Skip to content

အက်ဂါ ဟူးဗား အဖြစ် သရုပ်ဆောင် သည့် ဒီကာပရီယို အော်စကာ ဆွတ်ခူး နိုင်

Photo Imagine Entertainment

NCN><ဒါရိုက်တာ ကလင့် အိတ်(စ)၀ုဒ် ရိုက်ကူး သည့် အက်ဂါ ဟူးဗား ဘ၀ ဇာတ်ကြောင်း တွင် FBI
တည်ထောင် သူ J. Edgar Hoover အဖြစ် သရုပ်ဆောင် သည့် လီယီု နာဒို ဒီကာပရီယို သည်
အမေရိကန် ရုပ်ရှင် ထူးချွန် ဆု များ နှင့် နီးစပ် နေ သည် ရုပ်ရှင်ဝေဖန် ရေး ဆရာ များ က မှတ်
ချက် ပြုကြ ကုန် သည်။

မည်သည့် အချိန် မှ ကြောက်ရွံ့  အားငယ်သည့် ဟန် ကို မပြ ခဲ့ သည့် FBI အရှင် သခင် အက်ဂါ
ဟူးဗား အဖြစ် သရုပ်ဆောင် ရာတွင် လီယိုနာဒို ဒီကာ ပရီယိုသည် ဟူးဗား အဖြစ် သူ ၏ တစ်
ကိုယ်ရည် ဘ၀ နှင့် အများ သိသော ဟူးဗား ဘ၀ အဖြစ် ငယ်စဉ် မှ သည် အိုမင်းရင့် ရော် သည်
ထိ ကို ပြောင်မြောက် စွာ ဖြင့် J. Edgar တွင် သရုပ်ဆောင် ခဲ့ သည် ဟု ၀ါရင့် ရုပ်ရှင် ဝေဖန်
ရေး ဆရာ ကြီး Roger Ebert က Chicago – Sun – Times သတင်းစာ တွင် ရေး သားထား
သည်။

လီယိုနာဒို ဒီကာပရီယို သည် What’s Eating Gilbert Grape (၁၉၉၄) Blood Diamond,
The Aviator ဇာတ်ကားများ ဖြင့် အမျိုးသား သရုပ်ဆောင်  ရုပ်ရှင်ထူးချွန်ဆု များ ကို လျှာ
ထား ခံရ သော်လည်း ဆုရရှိ ခဲ့ ခြင်း မရှိ ချေ။

အက်ဂါ ဟူးဗား သည် ၁၉၂၂ မှ ၁၉၇၂ ခုနှစ် မေလ  ၂ ရက် သူ သေဆုံးသည် အထိ ပြည်ထောင်
စု စုံစမ်း စစ်ဆေးရေး ဌာန ကြီး တွင် ညွှန်ကြားရေး မှုး ရာ ထူး ဖြင့် အကြီး အကဲ နေရာ ကို တာ
ဝန်ထမ်းဆောင် ခဲ့ သည်။

သူ့ လက်ထက် တွင် အမေရိကန် နိုင်ငံ သို့  ခိုးဝင်လာ သည့် ဂျာမန် ယူဘုတ် များ ကို ဖမ်းဆီး နိုင်
ခဲ့ပြီး ၊ အယ်(လ)ကပုန်း နှင့် ဂျွန်ဒလင် ဂျာ အပါအ၀င် အမေရိကန် မာဖီးယား နှင့် ဒုစရိုက် ခေါင်း
ဆောင် များ ကို လည်း ရှာဖွေ ဖော်ထုတ် နိုင် ခဲ့ သည်။

သိုသိုသိပ်သိပ် နေတတ်ပြီး သူ၏ အတွင်း စည်း ဉ် သူ့  အတွင်းရေး မှုး ဖြစ်သူ ဟယ်လင် ဂန်ဒီ နှင့်
ကလိုက် တိုင်ဆန် တို့  ကို သာ သူ့ နား တွင် ရှိ နေ စေခဲ့ သည်။

ဟယ်လင် ဂန်ဒီ အဖြစ် နာအိုမီဝတ် (King Kong) က သရုပ်ဆောင် ပြီး ၊ ကလိုက် တိုင်ဆန် အဖြစ်
The Social Network မှ  အာမီ ဟားမား က သရုပ်ဆောင် သည်။

၎င်း သည် ၁၉၅၀ ပြည့် လွန် နှစ်များက အမေရိကန် ပြည်သူ့  အခွင့် အရေး လှုပ်ရှား မှု များ နှင့်
ကွန်မြူ နစ် ၀ါဒ အမေရိကန် ပျံနှံ့  လာမှု ကို အပြင်း အထန် တားဆီး နှိပ် ကွပ် ခဲ့ သူ ဖြစ်သည်။

J.Edgar ဇာတ်ကား ကို ရိုက်ကူး ခဲ့ သည့် ဒါရိုက် တာ ကလင့်အိတ်(စ)၀ုဒ် သည် Unforgiven,
Million Dollar Baby ဇာတ်ကားများ ဖြင့် အော် စကာ ဆု ရရှိ ခဲ့ သူ ဖြစ်သည်။

ကလင့်အိတ်(စ)၀ုဒ်  ဒါရိုက်တာ အဖြစ် ရိုက် ကူး သည့် Gran Torino , The Changeling,
Mystic River နှင့် Letter  from Iwo Jima ဇာတ်ကားများ မှာ လူ ကြိုက်များ သည်။

သူ သရုပ်ဆောင် ခဲ့ သည့် A Fistful of Dollars နှင့်   The Good,The Bad, The Ugly
ဇာတ်ကား များ ကို မြန်မာ ပရိသတ် တို့  နှစ် ခြိုက်ကြ သည်။

လီယိုနာဒို ဒီကာပရီယို သည် ယမန် နှစ်က ဒါရိုက်တာ ခရစ်တို ဖာ နိုလန် ရိုက် ကူး ခဲ့ သည့်
Inception ဇာတ်ကား တွင် သရုပ်ဆောင် ခဲ့ သည်။

One Comment
  1. Dorris Aye Thiri #

    It’s Intresting story. Edgar Hoover is never maried and his secretary like him. EH personal life is very different of his public life. Eastwood is my fav director. Thanks to FNG for this review.

    October 19, 2011

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers