Skip to content

64 ကြိမ်မြောက် ကန်း(စ)ရုပ်ရှင် ပွဲတော်

Cannes

ပြင်သစ် နိုင်ငံ တောင် ပိုင်း တွင် နှစ် စဉ် ကျင်းပနေကြ 64 ကြိမ်မြောက်
ကန်း(စ) ရုပ်ရှင်ပွဲတော် ကို မေလ ၁၁
ရက်နေ့ မှ မေလ ၂၂ ရက်နေ့ ထိ
ကျင်းပမည် ဖြစ်ပြီး ယခု နှစ် ကျင်းပမည့် ရုပ်ရှင်ပွဲတော် တွင် Thin Red
Line
ရုပ်ရှင် ဇာတ်ကား ကို ရိုက်ကူး ခဲ့သည့် ဒါရိုက်တာ Terrance Malick
၏ The Tree of Life နှင့် Lars Votier
၏ Melacholia ဇာတ်ကား တို့ ပါဝင်
ယှဉ်ပြိုင်ကြသည်။

နာမည် ကြီးနေသည့် Pirates of Caribbean : On the Stranger Tide ဇာတ်ကား ကိုလည်း
ယခု ရုပ်ရှင် ပွဲတော်
တွင် ပြသမည် ဖြစ်သည်။ အမေရိကန် နိုင်ငံတွင် နှစ်စဉ် ပေးအပ်ချီးမြင့်
သည့်  အော်စကာ ဆု ရုပ်ရှင် ထူးချွန်ဆု ကဲ့ သို့ 
ထိပ်တန်းရုပ်ရှင် ထူးချွန်ဆု တစ်ခု ချီးမြှင့်ပေး
အပ်ရာ  ကန်း(စ)ရုပ်ရှင်ပွဲတော် အား နိုင်ငံတကာ ရုပ်ရှင် နယ်ပယ်မှ
လာရောက်ကြသည်။

ယမန် နှစ်က ၆၃ ကြိမ်မြောက် ကန်း(စ)ရုပ်ရှင်ပွဲတော်တွင် Palm d’ Or ခေါ် အကောင်းဆုံးဇာတ်ကားဆုအား
ထိုင်း ဇာတ်ကား Uncle Boonmee Who Can Recall His Past Lives မှ ရရှိသွားသည်။ ထိုဇာတ်ကားသည့်
ထိုင်းလူမျိုး တို့ ၏ ကိုးကွယ် ယုံကြည်မှု ရိုးရာ ဓလေ့ နှင့် တမလွန် အယူအဆ များ ကို ရိုက်ကူးပြထားခြင်း ဖြစ်သည်။

ရုပ်ရှင် ပွဲတော် တွင် ဇာတ်လမ်း တို  များ နှင့် မှတ်တမ်းရုပ်ရှင်ဇာတ်ကားများ ကို လည်း ပြသမည် ဖြစ်ပြီး
ကိုရီးယား ၊ ဂျပန် နှင့် အိန္ဒိယ ရုပ်ဇာတ်ကားများ လည်း ပါဝင် ပြသမည် ဖြစ်သည်။
ကန်းရုပ်ရှင်ပွဲတော် တွင် ၀င်ရောက်ယှဉ်ပြိုင် ပြသမည့် ဇာတ်ကားများ စာရင်း

Festival de Cannes

One Comment
  1. ဟဲဟဲ......ဟဲ! #

    ကဲန်း ရုပ်ရှင်ပွဲတော်ကို တက်လာတဲ့ This Must Be the Place ရုပ်ရှင်ကားထဲက မင်းသား Sean Penn နဲ့ မင်းသမီး Eve Hewson တို့ ဓာတ်ပုံ အရိုက်ခံနေကြတုန်းတွေ့ရတဲ့ ခြေအစုံ ဆိုပဲ

    BBC ကတော့ ကဲန်း ဖြစ်သွာပြီဗျို့။

    May 22, 2011

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers