Skip to content

နေပြည်တော် မြို့ ထဲ မှာ ဟောလိဝုဒ် ဇာတ်ကား ထဲ က လို ပြစ်ခတ် မှု ဖြစ်ပွား (Update)

naypyidaw

နေမျိုးဦး ၊                    ၊မြန်မာ အစိုးရ ရုံး ရုံးစိုက်ရာ နေပြည်တော် မြို ရှိ  ဥတ္တရ သီရီ မြို့ နယ် ရှိ
ပုဗ္ဗသီရီ မြို့  ပတ်လမ်းပေါ်ရှိ ဟိုတယ် ဇုန် များ အနီး တွင် ယနေ့ တနင်္ဂနွေ နေ့  မနက်  ၁ နာရီ
အချိန် ခန့် က မော်တော်ကား နှစ် စီး အပြိုင် မောင်း နှင်မှု ဖြစ်ပွား ပြီး နောက် ကားပေါ် တွင်
ပါလာသူများ က ပစ္စတို ဟု ယူဆရသည့် သေနတ် များ ဖြင့် ငါးချက် ခန့် အပြန် အလှ န်
ပစ်ခတ် မှု ဖြစ်ပွားပြီးနောက် ဘူတာကြီး ဘက်သို့  ရှေးရှု ၍ မောင်းနှင် သွား သည် ဟု
မျက်မြင် တွေ့ ရသူ များက FNG သို့  ပြောပြသည်။

မျက်မြင် တွေ့ ရသူ များ မှာ သာမန် အရပ်သား များ ဖြစ်၍ ညအချိန် အရှန်ဖြင့် မောင်းနှင့် လာ
သော ကားလည်း ဖြစ်ကာ မော်တော်ကား အမျိုးအစား မခွဲခြားတတ်သော ကြောင့် မည်သည့်
ကား ကုမ္ပဏီ မှ ထုတ်လုပ်သည် မသိရ သော်လည်း နှစ်စီး စလုံး မှာ တန်ဖိုးကြီး ဇိမ်ခံ ကားများ
ဖြစ်ကာ အဖြူရောင် များ ဖြစ် သည် ဟု ဆိုသည်။

” နောက်ကား က လူများ တယ်။ ပထမ ကား ကို လိုက်ဖဲ့ တာ ၊ အများဆုံး ပစ်တာ နောက်ကား
ကပဲ ရှေ့ ကား က တစ်ချက် ပဲ ပြန် ပစ် တယ် ထင်တယ်။ ဘာဆက်ဖြစ်လဲ တော့ မသိဘူး “ဟု
ပြောသည်။

ယခု နေ ပြည်တော် မြို့ တွင် ဖြစ်ပွား ခဲ့ သည့် ဟောလိဝုဒ် ရုပ်ရှင် ကား ထဲ က လိုပင် မြန်မာနိုင်
ငံ မြို့ တော် ဟောင်း ရန်ကုန် မြို့  ဉ် လည်း အဆိုပါ ဖြစ်ရပ် မျိုး မကြာခဏ ဖြစ်ပွား သည် ဟု
သိရသည်။

ကလပ် ပြီးချိန် တွေ ဆို သတိထား ရတယ် ၊ သူတို့  အချင်း ကလပ် မှာ ငြိလာတာ တွေ လမ်းကျ
တော့ ကား နဲ့  လိုက်တိုက်တာ တို့  ၊ လေးခွ နဲ့  လှမ်းပစ်တာ တို့  ရှိတယ်။ ပြီးခဲ့ တဲ့ လက ကလပ်
အပြီး ကျွန်တော့်ကား ကို ငှား တဲ့ ပါစင်ဂျာ ကို နောက်ကား က လိုက်ရန် ရှာ လို့  ဒဂုံ ရဲစခန်း
ထဲ မောင်း ပြေး ရတယ်။ ပိုက်ဆံ ပို ရလို့  Night ဆွဲ တာ၊ အန္တရယ် များ တယ် ဟု ရန်ကုန် မြို့ 
မှ တက္ကစီ မောင်းသမား တစ်ဦးက ပြောသည်။

လွန်ခဲ့ သည့် ၈ လခန့် က အာဏာရရှိ လာသည့် ကြံ့ဖွံ့ ပါတီ ထိပ်တန်း ခေါင်းဆောင် များ ၏ သား
သမီးများ သည် ယခု ကဲ့ သို့  ဥပဒေ မဲ့ အပြု အမူ မျိုး ကျူး လွန် တတ်သည် ဟု ရန်ကုန်မြို့ မှ ဒီဂျေ
တစ်ဦး က ပြောသည်။

နေပြည်တော် မြို့ နယ် ရှိ ယမန်နေ့ က ပစ်ခတ် မှု နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းများ ဉ်
တစ်စုံ တစ်ရာ အမှု ဖွင့် အရေးယူထားခြင်းမရှိ ဟု သိရသည်။

တရုတ် နိုင်ငံ မှ စွယ်တော်ရောက်ရှိ ခိုက် နေပြည်တော်တွင် လုံခြုံရေး အထူး တင်းကျပ်ထား
ချိန် တွင် ယခု ကဲ့ သို့  ဖြစ်ပွား ခဲ့ ခြင်း ဖြစ်သည်။

About these ads
9 Comments
  1. KoToe #

    ကြိုင်ဆန်းရွှေဆိုတဲ့ကောင်က…၁၉၉၀/၉၁လောက်က….Brave Maritime Shipping Line မှာ OS (ရိုးရိုးသင်္ဘောသား)နဲ့ လိုက်ခဲ့တဲ့ကောင်ပါ…..တစ်လုံးချိုင့်….၁၀တန်းတောင်အောင်ဟန်မတူဘူး…
    ဘယ်လိုလုပ်….ဟော်တယ်တွေပိုင်နေတာလဲ……

    January 8, 2012
  2. ဒီကောင်တွေကို ရိုက်ထုတ်ဖို့အချိန်တန်နေပြီ….ခွေးသူတောင်းစားတွေ…ပြည်သူ့တွေကိုညဉ်းပမ်းပြီး….
    ကြီးပွားချမ်းသာနေကြတာ….မြန်မာနိုင်ငံလောက်သံယာဇာတပေါများတာ…အမှန်ဆို…ထွက်ရှိမဲ့ …ရေနံ..သဘာဝဓါတ်ငွေ့..ကျောက်စိမ်း..ေ၇ွှ..ကျွန်သစ်…ပတ္တမြားအစရှိတဲ့ရတနာတွေ တစ်နှစ်မှာ ဘယ်လောက်ဖိုးလောက်.ထွက်ရှိမလဲ…ခန့်မှန်းကြည့်ပါ..ဒါတွေသာပြည်သူ့အတွက်ဖြစ်မယ်ဆိုရင်…(သူတို့အိတ်ထဲမရောက်ရင်)တစ်နိုင်ငံ လုံး
    တို့ မြန်မာတွေ …ထိုင်စားလို့တောင်ရနိုင်လောက်တယ်… တွေးကြည့်…..ဒီသူတောင်းစားခွေးမသားတွေ….တစ်နေ့ ဘယ်လောက်သုံးနေကြလဲ…ပြည်သူမှာတော့ .ငတ်ပြတ် နေကြတာ…..ကြာ…ကြာလှပေါ့..သူတို့တစ်နေ့သုံးငွေက…သာမန်လူတန်းစား..တစ်လစားမကုန်ဘူး…မစီးဘူးတဲ့ ကားတွေဝယ်စီးကြ….အနှစ် ၂၃ နှစ်အတွင်းမှာ သန်မန်လူ တစ်ယောက်က ….မြန်မာနိုင်ငံ အတွင်းမှာ….သမာအာဇီဝ..ကျတဲ့ အလုပ်လုပ်ပြီး…ကမ္ဘာ့ မှာအချမ်းသာဆုံးစရင်းဝင်နိုင်
    မှာတဲ့လား…..အရူးသွားပြောလိုက်….အဖေက ငယ်ငယ် က စစ်ထဲ ကိုမဝင်ဖို့ ပြောတော့ စစ်တပ်ဆိုတာ…တို့ ဗိုလ်ချူပ်
    ရှိစဉ်ကပဲ..နိုင်ငံအတွက်ဖြစ်ခဲ့တာတဲ့….ဗိုလ်ချူပ်ဆုံးပါးသွားပြီးတော့..စစ်တပ်ကနေ…နွားခြံဖြစ်နေတာကြာပေါ့..ငါ့သားရယ်တဲ့…မင်းနွားဖြစ်ချင်ရင် တော့ ဝင်ပါတဲ့..ခုတော့ဟုတ်နေပါပြီး…မှန်လားမှားမသိ(သိရင် ပိုဆိုးပေါ့)အထက်
    ကအမိန့်ပေးတိုင်း…ကိုက်နေကြ..သတ်နေကြ….ခွေ့နေကြတာ…အမြင်ပဲဟာ…..အထက်က အရာရှိက …နိုင်ငံအတွက်…..မသင့်လျော်..မအပ်ဆပ်…မလုပ်သင့်တဲ့ အမိန့်ကို ချ မှတ်ရင်…..အဲ့ဒီ အရာရှိ ကို ပုန်ကန်ရင် …နိုင်ငံတောကို ပုန်ကုန်ရာ ..ရောက်နိုင်သလား…ဖြေပါ…အရာရှိနဲ့ နိုင်ငံ …ဟာ တန်တူးတန်ဖိုးရှိသလား…..
    သင်တို့တိုင်းပြည်ကိုအမှန်ပင်ချစ်ပါရဲ့လား…သူတို့ချီးစာခိုင်းတိုင်းသင်တို့စာမည်လား…..ကျဆုံးချိန်ရောက်လျှင်တော့
    သင်တို့ကို…အရင် နင်းမဲ့သူဟာ..သင်တို့ကိုးကွယ်နေတဲ့သင်တို့အရာရှိပဲဖြစ်မှာမလွဲပါဘူး….ဒါကြောင့်နိုင်ငံကိုချစ်လျှင်
    တိုင်းပြည်ကိုချစ်တယ်ဆိုရင်…တိုင်းပြည်နဲ့လူမျိုးကိုနစ်နာစေမဲ့အမိန့်မျိုးနဲ့ ကြုံလာရင်…..သင်ပုန်ကန်ပါ…လို့ ပြည်သူ့
    ရဲ့သားကောင်းစစ်သည်ဖြစ်လိုသူများကို..ဒီနေရာကနေ..တိုက်တွန်းပါရစေ….။

    December 2, 2011
  3. naymin #

    သူတို့က နေပြည်တော်(ကြပ်ပြေး) ကိုအပိုင်စားရထားတဲ့ အဖွဲ့တွေပါ ။ ကားနှစ်စီးလုံးက ဦးတေဇ တင်သွင်းလာတဲ့ ပြိုင်ကားအမျိုးအစား ( ဖရားဒီ ) ကားတွေဖြစ်ပါတယ်။ဒီကားတွေကို သာမာန်သူဋေးတွေကို မရောင်းပါဘူး ။တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ ၁၅၀၀၀၀ ကျော်မှာရှိပါတယ်။ တစ်စီးကတော့ ဦးသန်းရွှေရဲ့သား ကြိုင်ဆန်းရွှေ ပိုင်တာပါ။လက်ရှိသူက နေပြည်တော် မှာဟိုတယ်တော်တော်များများကိုပိုင်ထားပါတယ် ။နောက်တစ်စီးကတော့ နေပြည်တော်ရွှေတိဂုံနားမှာနေတဲ့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ၏အိမ်နားမှာတွေ့ရပါတယ် မည်သူမည်ဝါပိုင်းသည်ကိုတော့ အတိအကျမသိပါ။အခင်းဖြစ်ည က နှစ်စီးစလုံးဟာ လူငယ်တွေ ဖြစ်ကြပြီး နှစ်စီးစလုံးက လူကြီးသားသမီးတွေဘဲလို့အတည်ပြုထားပါတယ်။ အခင်းဖြစ်ပြီနောက်ရက်တွေမှာတော့ ထိုကားနှစ်စီးစလုံးလုံးဝမတွေရပါဘူး။ ကားဘော်ဒီရုံတွေကိုလဲ လိုက်လံရှာဖွေခဲ့သော် အစအနမတွေ့ရပါ။ သက်ဆိုင်ရာနီစပ်သူကို မေးကြည့်တော့ ထိုနေညက အခင်းမဖြစ်ပွားခဲ့ကြောင်း ထင်ရောင်ထင်မှာဖြစ်ကြောင်းဆိုပြီးဖုန်းဖုန်းဖိဖိဖြေဆိုခဲ့ပါတယ်။

    November 26, 2011
  4. kothat #

    နေပြည်တော်မှာရန်ကုန်လောက်မစီသေးပါဘူး…ဒါတောင်ပစ်ခတ်မှု့ တွေဖြစ်နေတယ်ဆိုရင်တော့ဒီကောင်တွေရှုးနေလို့ပဲ….မိန်းကလေးကြောင့်လို့ကျတော်ထင်တယ်

    November 23, 2011
  5. လှတောသား #

    နေပြည်တော် မှာ ဒါမဆန်း တော့ ပါ ဘူး ဗျာ။ ဆန်းတာကတော့ တစ်ချို့  ဟိုတယ်တွေ မှာ (အထူးရှယ်ခန်း အပြင်လူ အနားမကပ်ရ) တွေ မှာ ကောင်မလေး ချော ချော လေး တွေ က G string လို့  ခေါ်တဲ့ ဖင်ကြိုး
    နဲ့  အောက်ခံ ဘောင်းဘီ လေးတွေ နဲ့  စားပွဲ ထိုး ပြီ ဧည့် ခံ နေတာပါပဲ။ အဲဒီ အခန်း အတွက် ၀န်ဆောင်ခ
    ကို ငါးသိန်း လောက် ပေး ရပြီး အဖိုး ကြီး တွေ (ကျောက်မျက် ပြပွဲက နေ မကာအိုက သူဌေးတွေ လမ်းညွှန်
    သွားတာ) က tip ပေး ရင် ကောင်မ လေးတွေ က ဖင်ကိုင် လို့  ရပါတယ်။ အဲဒီ ၀န်ဆောင် မှု အတွက် ကြို
    တင် ဘွတ်ကင် လုပ်ရပါတယ်။

    November 21, 2011
  6. ဘေးထိုင် ဘုပြော .. #

    ကားအကောင်းစားတွေ စီးနိုင်ကြတာ ဘယ်လိုလူတန်းစားတွေ လဲ ဆို တာ သိ နေ ကြ တာ ပဲ..
    ကား နံပါတ် မှတ် မိ ရင် တောင်.. သေချာ တယ် .. ဒီ အမှူ မျိုး ဘယ် တော့ မှ မိ မှာ မဟုတ် ဖူး ဆို တာ .. မဖမ်းရဲလို့ မမိတာ လို့ သာ မှတ် ..။ မတော် တဆ ဘေး က အပြစ်မဲ့ ပြည်သူ သာ သေနတ် မှန်ကြည့်ပါ လား.. ။ သူ့  ကို ပဲ ဖမ်း မှာ …။ ဘာ လို့  လွတ် အောင် မရှောင်တာ လဲ ဆို ပြီး…အဟက်..

    November 21, 2011
  7. they are gangster like american movies who may be from junatas family and relative becasue only they can ahve guns and weapon to kill each other inside the country , this will be alert to all people that there is no safety and security inside the country will effect to public security and safety .we all need to organise to rid of these dickheads from plitical stage and make tranquill to be stabalize our country economy in this world

    November 20, 2011
  8. ကမ္ဘာ့အဆင့်မှီလာပြီပေါ့… အဟတ်..ဟတ်

    November 20, 2011
  9. ko gyi #

    တတိုင်း တပြည်လုံး ဆင်းရဲတွင်းနက်စေပြီး ချမ်းသာလာကြတဲ့ ငပေါတွေ
    သူတို့အချင်းချင်း ပြစ်ခတ်ပြီး သေကြတော့လည်း သေကြပေါ့
    လူတွေမှ မဟုတ်ပဲ။ လူတွေထပ် အဆင့်နိမ့်တဲ့ သတ္တဝါတွေ
    အထင်ကြီး လေးစားစရာ ဘာမှမရှိသလို သေသွားကြရင်လည်း ဘယ်သူမှ ဝမ်းမနည်းဘူး

    November 20, 2011

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 594 other followers

%d bloggers like this: