Skip to content

စစ်အစိုးရ ပြုတ်ကျရေး အတွက် အားပေး ခဲ့ သူ ဂျော့ဆိုးရော့စ် မြန်မာ ပြည်ရောက်နေ

article-1015576-008FECF40000044C-26_233x340_popup

၁၉၈၈ ခုနှစ် မှ စပြီး နိုင်ငံရေး အာဏာ ကို သိမ်း ပိုက် ထား ခဲ့ သည့် မြန်မာ စစ်အစိုးရ ပြုတ် ကျ
ရေး အတွက် နည်းလမ်း ပေါင်းစုံ ဖြင့် ကြိုးစား ခဲ့ သည့် မြန်မာ အတိုက် အခံ များ ကို ၎င်း တည်
ထောင်ထား သည့် Open Society Institute မှ တစ်ဆင့် ထောက်ပံ့ ခဲ့ သည့် အမေရိကန် ငွေ
ကြေး ကစား သူ နှင့် သန်းကြွယ် သူ ဌေး ကြီး ဂျော့ ဆိုးရော့စ် သည် ဒီဇင်ဘာ လ ၂၆ ရက်နေ့ 
တွင် ၎င်း ၏ ကိုယ်ပိုင် လေယာဉ် ဖြင့် မြန်မာ နိုင်ငံ ရန်ကုန် မြို့  သို့  ရောက် ရှိ ခဲ့ သည် ဟု FNG
မှ သတင်း ရရှိ သည်။

ဂျော့ ဆိုးရော့စ် သည် ရန်ကုန် မြို့ ကမ္ဘာ အေး ဘုရား လမ်း ရှိ Sedona Hotel တွင် တည်း ခို ခဲ့
ပြီး ယနေ့ မနက် အစော ပိုင်း က အင်းလေး ကန် ဒေသ သို့  ဆက် လက် ထွက် ခွာ သွား သည်
ဟု အမည် မဖော် လို သည့် စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးက ပြောသည်။

နှစ်သစ် ကူး နေ့  တွင် ပုဂံ မြို့  ဉ် ရှိ မည် ဖြစ် ပြီးဇန်န၀ါရီလ  လ ၁ ရက်နေ့ တွင် နေပြည်တော် မှ
မြန်မာ အစိုးရ အဖွဲ့  ၀င် များ နှင့် တွေ့ ဆုံ မည် ဖြစ်ပြီး ဇန်န၀ါရီ လ ၂ ရက်နေ့  တွင် ဒေါ်အာင်ဆန်း
စုကြည် နှင့် တွေ့ ဆုံ မည် ဖြစ်သည်။

၁၉၉၂ ခုနှစ် တွင် အင်္ဂလန် ဘဏ္ဍာ စနစ် ကို လည်ပတ် စေသည့် Bank of England ကို ယိုင်နဲ့ 
သွား အောင် ငွေကြေး ကစား ခဲ့သူ ဖြစ်ပြီး ( Black Wednesday UK currency crisis)
၁၉၉၇ ခုနှစ် တွင် ထိုင်း ငွေကြေး ဈေးကွက် ပြိုလဲ မှု တွင် သူ၏ Quantum Fund  က အဓိ
ကနေ ရာ မှ ပါဝင် ခဲ့ သည်။

အသက် ၈၁ နှစ် ရှိ ပြီ ဖြစ် သည့် ဆိုးရောစ် သည့် နိုင်ငံ တကာရှိ ဒီမိုကရေစီ နည်း လမ်း မကျ
သည့် အစိုးရ များ ကို ဆန့် ကျင်သည့် ပြည်သူ များ ၏ လှုပ်ရှား မှု များ ကို ထောက်ပံ့ပေး သူ
လည်း ဖြစ်ပြီး ယခု နောက်ဆုံး ရုရှား လူထု အုံကြွ မှု မှ လည်း သူ၏ လက်ချက် နှင့် မကင်း
ဟု ရုရှား အစိုးရ အာဘော် သတင်း များ တွင် ရည်ညွှန်းထား သည်။

ဂျော့ ဆိုးရော့စ် ၏ Open Society Institute မှာ ၂၀၀၈ ခုနှစ် နောက် ပိုင်း တွင် မြန်မာ အ
စိုးရ ကို လို လား သည့် ပြည်တွင်း အဖွဲ့  အစည်း တစ် ချို့  နှင့် ချိတ် ဆက် ဆောင် ရွက်မှု များ ရှိ
လာ ခဲ့ သည်။

ဂျော့ဆိုးရော့စ် သည် ဒေါ်လာ ၂၂ ဘီလျှံ ခန့်  ချမ်းသာ ကြွယ်ဝ သည်။သူ ၏ မြန်မာ ပြည် ခရီး
စဉ် ရှိ ကြောင်း ကို FNG Facebook စာမျက် နှာ တွင် ဖော်ပြ ခဲ့ ပြီး ဖြစ်သည်။

လက်ရှိ OSI ၏ ဥက္ကဌ အဖြစ် ခရစ္စတိုဖာ လီ က ဆောင်ရွက် သည်။

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers