Skip to content

ပြည်ပ ရောက် ကဗျာ ဆရာ အောင်ဝေး ၏ စာအုပ် ပြည်တွင်းမှာ ထွက်ရှိ

Book Cover

၂၀၀၇ ရွှေဝါရောင် တော်လှန် ရေး တွင် ဦးဆောင်ခဲ့ သူ တစ်ဦး ဖြစ်သည့် ပြည်ပရောက် ကဗျာ
ဆရာ အောင်ဝေး ၏ သြခက်စတြာ အမည် ရှိ  စာ ရသ ကဗျာ ခံစား မှု စာ အုပ် ကို မြန်မာ နိုင်ငံ
တွင်း ဉ် စာပေ စီစစ်ရေး ခွင့် ပြုချက် ဖြင့် ယခု သီတင်း ပတ် အတွင်း ထုတ် ဝေ ဖြန့် ချိ နိုင် သည်
ဟု FNG မှ သတင်း ရရှိ သည်။  

သြခက်စကြာ အမည် ရှိ စာအုပ် ကို ပုဂံ စာ အုပ် တိုက် မှာ ထုတ်ဝေခြင်း ဖြစ်သည်။ ယခင် တင်း
ကြပ် သည့် စာပေ စီစစ်ရေး မူဝါဒ ကြောင့် အစိုးရ အတိုက် အခံ နှင့် ပြည်ပရောက် စာရေး ဆရာ
များ ၏ စာမူ များ ပုံ နှိပ် ဖော်ပြ ခွင့် မရ သလို ၊ စာ အုပ် ထုတ်ဝေခြင်း ကို ခွင့် မပြု ချေ။

ကဗျာ ဆရာ အောင်ဝေး က သူ တိုင်းပြည် မှ မထွက် ခွာ ခင် ပုဂံ စာအုပ် တိုက် သို့  ပေး ခဲ့ သည့်
စာ မူ များ အား ယခု ကဲ့ သို့  ပြန် ထုတ်ဝေ သည့် အတွက် ထုတ်ဝေသူ ပုံဂံ စာ အုပ် တိုက်အား
ကျေးဇူး တင် ကြောင်း နှင့် ပြန်လည် ထုတ်ဝေခွင့် ရရှိ သည့် အတွက် လည်း ၀မ်းမြောက် ကြောင်း
ပြောသည်။ ပုဂံ စာ အုပ် တိုက် က နှင့် ပင် ကဗျာ နှင့် ထွန်ယက် ခြင်း အမည် ရှိ စာ အုပ်လည်း ထပ်
မံ ထွက်ရှိ လာ အုံး မည် ဟု သိရသည်။

ပြည်ပရောက် ကဗျာ ဆရာ အောင်ဝေး ၏ စာ အုပ်အား နိုင်ငံတွင်း ဉ် ထုတ် ဝေ ခွင့် ရခြင်း နှင့် ပတ်
သက်ပြီး လူငယ် ကဗျာ ဆရာ ဝေမှုးသွင် က ကြိုဆို လိုက် ပြီး ၊ အရင် ထုတ်ဝေ ခွင့် မပြု တဲ့ စာ အုပ်
တွေ ထုတ်ဝေခွင့် ပြု ရန် လိုကြောင်း နှင့် သုတ၊ ရသ စာအုပ်များကို မည် သည့် အကြောင်း နှင့် မျှ
ထုတ်ဝေရန် ပိတ်ပင် မှု မှာ ဒီမိုကရေစီ နှင့် မလျှော်ကန် ကြောင်း ပြောဆို သည်။

မြန်မာ အစိုးရ စာပေ စီစစ်ရေး အရာ ရှိ တစ်ဦး က ပြီး ခဲ့ သည့် ကာလ က စာပေ စီစစ်ရေး မလို
တော့ ဟု ပြောခဲ့ သော်လည်း တရုတ် နှင့် မြန်မာ ဆက်ဆံရေး အေး စက် ချိန် တွင် တရုတ် ဘာ
သာ ပြန် စာ အုပ် များ ကို ထုတ်ဝေ  ခွင့် ပြု ရန် နှောင့်နှေးထား ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်
ချုပ်ကြီး မင်းအောင်လှိုင် တရုတ် ပြည်သွား ချိန် တွင် မှ တက် သုတ် ရိုက် ပြန်လည် ခွင့် ပြု ခဲ့
သည်။

စာ အုပ်တွင် ကဗျာဆရာ အောင်ဝေးက ကဗျာဆရာ ၁၂ ဦး၏ ကဗျာ များအကြောင်းကို ဆောင်း
ပါးတစ်ပုဒ်စီဖြင့် ခံစားရေးဖွဲ့ထားခြင်းဖြစ်သည်။ စာရေးသူ၏ ရင်ကို ထိမှန်ခဲ့သော ကဗျာများအေ
ကြာင်းအပြင်ထိုကဗျာများကို ရေးဖွဲ့ခဲ့သူ ကဗျာဆရာတစ်ဦးစီ၏ ကဗျာအရေးအသား၊ အဖွဲ့အနွဲ့၊
ကဗျာရှင်များ၏ ပုဂ္ဂိုလ်ရေးအကြောင်းများကိုပါ ဆောင်းပါးများတွင် ဖတ်ရှုလေ့လာကြရမည်ဖြစ်
သည်။

ကဗျာ ဆရာ အောင်ဝေး က ခံစား ရေး ဖွဲ့  ထား သည့် ကဗျာ ဆရာ များ မှာ မောင်နီဦး၊ ပိုင်စိုးဝေ၊
ထွန်းဝေမြင့်၊ကြည်ဇော်အေး ၊ မိကောက် ၊ စိုင်းဝင်းမြင့် ၊ မြေချစ်သူ ၊ မောင်ချောနွယ်၊ လင်းတည်ဦး
၊ဖော်ဝေး၊ ဒဂုံတာရာ၊ ထွန်းဝေမြင့် တို့  ဖြစ်သည်။

One Comment
  1. Also Nandarpulae & extra should be published.

    December 5, 2011

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers