Skip to content

လေဒီ ရုံဝင်ပြီ

yeoh

နိုင်ငံ တကာတွင် စတင် ပြသနေပြီ ဖြစ်သည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည် ၏ ဘ၀ဇာတ်လမ်း ရုပ်ရှင် ဖြစ်သည့် The Lady ဇာတ်ကား မှ ဓာတ်ပုံ များ နှင့် အမြည်း
ဗီဒီယို များ ဖြစ်ပါသည်။

The Lady ဇာတ်ကား ကို နာမည် ကျော် ပြင်သစ် ဒါရိုက်တာ Luc Besson (လခ်ဘက်ဆွန်)
ရိုက် ကူး ပြီး ဒေါ်အောင်ဆန်းစုကြည် အဖြစ် မလေးရှား မင်း သမီး မစ်ရှလ် ယိုလ်း နှင့် သူမ  ၏
ခင်ပွန်း ဖြစ်သူ မိုက်ကယ် အဲရစ် အဖြစ် ဒေးဗစ် သူလစ် တို့  ပါဝင် သရုပ် ဆောင်ထားသည်။

လခ်ဘက်ဆွန် သည် ၁၉၉၀ ပြည့် နှစ်က Nikita ရုပ်ရှင်ကား ဖြင့် ကမ္ဘာ ကျော် ခဲ့ သူ ဖြစ်ပြီး
၂၀၀၅ ခုနှစ် တွင် ရိုက်ကူး ခဲ့ သည် Angel-A (အိန်ဂျလာ) မှာ French Avant-Garde
ရိုက်ကူး တင်ဆက် မှု ဖြင့် ထိပ်တန်းရုပ်ရှင် ဇာတ်ကား တစ်ခု ဖြစ်သည်။

The Lady ရုပ်ရှင် ကား ကို မြန်မာ နိုင်ငံ တွင် ပြသခွင့် ရ မရ မှ မသေချာသေး ဟု နိုင်ငံခြား
ရုပ်ရှင် ဇာတ်ကားများ ၀ယ်ယူ တင်သွင်း ဖြန့် ချိ သည့် ကုမ္ပဏီ မှ ၀န်ထမ်း တစ်ဦး က FNG
သို့  ပြောသည်။

တရုတ် နှင့် ဘာရိန်း အစိုးရ များ ကလည်း The Lady ရုပ်ရှင် ကား ကို ၎င်း တို့  နိုင်ငံ တွင်
ပြသ ခွင့် ပိတ် ပင် ထား သည်။ ယခင်က Beyond Rangoon ဆိုသည့် ဇာတ်ကား မှာ ၁၉၈၈
မြန်မာ့ ဒီမိုကရေစီ အရေး တော်ပုံ အကြောင်း ကို မှတ်တမ်း တင် ရိုက် ကူး ထား သည့် ဇာတ်
ကား ဖြစ်သည်။

One Comment
  1. The Crow #

    ရုံဝင်တာမှာ အိတ်ကြီးထမ်းပြီး ၀င်တာ

    December 4, 2011

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers