Skip to content

စက်ဆန်း ဂိုဒေါင် ပေါက်ကွဲမှု တွင် ဓါတု အဆိပ် သင့် မှု များ ဖြစ်ပေါ်

2011-12-29T052215Z_1875083509_GM1E7CT118601_RTRMADP_3_MYANMAR-BLAST

ယနေ့ မနက် အစော ပိုင်း က မင်္ဂလာ တောင်ညွန့် မြို့  နယ် စက်ဆန်း သင်္ဘောကျင်း တွင် ဖြစ်ပွား
ခဲ့ သည့် ဓါတု ဗေဒ ကုန်လှောင် ရုံ ပေါက် ကွဲ မှု ၏ အကျိုး ဆက် အဖြစ် ရန်ကုန် တိုင်း မြို့  နယ်
အချို့ တွင် ဓါတု ဗေဒ အဆိပ် သင့် မှု များ ဖြစ် နေသည် ဟု FNG က စုံ စမ်း သိရှိ ရသည်။

လေးနားရီ နီးပါး ကြာ လောင်ကျွမ်းထား သည့် မီး အရှိန် ကြောင့် မင်္ဂလာ တောင်ညွန့် မြို့ နယ်၊
တာမွေ မြိ နယ်၊ ဒေါပုံ မြို့ နယ် ၊ သာကေတ မြို့ နယ် ၊ သင်္ဃန် ကျွန်း မြို့  နယ် တို့  တွင် ပြာမှုန်
နှင့် မီးခိုး ငွေ့ များ ဖုံး လွှမ်း နေ သည်။

တာမွေ မြို့ နယ် နှင့် မင်္ဂလာ တောင် ညွန့်  မြို့ နယ် တွင်း နေကြ သူ အချို့  မှာ ယားယံ ခြင်း နှင့်
အသက် ရှု ကျပ် သည့် ရော ဂါ များ ယနေ့  မနက် မှ စတင် ခံစား နေကြ ရ သည် ဟု သိရှိ
ရသည်။ မင်္ဂလာ တောင် ညွန့် မြို့  နယ် ယုဇန ပလာ ဇာ အနီး တိုက် ခန်း များ နှင့် တာ မွေ
ကျောက် မြောင်း ရှိ ဒေသခံ အချို့  ဉ် ယား နာ ကဲ့ သို့  အနီရောင် အဖု လေး များ ထလာ ပြီး
လက် နှင့် မျက် နှာ တစ်ဝိုက် တွင် အဖြစ် များ သည် ဟု  တာ မွေ သတိ ပဌာန် လမ်း မှ ဆရာ
ဝန် တစ်ဦး က ပြောသည်။

နောက်ဆုံး ရ သတင်း တို များ ကို FNG ဖေ့ဘွတ် စာမျက် နှာ တွင် သွားရောက် ကြည့် ရှု ပါ

အချို့  မှာ မျက် စေ့ စပ် လာ မှု နှင့် မျက် ရည် ပူ များ ကျဆင်း မှု များ ကြုံ တွေ့ ရသည်။

ယနေ့  မနက် အစော ပိုင်း ပေါက်ကွဲ မီး လောင် မှု ကြောင့် ဒုက္ခ ရောက် ခဲ့ သူများ ကို မြန်မာ
နိုင်ငံ ကြက် ခြေ နီ အသင်း ၊ တပ်မတော် စစ်ဆေးရုံ မှာ တာဝန် ရှိ သူ များ ၊ ကြံ့ဖွံ ပါတီ နှင့်
သရုပ် ဆောင် ရဲတိုက် ၏ ရဲ တိုက် ဖောင်ဒေးရှင်း မှ သွားရောက် ကူညီ လျှက် ရှိ သည်။

မီးလောင်မှု တွင် အိုးအိမ် ပျက်စီး ဆုံး ရှုံး သူများ ကို ပုသိမ်ညွန့်  ကျောင်း တိုက် နှင့်
အစိုးရ အခြေခံ ပညာ ကျောင်းများ တွင် ယာယီ ခိုလှုံ ခွင့် ပြု ထား သည် ဟု သိရသည်။

ည ၂ ချက် တီး အချိန် က မီးလောင် ပေါက် ကွဲ မှု သည် ဆာလ်ဖြူ ရစ် အက်ဆစ် ဓါတု ကန်
အနီး ၀ါယာ ရှော့ခ် ဖြစ်ရာ မှ စတင် ခြင်း ဟု ဆို သော် လည်း အစိုးရ တာဝန် ရှိ သူ များ က
အတိအကျ သတင်း ထုတ်  ပြန် မှု မပြု သေးချေ။

မီးလောင်ပေါက် ကွဲ မှု ဖြစ်ပွား ရာ အနီး တစ်ဝိုက် ရှိ နေ အိမ် များ တွင် သောက် ရေ နှင့်
စားသောက် ဖွယ် ရာ များ ကို ဖုံး အုပ် ထား ရန် အတွေ့ အကြုံ ရှိ သည့်  လူကြီး များက
ယနေ့  မနက် လမ်း များ ဉ် ဆော် သြနေသည်။

ယနေ့  ည ပေါက် ကွဲ မှု ဉ် ည ၁ နာ ရီ ၄၅ မိနစ် မှ ၂ နာရီ ကျော် အထိ ဆက် တိုက် ပေါက် ကွဲ ခဲ့
ပြီး အဆိုပါ ဆန်း ကြယ် သည့် ပေါက် ကွဲ မှု ကို သက်ဆိုင်ရာ က စုံ စမ်း စစ်ဆေး ဆဲ သာ ဖြစ်
သည် ဟု သိရသည်။

ပေါက်ကွဲ မှု ဖြစ်ပွား သည့် နေရာ တစ်ဝိုက် တွင် ၁၀ ပေ ခန့် နက် သည့် ကျင်းကြီး များ ဖြစ်
ပေါ် ခဲ့ သည်။

ကူးတို့  ဆိပ် ရပ် ကွက် တွင် နေသူ များ မှာ ည လုံး ပေါက် မီး ခိုး မှုန်း များ ကြောင့် အသက် ရှု
ကျပ် သည့် ဒဏ် နှင့် ယားယံ မှု များ ကို လည်း ခံ စား နေရသည်။

မီးလောက် ပေါက်ကွဲ မှု ဖြစ်ပွား သည့် နေရာ တွင် တွေ့ ရ သည့် အမိုနီယံ အမှုန့် များ မှာ လည်း
အန္တရယ် ရှိ သဖြင့် ကိုင် တွယ် ခြင်း မပြု ရန် မီး သတ် တပ် ဖွဲ့  က ဆော် သြနေ သည်။

ယနေ့  နေ့ လည် ၁၂ နာ ရီ နောက် ဆုံး ရ သတင်း များ အရ သေဆုံး သူ ၂၀ ကျော် ရှိ ပြီး ၁၈ ဦး
ပျောက် ဆုံး နေကာ ၉၀ ကျော် ဒဏ်ရာ ရရှိ သည်။

ယနေ့  မီးလောင် ပေါက်ကွဲ မှု တွင် အနည်း ဆုံး အမေရိကန်  ဒေါ်လာ သန်း ၅၀၀ ဖိုးခန် ပျက်စီး
ဆုံး ရှုံး နိုင် သည် ဟု ပြည်တွင်း ရေကြောင်း ပို့  ဆောင် ရေးဌာ န မှ အရာ ရှိ တစ်ဦး က ခန့် မှန်း
သည်။

၂၀၁၀ ခုနှစ် ဧပြီလ မဟာ သင်္ကြန် အချိန် က ဖြစ်ပွား ခဲ့ သည် လူ ၃၀ ကျော် သေဆုံး သည့် ဗုံးပေါက်
ကွဲ မှု နောက် ပိုင်း တွင် ယခု ပေါက် ကွဲ မှု သည် လူ အသေ အပျောက် အများ ဆုံး ဖြစ်သည်။

ယနေ့ မီးလောင် မှု ကြောင့် လူဦးရေ ၁၀၀၀ ကျော် အိုးမဲ အိမ် မဲ့ ဖြစ်ပွား ခဲ့ ရသည်။

12 Comments
  1. ကိုနန္ဒာလင်း #

    အလွန်တရာမှ စိတ်မချမ်းမသာ ဖြစ်ရပြီး စိတ်လည်းတော်တော် ထိခိုက်ရပါတယ်။

    January 4, 2012
  2. IAEA #

    chemical reaction.best thing to do is use the water.good ideal to.than cover your noise with mask.ware long sleeve shirt.wash your hand every time .use the grove.if you can.than you be safe…….

    January 1, 2012
  3. Naing Naing #

    I’m terrible sorry. Non so good.

    December 30, 2011
  4. kyaw thiha #

    အင်တာနက်ကွန်နက်ရှင်က အလွန်စွာဆိုးရွားစွာကျဆင်းနေခြင်းကြောင့် ဒီအကြောင်းကို ဒီနေ့မှ post လုပ်ရတာပါ။

    December 30, 2011
  5. kyaw thiha #

    ဒီပေါက်ကွဲမှုက သာမန်မီးလောင်ပေါက်ကွဲမှုမဟုတ်ဘူးဆိုတာ အလွန်သိသာထင်ရှားပါတယ်။ ည(၂)နာရီ လောက် မှာ အိပ်မောကျနေတုန်း ပေါက်ကွမှုကို ကြားခဲ့ရတာပါ။ အသံက လေထုထဲမှာ ဟိန်းပြီးထပ် ထပ်ကျန် ခဲ့ပါတယ်။ နောက်(၂) မိနစ် လောက်မှာ ပေါက်ကွဲသံအသေးလေးထပ်ကြားရပြန်ပါတယ်။
    ကျွန်တော်က ဒဂုံမြောက်မှာနေတာပါ။ သာမန်အချိန်မှာဆို အိပ်မောကျနေလို့ ဘာမှသိလိုက်မှာ မဟုတ်ပေမယ့်။ ဒီပေါကွဲမှုက ထူးထူးခြားခြားရှိလို့ ကျွန်တောတို့နေအိမ် (၂)ထပ်တိုက်ပါ တုန်ခါလို့ မိသားစု အကုန် ကလေးတွေပါမကျန် လန့်နိုးခဲ့ရပါတယ်။ ဒါနဲ့ ဗိုလ်တစ်ထောင် ၊ သင်္ကန်းကျွန်း၊ ရန်ကင်း၊ စမ်းချောင်းနဲ့ အင်းစိန်တို့က အမျိုးတွေအိမ်တွေ အသိတွေအိမ်တွေကို ဖုန်းဆက်တော့် အားလုံးက အတိုင်းသားကြားရကြောင်း သိခဲ့ရပါတယ်။ ဗိုလ်တစ်ထောင်နဲ့ သင်္ကန်းကျွန်းကတော့ နီးလို့လားမသိဘူး ပိုထူးခြားတယ်လို့ပြောကြပါတယ်။
    အခုပေါက်ကွဲမှုမှာ ဘယ်သူ့မှာတာဝန်ရှိတယ် ဆုံးရှုံးမှုတွေအတွက်နဲ့နစ်နာသူတွေအတွက် ဘယ်လိုတာဝန် ယူမှုမျိုး ပြုလုပ်သင့်တယ်ဆိုတာကို သက်ဆိုင်ရာအာဏာပိုင်များမှ သတင်းအတိအလင်းထုတ်ပြန်ရပါမယ်။ နောက်ပြီး ဘာကြောင့်ဖြစ်ရတယ်၊ ဘာတွေကြောင့် ပေါက်ကွဲမှုက ဒီလောက်ထိ ပြင်းထန်ရတယ်ဆိုတာ သတင်းအတိအလင်း ထုတ်ပြန်ရပါမယ်။

    December 30, 2011
  6. …..စက်ဆန်း ဂိုဒေါင် ပေါက်ကွဲမှု တွင် ဓါတု အဆိပ် သင့် မှု များ ဖြစ်ပေါ်…..

    December 30, 2011
  7. စာလုံးပေါင်းမှားနေတာကိုသီးခံပါ ကျွန်မ ကွန်ပြူတာမှာ မြန်မာလို ရိုက်တာ အကွတ်တွေသာပေါ်တာကျိုမှန်းရိုက် ရလို့ပါခွင့်လွတ်ပါ

    December 30, 2011
  8. အပြစ်မဲ့တဲ့ ပြည်သူတွေပဲ နောက်ဆုံးခံစားရတာပါ တကယ်ဆိုရင် အဲဒီလို ဓါတုဗေးပစ္စည်းမျိုးတွေကို လူနေရပ်ကွက်အနီးမှာ မသိုလှောင်ထာားသင့်ပါဘူး

    December 30, 2011
  9. Paul Vong #

    It may be because of acid effects. If you put water on acid directly, it can be big explosion. For skin itches, eye itches wash with water as much as you can. Water is the best to decrease the acid effects.
    Change your clothes. Stay in warm place. Drink much water.
    One mile radius of that fire place must be quarantine.
    Check with medical professional if the status is worse.
    Don’t used any chemicals, even soap, if you have acid effects.
    Children under 10 should be more careful.

    December 30, 2011
  10. သက် #

    စိတ်အတော် မချမ်းသာဘူး။ အားလုံး အမြန်ဆုံး ပြေလည်ကြပါစေ.

    December 29, 2011
  11. htainwin #

    ဟုတ် ပါ တယ်
    ကျွန် တော် တို့ နိုင် ငံ ဟာ အ တွေ့ အ ကြုံ မ ရှိ သေး ပါ ဘူး
    တတ် သိ နား လည် သူ များ အ မြ် ဆုံး ကူ ညီ ပေး ကြ စေ လို ပါ တယ်

    December 29, 2011
  12. myo min #

    အက်စစ်အရည်နဲ့ မထိအောင် သတိထားဖို့လိုပါတယ် .. ဒါကြောင့် အ၀တ်အစားအရှည်တွေကို လုံလုံခြုံခြုံဝတ်စားပါ… တကယ်လို့ ထိမိတယ်ဆိုရင် အမြန်ဆုံးချွတ်ပစ်ပါ… အက်စစ်ပါတဲ့လေကြောင့် အရေပြားယားယံတာ မျက်စိစပ်တာဖြစ်နိုင်ပါတယ်.. ကြာရင်တော့ အသက်ရူတဲ့နေရာမှာ ထိခိုက်နိုင်တယ်လို့ သတိပေးထားတာရှိပါတယ်.. မျက်စိကာ၊ အသက်ရူမျက်နှာဖုံးတပ်ထားနိုင်ပါတယ်.. side effect တွေကနေ ဘေးကင်းကြပါစေ..

    December 29, 2011

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers