Skip to content

အပြောင်းအလဲ တကယ်လုပ်ချင် ရင် တစ်ပတ် အတွင်း လုပ်လို့ ရတယ်(editorial)

free-burma2

တင်ကျော်ကျော်စိုး၊              ၊စစ်အစိုးရ တစ်ဖြစ် လဲ အရပ် သား ယောင် ဆောင်ထား သည့်
စစ်အစိုးရက အပြောင်း အလဲလုပ်ချင် သည် ဟု ဆိုသည်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး
လည်း လုပ်ချင် သည် ဟု ပြောပြန်သည်။ နိုင်ငံ စီးပွား ရေး တိုး တက် ချင် သည် ၊ ဒါကြောင့် မို့
ပြည် ပ ရောက် မြန်မာ တွေ ပြန်လာကြ ဟု ဆို ပြန်သည်။ ( အမှန် တော့ ထောင် တွင်း နိုင်ငံ ရေး
အကျဉ်းသား သာ မက ဓားစာခံ များသထက် များ အောင် လုပ် သည့် စတာလင် တို့ လို ဗျူဟာ
မျိုး ပင် ဖြစ်သည်။

အခါလည် မပြည့် တတ်သေးသည့် ဗိုလ်သိန်းစိန်  အစိုးရသည် အဖထက်သားတစ် လကြီး ချင်ပုံ လည်း
ရ၏ ။ ဗိုလ်သန်းရွှေ ၏ စစ်အစိုးရ ထက် ကစား ကွက် ပိုစိတ် ၏ ။ မြန်မြန် သွက်သွက် ကစား သည်။
ဖျတ်ခနဲ  ဖျတ်ခနဲ တွေ့ လိုက် ရသည့် ပုံ ရိပ် များ မှာ ဟောလိဝုဒ် ရုပ်ရှင် ကား လို ရှိ ချေ၏။

ဓားခုတ် ရာ လက်ဝင် လျှို သူများ ၊ မိုးရွာ တုန်း ရေခံ များ ကား ပီဘီ နေရာ ကောင်း ရ ၏ ။ အမြှောက်
စား ခံ ရ ၏ ။ ပြည်သူ ကို မျက်လှည့်  ပြ သလို လုပ် ပြ နိုင်ရာတွင် ဒေးဗစ် ကော့ပါးဖီး တို့  ၊ ဂျွန်နီ
ဝက်(စ) မူလာ တို့  ပင် ဆရာ တင် ရ ၏ ။

ဤ..နေရာ တစ်ထောက် နား ၍ တည့်တည့် ပြောရလျှင် …… ကောက်ရိုး ခြေထောက် ၊ မြက်ခြေ
ထောက် ဘ၀ မှ လွှတ်တော် ကို ချွေးခံ အိတ်ထဲ ထည့် ထား နိုင်သည် ထိ ဥာဏ်များလှ သည့်
သည် သကောင့် သား များ
နှင့် အကြောင်း ဆက် ပေါင်းဖက်မည် ဆို လျှင် ဒင်း တို့  ၏ သန္ဓေ ကို
ကြည့် ရန် လို သည်။

သူ ဦး သူ ကိုယ်ဦး ကိုယ် ၊ အမြီးကျက် အမြီး စား ခေါင်းစား ၊ ခေါင်းကျက် ခေါင်းစား ၊ ဇတ်တူ
သား လည်း စား ခြင်း သည် ၎င်း တို့  ၏ ဇာတိရုပ် ဖြစ်သည်။ မင်းသား ခေါင်းဆောင်း ထားသည့်
ဘီလူး သာ ဖြစ်သည်။ အာဏာ ကို သေတစ်ပန် သက်တစ်ဆုံး ရိုးမြေကျ သံသရာ အဆက် ဆက်
ဖက် တွယ် သွား မည် မှာ သေချာ သည်။

ဗိုလ်သိန်းစိန် တို့  ကား သူတို့  ၏ အစိုးရ ကို နိုင်ငံတကာ က အသိအမှတ် ပြု ခံယူ လိုသည်။ တရား
ဝင် လည်း ဖြစ် လို ပေ၏ ။ ဆယ် စု နှစ် နှစ် ခု ကျော် ကြာ ၀စ်သောက် ဘ၀ ဖြင့် နေလာ တော့ လူ
ရိုသေ ရှင် ရို သေ ဖြစ် ချင် ပုံ ရ၏။

လူ ရိုသေ ရှင် ရို သေ ဖြစ်သူ များ ကို ဇာတ် ညွှန်း ထဲ ထည့် ဆွဲ ၏ ။ သွားလေသူ အမျိုးသား ခေါင်း
ဆောင် ကြီး ဗိုလ်ချုပ် အောင်ဆန်း ပင် လျှင် ဇာတ်ညွှန်း အရ ဓာတ်ပုံ ပါရ၏ ။

ဗိုလ်သိန်းစိန် ၏ ” ငါသေ မှ အာဏာရမယ်” ဇာတ်ထုပ် တွင် ဇာတ်ပို့ ၊ ဇာတ်ဆောင် နေရာကား ပါဝင်
သူများ ရှိ ၏ ။ အချို့  ကား ” တစ်ရေး ချစ် ခွင့် မြင် ရ နိုး ” အထင် ဖြင့် ညာသံ ပေး ၏  ။ အိုဇာတာ
မကောင်း သဖြင့် ချီး ထုပ် ဖြင့် နှစ် ပါး သွား ရ သူ များ လည်း ရှိ ၏ ။

နိုင်ငံ ရေး အကျဉ်းသား နှစ်ထောင် ကျော် ကို ထောင် တွေ ထဲ မှာ ထည့်ထား ပြီး ပြောင်း လဲ နေပြီ၊
အခု ပြောင်း မည် တော်ကြာ ပြောင်း မည် ၊ နောက် နေ့ ပြောင်း မည် လုပ် သည်။ အတော် ပင် တရား
ကျ ဖို့  ကောင်း သည်။

စစ်မှန်သော အပြောင်း အလဲ  တကယ် လုပ် ချင် သပ ဆိုလျှင်  မြန်မာ နိုင်ငံ ရေး သည် တစ်ပတ် အတွင်း
လုပ် လို့  ရသည်။   သို့  သော် စစ်အုပ် စု က ပြောင်း လဲ ချင် ပုံ မရ ချေ………..။ အပြောင်း အလဲ ကို စိတ်
ထဲ မှာ မှတ် လက် ငါး ချောင်း ထောင် အဆင့် သာ ရှိသေးသည့် မြန်မာ့ နိုင်ငံရေး အပြောင်းအလဲကို
…………..ဤ ခရီး နီး သလား ဟု မေးရ မလို ရှိ နေ ချေ ပြီ………….။

One Comment
  1. Kyaw Zin Oo #

    Very good article. Thein Sein is playing trick and Aunty Su is get cheated. Than Shwe is calling the shots behind the curtain. People are neglected and becomes poorer and poorer day by day. Cronies are getting rich by rich.
    Now almost half a century since that Dog Ne Win’s times and Burma reached No. 183 in UN Human Development Index order.

    Dog Ne Win, and Dog Shit Eater Saw Maung, Khin Nyunt and Tho Han Bwar Than Shwe
    May all those shits shall always remain as Dogs never perish from Burma’s History.

    September 30, 2011

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers