Skip to content

A5 Chip ကိုအသုံးပြု ထားသည့် iPhone 4Gs ကို မိတ်ဆက်ပြီ (Update)

cook_2017962c

i Pad နှင့် အလား သဏ္ဍန် တူ သည့် i Phone ပဉ္စမ မြောက် မျိုး ဆက် ကို အောက်တို ဘာလ
၎ ရက်နေ့  နံနက် ၉  နာရီ မှာ စ၍  ကာလီဖိုးနီးယား ပြည်နယ် ရှိ apple စတိုး ဆိုင် အချို့  တွင်
စတင် ပြသ ပြီး ထိုဖုန်း ၏ စွမ်းဆောင် ရည် များ ကို iPhone 5 ပရိသတ် များ သိရှိ နိုင် ရန် ပြ
သ သွား မည် ဟု သိရသည်။

iPhone 4Gs ဟု လည်း ခေါ် သည့် iPhone 5 မိတ်ဆက်ရှင်းလင်း ပွဲ အခမ်း အနား ကို ယနေ့ 
အက်ပ(လ်) ကုမ္ပဏီ ရုံး ချုပ် ရှိ ရာ ကပ်ပါတီ နို ဉ် ကျင်း ပ မည် ဖြစ် သည်။ အက်ပ(လ်) ကုမ္ပဏီ
က အိုင် ဖုန်း ပထမ မျိုး ဆက် ကို ၂၀၀၇ ခုနှစ် ဇွန်လ ၂၉ ရက် နေ့ တွင် စတင် ဖြန့် ချိ ခဲ့ ရာ
အိုင် ဖုန်း ပထမ မျိုး ဆက် ဟု လူ သိများ ခဲ့ သည်။

၂၀၀၈ ခုနှစ် တွင် iPhone 3 ကို ဖြန့် ချိခဲ့ ရာ တစ်ပတ် အတွင်း မှာ ပင် အလုံး ရေ တစ်သန်း ရောင်း
ချ ခဲ့ ရသည်။

iPhone 5 သည် iPhone မျိုးဆက် ဟောင်းများ ထက် ထိတွေ့  မျက်နှာ စာ ပို ကျယ်က iPad
နှင့် အလား သဏ္ဍန် တူသည်။

လှိုင်းဖမ်းတိုင် ပါရှိ ကာ ကင်မရာ မှာ မီဂါ ပီဇယ် ၈ အထိ ရှိ သည်။ နိုင်ငံ တကာ သို့  ခရီး ထွက် နေ
ရသည့် သူများ အတွက် အခြား နိုင်ငံ များ မှ သုံးသည့် ကြိုးမဲ့ ဆက်သွယ် ရေး လိုင်း များ ကို အ
လွယ် တကူ လွှဲ ပြောင်း ပေး နိုင် သည်။

iPhone 5 သည် apple ကုမ္ပဏီ ၏ အမှု ဆောင် အရာ ရှိ ချုပ် စတိဗ် ဂျောဘ့် ၏ နောက် ဆုံး တီ
ထွင် မှု ဖြစ်သည်။

အောက်တိုဘာ လ ၄ ရက် နေ့ လည် ၁၂ နာရီ အမေရိကန် နိုင်ငံ ပိစိဖိတ် စံတော်ချိန် မွန်း လွဲ ၂ နာ
ရီ နောက်ဆုံး ရ သတင်း

Apple ကုမ္ပဏီ ၏ လက်ရှိ အမှု ဆောင် အရာ ရှိ ချုပ် တင်ကော့ခ် က ကပ်ပါတီ နို တွင် ပြု လုပ်
သည့် iPhone 4Gs  မိတ်ဆက်ပွဲ အခမ်းအနား တွင် Apple မှ နောက်ဆုံး ထုပ် လုပ် လိုက်
သည့် iPhone သည် အခြား စမတ် ဖုန်းများ ထက် ဆက်သွယ် မှု နှင့် အချက် အလက် စီး
ဆင်း မှု တွင် ပို မြန် ကြောင်း တက်ရောက် လာ သူ များ ကို အသိပေး ပြောကြား ခဲ့ သည်။

Apple ၏ မျိုးဆက်သစ် ရွေ့ လျှား ဆက်သွယ် ရေး စက် ထုတ်လုပ် မှု တွင် အသံ ကို မှတ်မိ
သည့် စနစ် နှင့် ဘာသာ ပြန်ဆို မှု ပါဝင် ၍ မိမိ ၏ တစ်ကိုယ်ရည် အထောက်အကူ ပြု စက်
ကိရိယာ အဖြစ် သုံး နိုင် သည် ဟု ဆို သည်။

GSM နှင့် CDMA အာရုံ ခံ တိုင် ပါရှိ သဖြင့် အဆိုပါ ဖုန်း ကို ကမ္ဘာ တစ်လွှား ကြိုက် သည့် နေ
ရာ တွင် အသုံး ပြု နိုင် သည် ဟု သိရသည်။

iPhone 4Gs  ကို အောက်တိုဘာ လ ၁၄ ရက်နေ့  တွင် စတင် ဖြန့် ချိ ရောင်းချ မည် ဖြစ် ပြီး
AT&T, Verizon, Sprint စသည့် လိုင်း များ နှင့် ချိတ် ဆက် ရောင်းချ မည် ဖြစ် ပြီး ၁၆၊၃၂
၆၄ ဂီဂါဘိုက် များ အတွက် ၁၉၉၊ ၂၉၉၊၃၉၉ ဒေါ်လာ ကျသင့် မည် ဖြစ် သည်။

မျိုးဆက် သစ် အိုင်ဖုန်း တွင် စွမ်းဆောင် ရည် မြင့် သည့် A5 Chips ကို အသုံး ပြု ထား သည်။
ဗီဒီယို မှတ် တမ်း တွင် 1080 P HD ဗီဒီယို ရိုက် ကူး မှု စနစ် နှင့် ရုပ်တည် ငြိမ် မှု စနစ် ပါ
ဝင်သည်။

This slideshow requires JavaScript.

One Comment
  1. How much its cost ?

    October 4, 2011

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers