Skip to content

မြန်မာ ပြည်မှာ အပြောင်းအလဲ တွေ ဖြစ်နေပြီ

Qoute MDY

ကလန်သံဗျင် ရဲ့ ချစ်စွာသော စာဖတ် ပရိသတ် များ မင်္ဂလာ အပေါင်း နဲ့  ခညောင်း ကြပါစေ။
ကလန်သံဗျင် တစ်ယောက် ပရိသတ် ရှေ့ မှောက် သို့  ရောက် ရှိ လို့ လာ ပြန်ပါပြီ။  ပရိသတ်
နဲ့  ကွဲကွာ နေတဲ့ ကာလ တစ်လျှောက် မှာ ကလန် သံဗျင် တစ်ယောက် အီးယူ နိုင်ငံ ကြီးတွေ
ကို တိုင်းခန်း လှည့်လည် ခဲ့ ပါတယ်။ အဲဒီမှာ သင်တန်း တွေ တက် လိုက် အနေအစား ချောင်
လိုက် Post – Election လေး အာရိုက်လိုက် ၊ Changing in Burma ဆိုပြီး မတတ်တစ်
ခေါက် နဲ့  ပရီဆန် တေးရှင်း လုပ်လိုက် ၊ How to help development in Myanmar ဆို
ပြီး လေကန် လိုက် ဆိုတော့ စာ မရေး ဖြစ်တော့ ဘူး။ (စိတ်ထဲ မှာ ဖြစ်ချင်တာ တွေ ကို
လျှောက် ပြောတာ ပါ ၊ တကယ်က တောပြန်ပြီး လယ်စိုက် နေရ တော့ အင်တာနက် တွေ
အင်တာဖြူ တွေ နဲ့  ဝေးပေါ့ )

အခုတလော  မြန်မာ နိုင်ငံ မှာ အပြောင်း အလဲ တွေ ဖြစ်နေပြီ လို့  မြန်မာ  အစိုးရ မင်း တွေ ကရော
၊ အစိုးရမင်း တွေ ကို လိုလား သူ တွေ က ပါ ပြောနေကြတယ်။  ကလန် သံဗျင် တို့  တော်မှာ တော့
ရေကြီး လို့  စပါခင်း တွေ ပျက်သွား တဲ့ အပြောင်း အလဲ ပဲ ရှိ တယ်။

ရေကြီးလို စပါးခင် တွေ ပျက်တော့ ကလန် သံဗျင် လဲ ဘယ်ရမလဲ မြို့  ပြန်တက် ပြီး ဂျာနယ်လစ်
ပြန်လုပ် ဖို့  တစ်စခန်းထ ပြန်ရော ။  ဒီတစ်ခါ ဂျာနယ်လစ် လောက ထဲ ပြန်ဝင်တော့ သတင်းလိုက်
စရာ တွေ က တော် တော် စုံလင် လာသား ၊ လွှတ်တော် သတင်း ယူမလား ၊ အမတ်တွေ နဲ့ ဗျူး အုံးမလား ၊
ရုပ်ရှင် ပွဲတော် သတင်းယူမလား  ၊ စသည် ဖြင့် ….စသည် ဖြင့် ပေါ့ စုံ နေတာ ပါပဲ…..။

ကလန် သံဗျင် က တော့ မြန်မာ နိုင်ငံ မှာ အပြောင်း အလဲ တွေ ဖြစ် နေပြီ ဆိုလို့  အင်တာနက် ၀င်ကြည့်
မိပါတယ်။ တစ်ခါ ဂျီ တော့ နိုင် ဖို့  တစ်နာ ရီ လောက် ကြာတာ နဲ့  မဖြစ် သေးဘူး ဆို ပြီး ပြန်လှည့် ခဲ့ ရ
တယ်။ မန္တလေး မှာ လည်း အပြောင်း အလဲ တွေ ဖြစ်နေပါပြီ…. ရေကြီး တုန်းက ပျက် ခဲ့ တဲ့ လမ်းတွေ
၊ တစ် ခါ …. တစ်ခါ သင်္ဘော ဆိပ် တွေ ၊ ဘူတာရုံ တွေ မှာ ပေါ်တာ ဆွဲ တုန်းပဲ ဆိုတဲ့ သတင်း တွေ ပါပဲ။

ဒါတွေ က သတင်း ထူး တွေ မှ မဟုတ် တာ …ထူးထူးခြားခြား ဖြစ်ရမယ့် Investigation Story
တွေ ရှာ ပြီး လိုက်မယ် ဆိုတဲ့ သဘောနဲ့  ဈေး ချို ဘက် ခြေဦး လှည် ပြန်ပါ ရော။ ဈေးချို မှာ ကလန်
သံဗျင် ရဲ့ မိတ်ဆွေ တွေ ရှိ တယ် လေ။

ဈေးချို ရောက်တယ် ဆို ရင် ပဲ ..ကုန် စည် စီးဆင်း မှု နဲ့  တခြား သတင်း တွေ ကို စုံစမ်း ရပြန် ပါတယ်။
မိတ်ဆွေ သူငယ် ချင်း ကတော့ ဒီ နေ့  လေလံ ပွဲ ရှိတယ် ဆိုတာ နဲ့  မန္တလေး စည် ပင် ရဲ့  လေလံ ဌာန
ကို ရောက် ဖြစ် ခဲ့ ပြန်ပါတယ်။

လေလံပွဲ စတော့ ဆိုင်ခန်း တွေ ၊ ကား ရပ်နား တဲ့ နေရာ ၊ ဂိတ်ကြေး ၊ အစားအသောက် ဆိုင် တွေ ကို လေ
လံ ပစ် နေ ကြတာ တွေ့ ရတယ်။

ဒီမှာ မထင် မှတ် ဘဲ ၂၀၀၇ ခု နှစ် ရွှေဝါရောင် တော်လှန်ရေး မှာ ပါဝင် ခဲ့ လို့  ထောင်ဒဏ် ချမှတ် ခံရတဲ့ မန္တလေး
NLD က ဒေါ်ဝင်းမြမြ ရဲ့  ဆိုင် ပါဝင် လာ တာ ကို ကြားရတယ်။ တာဝန်ရှိ တဲ့ အဖွဲ့  အစည်း တွေ က လျှော်ကြေး
၊ နစ်နာ ကြေး တွေ ပေး ပြီး သိမ်းတာ များလား လို့  မေးမြန်းကြည့် ပါတယ်။

သူငယ်ချင်း ကတော့ ပြောပါတယ်။ ” မင်းကလဲ ကွာ ဘယ် နှယ့် နစ်နာ ကြေး ပေး ပါ့ မလဲ ကွာ ၊ တိုင်းပြည် တည်ငြိမ်
အေးချမ်း မှု ကို ပျက်ပြား စေသည် ဆို ပြီး တရား ဆွဲ ထောင် ချပြီး သိမ်းတာပါ ကွ လို့  ပြောပါတယ်။

ကဲ…. မြန်မာ နိုင်ငံ မှာ အပြောင်းအလဲ တွေ ဖြစ် နေပါပြီ …. တွေ့ တဲ့ အတိုင်း ၊ မြင်တဲ့ အတိုင်း ၊ ကြားတဲ့ အတိုင်း
ပါဘဲ ….

ဒါတောင် ကလန် သံဗျင် က ရွာနီး ချုပ်စပ် က သတင်း တွေ လိုက် တဲ့ အဆင့် ပဲ ရှိ သေး တယ်။

နိုင်ငံ နဲ့  အ၀ှမ်း ဆိုရင်တော့ တော် တော် ပြောင်းလဲ မယ် ထင် ပါ တယ်။

ကလန် သံဗျင် က တော့ ” အပြောင်း အလဲ တွေ ဖြစ်နေပြီ ဆိုတဲ့ သူတွေ အတွက် အိမ်နား က ကြီး ဒေါ်
ကြီး လေသံ နဲ့  မေးလိုက် ချင်ပါတယ်.. ” ဘယ်နား မှာ သွား ပြီး ပြောင်းလဲ တာ လဲ လို့ ”

အတုအပ သတိပြုပါ …. မူလ လက်ဟောင်း ကလန်သံဗျင် ဖြစ်သည်။

One Comment
  1. Nyimin Htet Kyaw #

    မှန်ပါ့ခင်ဗျာ … ကော့သောင်းမှာ မူပြဆရာမတစ်ယောက် အခွင့်ထူးလေးရဖို့တဲ့ ပညာရေးမှူး ဦးစောဝေါလစ်ကို ထိုင်းဘတ်ငွေ (၃၀၀၀) ဘတ် ကန်တော့တယ်ဆိုပဲ။ အဲတော့ အခွင့်ထူးလေးရပါလေတော့သတည်း ။။

    November 15, 2011

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers