Skip to content
ရန်ကုန် နှင့် မန္တလေး တွင် တနင်္လာနေ့ ဉ် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှား မှု စတင်မည်
Burma VJ Photo
မောင်လင်း(တံခွန်တိုင်) နိုဝင်ဘာလ ၂၁ ရက် နေ့  နေ့ လည် ၁၂ ရာအချိန် တွင် ရန်ကုန် မြို့ 
ဆူးလေ စေတီ နှင့် မန္တလေး မြို့  တွင် မဟာ မြတ်မုကြီး ဘုရား ကြီး အနီးဉ် နိုင်ငံရေး အကျဉ်း
သာ လွတ်မြောက် ရေး သံဃာ နှင့် ပြည်သူ များ လှုပ်ရှား မှု စတင် မည် ဟု သတင်းရရှိသည်။
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေး
တို့  အတွက် မန္တလေး မြို့ မှ သံဃာ တော် များ သည့် ယနေ့  နေ့ ဆက်ကပ် ပြီးချိန် မှ စပြီး
သပိတ်မှောက် တောင်း ဆိုမှု စတင် သည် ဟု FNG မှ သတင်း ရရှိ သည်။
သံဃာတော် များ ကလေး အကျဉ်းထောင် ထဲ ဉ် ပျံလွန်တော် မူလုနီးပါး ဖြစ်နေသည့်
ရွှေဝါရောင် တော်လှန်ရေး ခေါင်းဆောင် ဆရာတော် ကို အသျှင် ဂမ္ဘီ ရ ကို စိတ်ပိုင်း
ဆိုင်ရာ နှိပ်စက် လို သည့် အတွက် မယ်တော် ဒေါ်ရေး နှင့် တွေ့ ခွင့် မပေး ဘဲ ထောင်
ပြောင်း ရွှေ့ ရာမှ ဒေါသ ပေါက်ကွဲ ခြင်း ဖြစ်သည် ဟု သိရသည်။
သပိတ်မှောက် ကံဆောင် မှု ကို နေ့ လည် ၁၂ နာရီ အချိန်တွင် ကျောင်းတိုက် အသီးသီး
မှ အုံးမောင်းများ ခေါက်ကာ လမ်းပေါ် ထွက် စုရုံးပြီး စတင်ခဲ့ ခြင်း ဖြစ်သည်။
ဆန္ဒပြ ပွဲ ဉ် ပါဝင် သည့် သံဃာတော် ဦကောမလ က ဒီအစိုးရ မကောင်း ဘူးဗျာ နိုင်ငံ
ရေး သမား တွေ ကို အခုလွှတ်တော် မလိုလို တော်ကြာ လွှတ် တော့် မလို လို နဲ့  သူ
တို့ တင် မက ဘူး မိသား စု ပါ ဒုက္ခရောက် အောင်လုပ် တယ်။ ဒေါ် စု ကို ကောင်းကောင်း
ဘူး ဟု FNG သို့ မိန့် သည်။
မန္တလေး မြို့  တွင် နိုင်ငံရေး အကျဉ်းသား များ လွတ်မြောက်ရေး အတွက် ဆန္ဒ ပြမှု များ
ပေါ် ပေါက်ရခြင်း မှာ ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ၏ အမိန့် အရ နိုင်ငံ ရေး အကျဉ်းသား များ
ကို လွှတ်ပေး ရန်ယခု နှစ် ကုန် အထိ ဆိုင်းငံ ထား ခြင်း မှ စတင် သည် ဟု သိရသည်။
ယခု သီတင်း ပတ် အတွင်း ရန်ကုန် နှင့် ရခိုင် ပြည်နယ် စစ်တွေ မြို့  များ တွင် သံဃာများ
ဆန္ဒ ပြ မှုစတင် မည် ဟု သတင်း ရရှိ သည်။
မန္တလေး မြို့ ရှိ သံဃာတော် များ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး သပိတ်မှောက်
ကံဆောင် မှု စတင် နေသည် ကို ဤနေရာ မှ တစ်ဆင့်ကြည် ညို ဖူးမြော်နိုင်ပါ သည်။
About these ads
One Comment
  1. kyaukmethar #
    ကျွန်တော်တို့ နိုင်ငံမှာ သည်လို အကျဉ်းသားတွေ အများကြီးရှိနေတာပဲလေ။ နိုင်ငံရေး အကျဉ်းသားတွေကပဲ လူတွေ ချည့်မှမဟုတ်တာ။ တခြားသော အမှုတွေမျာစွာနဲ့ အကျဉ်းကျခံနေကြတာတွေ များနေတာပဲလေ။
    တခြားအမှုတွေနဲ့ ကျနေတဲ့သူတွေကတော့ လူတွေမဟုတ်တော့သလိုကော သူတို့တွေက မခံစားကြရတော့ ဘူးလားလို့မေးချင်တယ်။ တစ်ခါလာလဲ နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးအကျဉ်းသားဆိုတော့ကာ ကြာလာတော့ နားကြားပျဉ်းကပ်သလို ဖြစ်လာပြီလေ။ အဲတော့ အခုလွတ်မြောက်ရေးလုပ်နေတဲ့ အပြင်ကလူတွေက တစ်ကိုယ်ကောင်းဆန်နေသလိုဖြစ်မနေဘူးလား။ လုပ်ငန်းအသုံးအနှုန်းတွေကို ပြန်သုံးသပ်သင့်ပြီလို့ ထင်ပါတယ်။ အကြံပေးတာပါဗျာ။ နောက်တစ်ခုက ဘာသာရေးနဲ့ပတ်သက်လို့ ဘုန်းတော်ကြီးများကလည်း သာသနာဝင်တွေကနေ ကြည်ညိုအောင်နေမယ်ဆို ဘယ်လိုမှ အလှူတွေက လျော့ပါးသွားစရာ လမ်းမရှိပါဘူး။ အခုဟာက မြင်နေရသလောက် စည်းမရှိ၏၊ ကမ်းမရှိ သာသနာဖြစ်နေမှတော့ သာသနာဝင်တွေ ကလည်းပဲ တခြားဘာသာရေးကို ယုံကြည်စိတ်ဝင်စားသွားကြတာကိုတော့ အပြစ်ပြောမရဘူးလေ။ အဲသည်မှာ ကိုးကွယ်တဲ့သူနည်းတော့ အလှူကလည်းနားတော့မှာပေါ့။ ဒါကို အစိုးရကို အပြစ်တင်လို့ မရဘူးလေ။
    နိုင်ငံရေးလုပ်မယ်ဆို လူထွက်ပြီး နိုင်ငံရေး လုတပ်။ သင်္ကန်းဝတ်မယ်ဆို ဘာသာရေး သက်သက်ကို လုပ်မယ်ဆို ပိုကောင်းမယ်ထင်ပါတယ်။ သံဌာတော်များကြောင့် နိုင်ငံက ကျွန်ဖြစ်ခဲ့ဘူးတဲ့ သာဗက ရှိခဲ့ဘူးတယ်ဆိုတော့ အားလု့းကလည်း သတိထားထင့်ပါပြီလို့ သတိပေးပါရဈေ။( ကနောင်မင်းသားနဲ့ မင်းတုန်းမင်း)
    November 21, 2011
Comments are closed.
Follow
Get every new post delivered to your Inbox.
Join 528 other followers
%d bloggers like this: