Skip to content

ခွေးသေ ၀က်သေ ကဒါဖီ ရဲ့  ကံကြမ္မာ မျိုး မြန်မာ အစိုးရ အဖွဲ့  အပေါ် ကျရောက် နိုင် (Editorial)

Death of Dictator

တင်ကျော်ကျော်စိုး ၊         ၊ ခိုင်မာပြီး သဘောထား မှန် ကန် သည့် အပြောင်း အလဲ များ ကို
လျှင်လျှင် မြန်မြန် မလုပ် နိုင်ပါက လက်ရှိ မြန်မာ စစ်အစိုး ရ သည် ကဒါဖီ ၏ ဘ၀ နိဂုံး
အဆုံးသတ် လို ပင် ခါးသီး သော နေ့  ရက် များ ဖြစ် ပေ လိမ့် မည်။

နိုင်ငံ အာဏာ အား ၄၂ ကြာ အာဏာရှင် တစ်ဦး အဖြစ် အကြွင်းမဲ့ အုပ် ချုပ် ခဲ့ ပြီး နောက် ပြည်သူ
ထောင်ပေါင်း များ စွာ ကို ညှင်းဆဲ သတ်ဖြတ် ခဲ့ သည့် လစ်ဗျား အာဏာ ရှင် သည် မသေခင် ဒဏ်
ရာများ စွာ ဖြင့် အော်ဟစ် ညည်း တွား ဆဲရေး တိုင်း ထွာ လိုက် တောင်းပန်း တိုးလျှိုး လိုက် ဖြင့်
သွေး ရူး သွေးတန်း ဖြစ် နေ ပုံ မှာ မြန်မာ နိုင်ငံ မှ အာဏာရှင် များ သံဝေဂ ယူဖွယ် ရာ ပင် ဖြစ်
တော့ သည်။

သံဝေဂ ယူဖွယ်ရာ ကဒါဖီ ၏ နောက်ဆုံး အချိန် ကို ဤနေရာ တွင် ကြည့် နိုင် သည်။

လွန် ခဲ့ သည့် တစ်လ ကျော် က အာဏာ လက်လွှတ် လိုက်ရ ပြီး နောက် မွေးရပ် မြေ တွင် ပုန်းရှောင်
နေရသည်။ ပထမ သာမန် မထင် မရှား အိမ် တစ်ခု တွင် ပုန်း ခို နိုင် သော် လည်း တော်လှန်းရေ တပ်
သားများ က သူ့  ကို ၀ိုင်းထား မိချိန် တွင်  မော်တော်ကား ဖြင့် မပြေး နိုင် တော့ ဘဲ ရေဆိုးလွှတ် ပြွန်
တစ် ခု ထဲ တွင် ၀င် ပုန်း နေရ သည် အထိ အဖြစ် ဆိုးလှသည်။

သည် ဖြစ် ရပ် ကို အရပ် သား အရေ ချုံထား သည့် မြန်မာ စစ်ခေါင်းဆောင် များ သင်ခန်းစာ ကောင်း
ကောင်း ယူသင့်  သည်။

ကဒါဖီ သေဆုံး သည့် သတင်း ကို မြန်မာ ပြည်သူ များ က စိတ် ၀င်စား ကြသည်။ မန္တလေး မြို့  မှ
ကွန်ပျူတာ ပညာရှင် တစ်ဦး က ” ကဒါဖီ သေဆုံး သည့် အတွက် သူက စစ်အာဏာရှင် စနစ်
ပြုတ် ကျရေး တွင် တစ်ထောင့် တစ်နေရာ က ပါဖို့  ပို ပြီး စိတ် အား တက်ကြွ လာ သည် ” ဟု
ဆို သည်။

ကဒါဖီ သည် ၁၉၉၆ ခုနှစ် အဘူ ဆာလင်း အကျဉ်း ထောင် မှ နိုင်ငံရေး သမား များ ကို သတ်ဖြတ်
ပြီး ထောင် ထဲ မှာ ပင် ကျင်း တူး က စု ပေါင်း မြုပ် နှံ ခဲ့ သည်။ ထို ကျင်း ကို ဘ၀ တူ နိုင်ငံ ရေး
အကျဉ်း သား တွေ ကို ပဲ သင်ခန်း စာ ယူနိုင် ရန် ဟု ဆိုကာ သူက ပြန် တူး ခိုင်း သည်။

အဖမ်းခံ ရစဉ် က မှဲ့  တစ်ပေါက် မျှ ပင် မစွန်း သေးသော်လဲ ၀တ်လစ် စလစ် ဖြင့် သွေးသံ ရဲရဲ သေ
သည့် လစ်ဗျား ခေါင်းဆောင် ဟောင်း ဗိုလ်မှုးကြီး မွမ်မါ ကဒါဖီ ၏ ဘ၀ ဇာတ် သိမ်း သည် သူ လက်
ချက် ကြောင့် အသက် တွေ ၊ ဘ၀ တွေ ပျက်ခဲ့ ရသူ တို့  က အရိုး တွန် ခြင်း ပင် ဖြစ် တော့ ၏

တကယ်တော့ သူ ကို ဖမ်းဆီး သူများ က လည်း သူ့ လက်ချက် ကြောင့် ဘ၀ ပျက် ၊ အသက် ထွက်
ခဲ့ ရ သူ တွေ ၏ ဆွေမျိုး သားချင်း များ ပင် ဖြစ် သည်။ သူ တို့ ၏ လက် စား ချေမှု မှာ တရားမျှတ
သည်။ ချို မြိန် သည်။

လက်ရှိ မြန်မာ အစိုးရ အနေ ဖြင့် ကဒါဖီ လို အဖြစ် ဆိုး မျိုး မကြုံ စေလိုလျှင် အချိန် များ စွာ မကျန်
တော့ ပါ။ မရိုးသား သော စိတ် ဖြင့် အာဏာ ကို ဆုပ် ကိုင် ထား လျှင် ပြည်သူ က မဝေး သော တစ်
နေ့ တွင် ပင် ဒဏ်ခတ် မည် ပင်  ဖြစ်သည်။

အာဏာရှင် တိုင်း တွင် ဆိုးရွားသော ကံကြမ္မာ က အသင့် စောင့် ကြို နေသည် ဆို သည် ကို
အရပ်ဝတ် မြန်မာ စစ်ဗိုလ်ချုပ် ဟောင်း များ ကောင်းကောင်း ကြီး သဘောပေါက်ထား ရန်
လို သည်။

အာဏာရှင် များ ၏ ကျ ဆုံး ခန်း က တဖြည်းဖြည်း ပို ပြီး မြန်လာ သည်။ လူရည် လည်လှ
သည့် မြန်မာ စစ်ဗိုလ် ချုပ် များ အတွက် အချိန် များ စွာ မကျန် တော့ ပါ။

3 Comments
  1. soe #

    သံဝေဂရစရာပါပဲ၊ပြည်သူကိုရင်ဝယ်သားလိုမစောင့်ရှောက်တော့ဒီလိုအဖြစ်ဆိုးကြုံရမှာပါပဲ။အသိသတိယူနိုင် ကြပါစေမြင်နိုင်ကြပါစေ။ငြိမ်းချမ်းကြပါစေ။

    October 25, 2011
  2. Kyaw Zin Oo #

    Burma will not happened like this;Cos we are too soft.

    October 22, 2011
  3. ကိုမြန်မာ #

    ကျွန်တော်တို့ မြန်မာလူမျိုးတွေက ခွင့်လွတ်စိတ်ကြီးပေမယ့် . . ကံတရားကတော့ ခွင့်လွှတ်လိမ့်မည် မဟုတ်ဆိုတာ ကျွန်တော်တို့၏ လူကြီးမင်းများ သင်ခန်းစာယူကြပါ။

    October 21, 2011

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers