Skip to content

ဘရစ်တနီစပီးယား လက်ထပ်တော့မယ်..

Britney+Spears+Britney+Spears+Performs+Mexico+g6nt-trOWrOl

DK၊    ၊ဘရစ်တနီစပီးယား၏ ချစ်သူ ဂျေဆဲန်ထရာဝစ် (Jason Trawick) အနေဖြင့် ဘရစ်တနီနှင့်
လက်ထပ်ခွင့်အား ဒီဇင်ဘာ (၁၆) ရက်နေ့တွင် တောင်းဆိုရန်မျှော်လင့်ခဲ့ရသော်လည်း ဘရစ်
တနီအား အံ့အားသင့်စေရန် ရိုမန့်တစ် (Romantic) ဆန်ဆန်ဖြင့် တရက်စော၍အရေးဆိုခဲ့
သည်။

ထိုအရေးဆိုမှုကို ဘရစ်တနီစပီးယားမှ လက်ခံခဲ့ခြင်းအား လပ်စ်ဗီးဂတ်စ် (Las Vegas) ရှိ
ပဲရစ်ဟော်တယ် (Paris Hotel) ရှိ ချော့ကလက်ဧည့်ခန်းနှင့် သကြားစက်ရုံဟုအမည်ရသော
ခန်းမ၌ ပါတီကြီးတခုဝှဲချီးပေးပြီး အောင်ပွဲခံမည်ဖြစ်သည်။

ဟေး..ငါစောင့်နေတဲ့လက်ဆောင်တခုကို ဂျေဆင်ကအံ့အားသင့်အောင်လုပ်ပြီးပေးခဲ့တယ်။
နင်တို့ကိုပြဖို့မအောင့်နိုင်တော့ဘူးဟ.. ရေလည်ဟာ့တ်ထိတယ်ဟေ့..
” ဟု ဘရစ်တနီမှ သူမ၏
Twitter အကောင့်တွင် ကြွားခဲ့သေးသည်။

ရှက်တောနိုက်ကလပ်သို့ မသွားခင် ၄င်းပါတီတွင် ချော့ကလက်ကိတ်မုန့်ကြီးတခုနှင့် ချော့က
လက်ဆေးပြင်းလိပ် များဖြင့်ဧည့်ခံမည်ဖြစ်သည်ဟု အတင်းအဖျင်းသတင်းဆိုဒ် TMZ မှသ
တင်းဖေါ်ပြခဲ့သည်။

ဘရစ်တနီနှင့်တွဲနေသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သော ဂျေဆင်သည် ဘရစ်တနီထံတွင် ဒူးတ
ဖက်ထောက်ပြီး လက်ထပ်ခွင့်မတောင်းခင်လေးတွင် ဘရစ်တနီ၏ဖခင်ဖြစ်သူ ဂျေမီး (Jamie)
ထံတွင်အရင်ဦးစွာ ခွင့်တောင်းခဲ့သေးသည်။

ယခင်က နှစ်ကြိမ်လက်ထပ်ခဲ့ဖူးသူ ဘရစ်တနီစပီးယားအနေနှင့် လွန်ခဲ့သော သုံးနှစ်ခန့်တွင်
လူမှုရေးပြဿနာများဖြစ်ပွားခဲ့ချိန်မှ စပြီး ဖခင်၏ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် နေ
ထိုင်နေရသောကြောင့် ယခုလက်ထပ်ပွဲမတိုင်မီ ဖခင်၏အုပ်ထိန်းမှုမှလွတ်လပ်ခွင့်ရရှိရန်အ
တွက် တရားသူကြီးတဦးထံမှ ခွင့်ပြုချက်ယူရမည်ဖြစ်သည်။

ဘရစ်တနီစေ့စပ်ပါက အုပ်ထိန်းမှုနှင့်ပတ်သက်၍ သူမဖခင်၏ရှေ့နေများမှ တရားသူကြီးထံ
အသိပေးလိမ့်မည်ဖြစ်ပြီး၊ ဖခင်၏အုပ်ထိန်းမှုအဆုံးသတ်ရန် အလားအလာများ၍ ဘရစ်တနီ
လက်ထပ်နိုင်မည်ဖြစ်သည်။ ချောချောမွေ့မွေ့ဖြင့် အထမြောက်သွားပါလိမ့်မည်ဟု ဘရစ်တနီ
စပီးယားနှင့် နီးစပ်သော သတင်းရပ်ကွက်တခုမှ ယခင်ကဆိုခဲ့ဖူးသည်။

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers