Skip to content

ကာရစ်ဘီယံ က ပင်လယ်ဓားပြ များ

J

ငြိမ်းချမ်းငြိမ်း၊  ၊   နိုင်ငံတကာတွင် စတင်ပြသနေပြီ ဖြစ်သည့် Pirates of the Caribbean: On Stranger Tides
ဇာတ်ကားသည် ၂၀၀၃ ခုနှစ် က စတင်ပြသခဲ့သည့် POC: The Curse of the Black Pearl ဇာတ်
ကား ၏ စတ္ထုထမြောက် ဇာတ်ကားဖြစ်သည်။ On Strange Tides ဇာတ်ကား သည် POC ဇာတ်လမ်း
တွဲ များ အနက် ဂမ္ဘီရ အဆန် ဆုံး ဇာတ်ကား ဖြစ်ပြီး မြန်မာ့ အစီအရင် များ တွင် လည်း လူသိများ
သည့် နာနာရုပ် အတတ်၊ မှော် ကဝေ အတတ် ပညာ များ ကို ထည့် သွင်းပြသထား သည်။

ရုပ်ရှင်ကြည့် ပရိသတ် များ ကတော့ ရေသူမ ချစ်ဇာတ်လမ်း ငယ်လေး  ကို ထည့်သွင်း ထားခြင်း ကို
ကြိုက်ကြသည် ဟု ဆိုသည်။ ကာရစ်ဘီယံ ပင်လယ် တွင်း မှ ဓားပြများ အမှတ် ၄ ရုပ်ရှင်ကား တွင်
အသံဖမ်း စနစ် ၊ နောက်ခံ တေးဂီတ နှင့် အသံစနစ် များ မှာ အထူး ပင် ကောင်းမွန် လှသည်။ On
Stranger Tides ဇာတ်ကား တွင် Dolby Digital 7.1 နောက်ဆုံး ပေါ်  ဒိုလ်ဘီ၏ အသံ နည်း ပညာ
ကို စတင် အသုံး ပြုထားသည်။

၁၉၆၅ ခုနှစ် တွင် ရေးဒိုလ်ဘီ တည်ထောင် ခဲ့သည့် အသံ ဓာတ်ခွဲ ခန်း စနစ် Dolby Laboratories
မှ အသံတွင် ဆူညံမှု ကို လျှော့ ချနိုင်သည့် စနစ် နှင့် အသံ ပေါ်လွင်မှု ဖန်တီးမှု နည်းစနစ်များ အောင်
မြင်သည့် အခါ Dolby Digital နည်းပညာ ကို ကမ္ဘာ ပေါ်တွင် ပထမ ဦး ဆုံး အနေဖြင့် ၁၉၇၁ ခုနှစ် က
ပြသခဲ့သည့် ဒါရိုက်တာ စတန်လေ ကူဘရစ် ၏ A Clockwork Orange တွင် စတင် ထည့်သွင်း အသုံး
ပြုခဲ့သည်။

ပထမ ဦးဆုံး ဒိုလ်ဘီ စနစ် အသံ နှင့် ၂.၁ စနစ် အသံ ကို ယခု ကွန်ပျုတာ နှင့် တွဲ ဖွင့် သည့် ၀ူဖာ စနစ်
တပ် ဆင် ထားသည့်  စပီကာ တွင် ရရှိ နိုင်ပြီ ဖြစ်သည်။

(ဒိုလ်ဘီ ဓာတ်ခွဲ ခန်းမှ အသံ စနစ်( Sound Recording အသံဖမ်း စနစ်) နှင့် ( ဂီတ ဖန်တီးမှု စနစ်) မဟုတ်
ပါ) အောင်မြင် လာသည့် အခါ ဒိုလ်ဘီ သည် တဖြည်းဖြည်း အသံပတ်လည် ပြေး စနစ် (Surround Sound
System ) Dolby Digital 5.1 ကို တည်ထွင် နိုင်ခဲ့သည်။ Lord of the Ring, ၁၉၉၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်
အတွင်း ထုတ်လုပ် ခဲ့သည့် James Bond ဇာတ်ကား များ အပါအ၀င် အခြား ဇာတ်ကားများ နှင့် ထို စနစ်
ကို အသုံး ပြုထားသည်။

Dolby Digital 7.1 အသံ စနစ် အသုံး ပြုထားသည့် ဇာတ်ကား ကို 7.1 အသံ စနစ် အသုံး ပြုထားသည့်
ရုပ်ရှင် ရုံ တွင် သာ ခံ စား နိုင်သည်။ ထိုစနစ် ကို တပ်ဆင် ထားသည့် ရုပ်ရှင် ရုံ များ ကလည်း အမေရိကန်
နှင့် ဥရောပ တွင် ပင် များများ စားစား မရှိ သေး ပါ။ အချို့ပြည်နယ် များ တွင် တစ်ရုံ လောက်သာ ရှိ သည်။

ကာရစ်ဘီယံ ပင်လယ် တွင်း မှ ဓားပြ များ ဇာတ်ကား ကို ကြည့် ရှု နိုင်ရန် အတွက် ဤနေရာ တွင် ကြည့်ရှု
နိုင်သည်

Dolby Digital 7.1 နည်းပညာ ဆိုတာ ဘာလဲ

7.1 မတိုင် ခင် အထိ ဒိုလ်ဘီ ၏ အသံ စနစ်မှာ ပတ်လည် ပြေး နှင့် အဝေး မှ အနီး သို့  နည်းပညာ
ဖြစ်သည်။ အထူးပြု ပေါ်လွင် မှု များ သတ္တချင်း ထိသံ နှင့် ရေစက် ကျ သံ စသည့် တစ်သံ တည်း အသံ
များ တွင် ပိုမို ထိရောက် သည့် ဖန်တီးမှု များ ပြုလုပ်ထားသည်။

7.1 တွင် မူ အသံ သည် မိမိဘေး နား မှ ထွက်ပေါ်လာ သလို ၊ နားနား ကပ် ၍ လူအော်ဟစ် လိုက် သလို
ဖြစ်ရအောင် ဖန်တီးထားသည်။

ထိုစနစ် တပ်ဆင် ထား သည့် ရုပ်ရှင် ရုံ တွင် သွား ကြည့် ပါက အသံစနစ် နှင့် မယဉ် ပါးသေးလျှင် တစ်ယောက်
ယောက် သို့ မဟုတ် လူများ စုကြီးက ရုပ်ရှင် ရုံ ထဲ ထအော် ကြ ပြီလား ဟု လန့် ဖြန့် သွား နိုင်သည်။ဒါက Dolby
7.1 ၏ ထူးခြား သော အသံ စနစ် များ ထဲ မှာ တစ်ခု ဖြစ်ပြီး On Stranger Tides ဇာတ်ကား တွင် အပြည်အစုံ
စတင် အသုံးပြုထားသည်။ ( ၂၀၁၀ နှင့် ၂၀၁၁ အတွင်း ရုံတင် သည့် ဇာတ်ကား အချို့ တွင် ကနဦး စတင် အသုံး
ပြုထားသည်)

Dolby Digital 7.1 နည်းပညာ ကို လူများ စု နားလည် အောင် ဥပမာ ပြုရသော် အရုပ် တွင် High Definition,
3D စသည်ဖြင့် နည်းပညာ တိုးတက် လာသကဲ့ သို့ အသံ တွင် လည်း ထို့ နည်း တူ ပတ်လည်ပြေး အသံ စနစ် ကို
အခြေခံ ပြီး အမျိုး မျိုး တိုး တက် လာခြင်း ဖြစ်သည်။

Understanding Surround Sound System

On Stranger Tides(OST)

လေးကား မြောက် ဇာတ်ကား ဖြစ်သည့် OST တွင် အော်လန်ဒို ဘလွန်း နှင့် ကီရာ နိုက်တလေ တို့ ပါဝင်သ
ရုပ်ဆောင်ခြင်း မရှိတော့ချေ။ ဒါရိုက် တာ မှာ ဂိုး ဗာဘင်စကီး မဟုတ် တော့ ပဲ တေးသံစုံ ဂီတ ဇာတ်မြူးဇာတ်
များ ဖြစ်သည့် Nine, Chicago, Memories of Geisha ဇာတ်ကားများ ကို ရိုက် ကူးခဲ့သည်။ ရောဘ်မာရှယ်
ဖြစ်သည်။

နောက်ခံ ဆင်ဖို နစ် တီးခတ်မှု ဖြင့် ဇာတ်ကား ကို ဖော်ကျုးခဲ့ရာ တွင် ယခင် ဇာတ်ကား များ ထက် ပိုမို ကောင်း
မွန်သည်။ ဇာတ်လမ်း အဖွင့် တွင် ကပ္ပတိန် ဂျက်စပဲ ရိုး အဖြစ် သရုပ်ဆောင်သည့်  ဂျွန်နီဒပ် က သူ ၏ လက်ထောက်
မစ္စတာ ဂဘ် အား ဗြိတိသျှ  တရာရုံး မှ သေဒဏ် အမိန့် ချမှတ် မည့် ကို ရုပ်ဖျက်ပြီး ၀င်ရောက် ကယ်တင်ခြင်း
ဖြင့် ဇာတ်လမ်း စတင်သည်။

OST တွင် အဓိက သရုပ်ဆောင်ဖြစ်သည့် မင်းသားရော ၊ မင်းသမီး ပါ ရုပ်ဖျက်ပြီး ပရိသတ် နှင့် စတင် မိတ်
ဆက် သည် မှာ ထူးခြား လှသည်။ (ဇာတ်ကောင် ၏  သရုပ်ဆောင်မှု ပရိသတ် က ကျွမ်းဝင်မှု နှင့် သရုပ်ဆောင်
၏ အရည်အချင်း ကို ပြသခြင်းဖြစ်သည်)

OST တွင် Fountain of Youth ကိုရှာခြင်း မှ အပ ဇာတ်လမ်း မယ်မယ် ရရ မရှိ လှ ချေ။  OST အတွက် ဂီတမှုး
အ ဖြစ် နာမည် ကျော် ဂီတ မှုး Han Zimmer က တီးခတ်ပေးထားသည်။


5 Comments
  1. Freeman #

    နောက်ဆုံးသော သူ့ကို သံယောဇဉ်ကြီး သနားကြင်နာတတ်တဲ့ သူ့ချစ်သူကို ရေအောက်ကမ္ဘာထဲအထိ အပြီးတိုင်ခေါ်ဆောင်သွားသေးသဗျိုး… ရေသူမလေးကတော့ ။ တော်ကြာ မောင်ရင်ငတေ တို့ ငွေဆောင်မှာ မော်ဒယ်လ်ဂဲလ်လေးတွေကို ရေသူမဟန်ဆောင်ပြီး ခရီးသွား မြူဆွယ်တဲ့ လုပ်ငန်းခေတ်စားလာအုန်းမယ် :P

    May 31, 2011
  2. aww law ka #

    နောက်တော့ရေသူမလေးကသူ့ချစ်သူကိုရေအောက်ကိုခေါ်သွားတယ်ဗျို့၊ေ၇သူမလေးချောတယ်ဗျို့။ကုနးပေါ်မှာဆိုအမြီးပျောက်ပြီးခြေတောက်တွေပေါ်လာတယ်၊နောက်တခုရှိသေးတယ် ဟီးဟီးဟီး အကျီမပါဘူးဗျိုးးးးးးးးးးးးး

    May 27, 2011
  3. Lohan #

    ဒီကား ကို မကြည့်ရသေးဘူး ၇.၁ အသံအကြောင်း ကိုရှင်းပြတာ ကျေးဇူးပါပဲ

    May 26, 2011
  4. ရွှေလင်းမောင် #

    ရေသူမလေးတယောက်အဖြစ် သရုပ်ဆောင်လိုက်တဲ့ Gemma-ward ကိုအရမ်းကြိုယ်တယ်ဗျာ..။

    May 26, 2011
  5. မိုက်ကယ်ဂျော်နီအောင်ပု #

    ဟုတ်တယ်ဗျို့ ကာရစ်ဘီယံ က ပင်လယ်ဓားပြ များ ဂျတ်ကားမှာ
    ရေတူမလေးဂ ဂျဂါးလည်းပြောတတ်တယ်
    အနမ်းလေးတွေလည်းချွေတတ်တယ် ဗျို့

    May 25, 2011

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers