Skip to content

မဟာမြတ်မုနိဘုရားကြီး ရှိ မဟာဗုဒ္ဓ၀င် ဗိမာန်တော်ကြီးတွင် သံဃာတော်များ သပိတ်မှောက်(LIVE)

MDY Mg Mg Oo

နေ့ လည် ၁၂ နာရီ တွင် နောက် ဆုံး သိရသည့် သတင်းများ အရ ဆန္ဒပြ သံဃာတော် များ
အား ရေ နှင့် ဓာတ်ဆီ ဆက်ကပ် သည့် လမ်း ၈၀ တရုတ် တန်း မှ အမျိုးသား တစ်ဦးကို
ရဲ တပ်ဖွဲ့  က ကြမ်းတမ်း စွာ ဖမ်း ခေါ် သွား သည် ဟု မျက်မြင့် တွေ့ ရ သည် ဦးတင်စိုး
(ဘုရားကြီး ရှိ နိဗ္ဗာ ကုန်သည်) က FNG သို့  ပြောသည်။

မြန်မာ နိုင်ငံ ကို ၂၀၁၄ အာဆီယံ ဥက္ကဌ အဖြစ် ခန့် အပ် ဖို့  အတည်ပြုလိုက် ပြီ ဖြစ်တဲ့ သံဃာနာ
ယက အဖွဲ့  က ဆန္ဒပြ သံဃာတော် တွေ ကို ထွက် ခွာ ဖို့  ညွှန်ကြား တာ ကို မလိုက်
နာရင် သိန်းစိန် အစိုးရ က အင်အား သုံးမယ် လို့  သတင်း ရရှိ ပါတယ်။

နိုင်ငံရေး အကျဉ်းသား များ လွတ်မြောက် ခြင်း မရှိ ပါက တစ်နိုင်ငံလုံး လူထု အုံကြွမှု စတင်
ရန် ရန်ကုန် နှင့် မန္တလေး တွင် တိုက်တွန်း လှုံဆော် စာများ ဖြန့် ဝေ နေသည် ဟု သတင်း
ရရှိ သည်။ နိုင်ငံရေး အကျဉ်းသား လွတ်မြောက် ရေး အထွေထွေ သပိတ် ကို ယခု လနှောင်း
ပိုင်း တွင် စတင် မည် ဟု သတင်း ရရှိ သည်။

__________________________________________________________

မူရင်း သတင်း ၊           ၊နိုဝင်ဘာ ၅၊ ၂၀၁၁ နံနက် ၅ နာ ရီကျော်ခန့်မှ စတင်ပြီး မန္တလေး၊
မဟာမြတ်မုနိဘုရားကြီး၊မဟာဗုဒ္ဓ၀င်ဗိ မာန်တော်ကြီးတွင် သံဃာတော်ငါးပါး ဦးဆောင်
ကာ သပိတ်မှောက်

လျက်ရှိသည်။တောင်းဆိုချက်များကို ဗိမာန်တော်ကြီးအရှေ့ဖက်(လိပ်ကန်ဘက်ခြမ်း)တွင်

ချိတ်ဆွဲထားပြီး ၄င်းတို့မှာ-
၁။ မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ (Peace Here Right Now)

၂။ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ် (Free All Political Prisoners)

၃။ လွတ်လပ်မှုကိုပေးပါ (We Want Freedom)

၎။ ပြည်တွင်းစစ် ချက်ချင်းရပ် (Stop Civil War Now)

တို့ဖြစ်သည်။အဆိုပါသံဃာတော်များကို သိန်းစိန်အစိုးရတာဝန်ရှိသူများက မန္တလေးမြို့မှ
မစိုးရိမ်ဆရာတော်ဦးရာဇဓမ္မာဘိဝံသအစရှိသည့် ဆရာတော်ကြီးများကို ကြားခံထားကာ
တွေ့ဆုံဆွေးနွေးလျက်ရှိသည်။သပိတ်မှောက်သံဃာတော်များက ၄င်းတို့တောင်းဆို
ထားသော အချက်များမရမချင်း
ထိုဗိမာန်ထဲတွင်သာ ဆက်လက်နေထိုင်တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသံဃာတော်များသည် ၄င်းတို့နှင့်အတူ ရေ၊ ဆန်၊ စားစရာအချို့၊ ထမင်းပေါင်းအိုး၊
မီးစက်များကအစ တစ်ပါတည်းယူဆောင်ထားပြီး သံဃာတော်များ သပိတ်မှောက်သည်ကို
လာရောက်အားပေးသော မန္တလေးလူထုကြီးကလည်း ဆရာတော်များလိုအပ်သည်ကို
(ဓာတ်ဆီ၊ စားစရာ၊ရေစသဖြင့်) လှူဒါန်းလျက်ရှိပါသည်။

(နောက်ဆုံးကြားသိရသော သတင်းအရ ယနေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ဒေါ်အောင်ဆန်း
စုကြည်နှင့်ပါ ဖုန်းနှင့်တိုက်ရိုက်ဆွေးနွေးမည်ဖြစ်ကြောင်း ကြားသိရပါသည်။)

နောက်ဆုံးကြား သိရသည့် သတင်းများ အရ မန္တလေး တိုင်း ၀န်ကြီးချုပ် ဦးရဲမြင့် နှင့် ဆန္ဒပြ သံ
ဃာတော် များ ယနေ့  နေ့ လည် တွင် ဆွေးနွေး မည် ဟု FNG မှ သိရသည်။

ညိုကြီး ၏ Face Book စာမျက် နှာ ၊ ဘလောက် စာမျက်နှာ နှင့် ကို မောင် မောင် ဦး ၏ မှ Facebook စာမျက်နှာမှ
သတင်းနှင့် ဓာတ်ပုံ များ  ဖြစ်ပါသည်။

About these ads
Follow

Get every new post delivered to your Inbox.

Join 536 other followers

%d bloggers like this: