေး အပ် ခဲ့သည်။

အသက် ၇၈ နှစ် အရွယ်ရှိ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ မှာ  နိုင်ငံ ၏  အာဏာ ကို နောက် ကွယ် မှ နေ၍ ဆက်လက် ချုပ်
ကိုင် ထား မည် ဟု နေပြည်တော် ရှိ အစိုးရ အရာ ရှိ အသိုင်း အ၀ိုင်းက ယုံကြည့် ကြသည် ဟု Freedom News Group
မှ သတင်း ရရှိသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် သူ၏ စစ် တပ် ရာထူး အဆင့် ဖြစ်သည့် ဗိုလ်ချုပ် မှုးကြီး ရာထူး ကို လည်း စွန့် လွှတ်လိုက်
ခြင်း ဖြစ်သည်။ စစ်မှု ထမ်း သက် ၅၄ နှစ် ရှိပြီ ဖြစ်သည့် စစ်သား အို ကြီးသည် နိုင်ငံ ရေး လှုပ်ရှား သူ နှစ်ထောင် ကျော်
ကို ဖမ်းဆီး အကျဉ်း ချထား ပြီး ၎င်း ၏ လုပ်ဖော် ကိုင်ဖက် ၃၀၀ ကျော် ကို သူ၏ အာဏာတည် မြဲ ရေး အတွက် ဖယ်ရှား
ကာ ၊ ရှစ်ရာ ကျော် ကို ထောင် သွင်း အကျဉ်း ချထားသည်။

သူသည် စစ်ခေါင်း ဆောင် အဖြစ်တာဝန် ယူ ချိန် တိုင်းရင်းသား ကျေးရွာ များ ကို ဖယ်ရှာ ရာ ဉ် မုဒိမ်းမှု ကို လက်နက် သဖွယ်
ကျင့်သုံးသည် ဟု အတိုက်အခံ အဖွဲ့ နှင့် လူ့ အခွင့်အရေး အဖွဲ့ များ က စွပ်ဆွဲကြသည်။

မြန်မာ ၀ီကီ လိခ် တွင် လည်း ဖတ်ရှု နိုင်သည်။


AFPMyanmar strongman Than Shwe, who ruled with an iron fist for almost two
decades, has retired as head of the military after handing power to a nominally civilian government,
officials said Monday.

About these ads
7 Comments
  1. လျှာရှည်ကောင် #

    kTT ရေ အဲသူတောင်းစားတွေကို ဆော်ထည့်လိုက်ဗျာ။ နောက်လာပြီးမတောင်းရဲအောင်။

    April 11, 2011
  2. KTT #

    ဒီခေါင်းစဉ်နဲ့တော့မဆိုင်ပါဘူးဗျာ…
    ပေါက်ကွဲလွန်းလို့ဝင်ရေးတာပါ မှားရင်လည်းတောင်ပန်ပါတယ်ဗျာ…..
    ကျနော်တို့ရန်ကုန်တိုင်း၊ကျောက်တံတားမြို့နယ်ကစည်ပင် ရဲတွေအကြောင်းပေါ့ဗျာ သင်္ကြန်တွင်သူတို့ စားသောက်ဖို့အတွက် အကြောင်းပြ ပီး လိုင်စင်ရ..သူတောင်းစားယူနီဖောင်းတွေဝတ်ပီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် အနဲဆုံး ၂၀၀၀ကျပ် ဆိုပီလိုက်တောင်းနေတယ်ဗျာ…မြို့တော်ဝန်ရေ …ဘာလုပ်နေလဲ ကွ

    April 7, 2011
  3. old lorry #

    သူ့ ကို ပေးမသေစေချင်သေးပါ
    သူနဲ့ သူ့မိသားစု လုပ်ခဲ့တဲ့ အပြစ်တွေ ပြန်ခံခိုင်းဖို့  ရှိသေးတယ်လေ

    April 5, 2011
  4. free #

    အော်… အဲဒါ သင်္ခါရ ဘဲနော်…သေတဲ့အခါလဲ အသေဖြောင့် ပါစေ… စိတ်သဘောအတိုင်း (….. )စေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ် ပြည့်မပြည့်တော့ ယမမင်းဘဲသိလိမ့်မယ်….

    April 5, 2011
  5. နွယ် #

    သူ့ ကိုတော့ မြန်မြန်သေစေချင်သား။ ငရဲမှာ ဘ၀တိုင်း အကျဉ်းကျခံရမဲ့သူဘဲ ဖြစ်မှာဘဲ။ လွတ်လမ်းမရှိ။ သံဃာသတ်၊ လူသတ်တဲ့သူ၊ အပြစ်မဲ့တဲ့သူတွေကို မိသားစုပါမကျန် ဒုက်ခရောက်စေတဲ့အတွက် ငရဲမှပတဲ့အချိန်ရောက်ခဲ့ရင်တောင် ၀င်ုမှာတော့ အမြဲနေမှာဘဲ။

    April 5, 2011
  6. Alfred Aung Myin Myint Ngala #

    Good, right and actual news.

    thanks to FNG

    April 4, 2011
  7. သာဓု #

    နေ၀င်းလည်း နောက်ကွယ်မှာ ၁၂ နှစ်လောက် နေနိုင်ခဲ့တယ်ဗျ။ သန်းရွှေကတော့ အဲလောက်ခံမယ်မထင်ဘူး။ (မထင်တာပြောတာပါ)။ တို့အဖေကြီးကို ကာကွယ်မလေ ဆိုပြီး ၀ိုင်းအာဖို့ မစဉ်းစားပါနဲ့။ မောင်ရင်တို့လည်း ထင်ချင်သလိုထင်လို့ရပါတယ်။

    April 4, 2011

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: