Skip to content

မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှု သေဆုံး သူ ၂၅ ဦးကျော်ရှိ

5920578.bin

ရန်ကုန်တိုင်း မင်္ဂလာ တောင် ညွန့် မြို့ နယ် စက်ဆန်း နဲ့  အေဘီစီ မှာ ရှိ တဲ့ အစိုးရ ပိုင် ကူးတို့ 
ဆိပ် ဂိုဒေါင်တွေ မှာ ယနေ့  မနက် ၂ နာရီ အချိန် က ဆက် တိုက် ဆို သလို ပေါက် ကွဲ မှု တွေ
ဖြစ် ပြီး မီးလောင် ခဲ့တာ ကြောင့် ပျက် စီးဆုံး ရှုံး မှု တွေ များ ပြား ကာ အနည်း ဆုံး  ၂၀ ဦး ရှိ သည် ဟု FNG
မှ သတင်း ရရှိ သည်။

မီးလောင် ပေါက် ကွဲ မှု ကြောင့် ထွက် ပေါ် လာ သည့် တုန်ခါ မြည်ဟည်း သံ ကို အရှေ့ သို့ လား သော်
ဒဂုံ ဆိပ်ကမ်း မြို့  နယ် နှင့် သံ လျှင် ထိ အနောက် သို့ လား သော် စမ်း ချောင်း မြေနီ ကုန်း ထိ ကြား ရ
သည် ဟု သိရသည်။

မီးလောင် ပေါက်ကွဲမှု အနီး တွင် ရှိသည့် မီးခြစ် စက်ရုံ အမှတ် ၂ နှင့် မြန်မာ့ သစ်လုပ် ငန်း ပိုင် အစိုးရ
အဆောက် အဦ အချို့  အပြင် လူနေ ရပ် ကွက် များ မှာ အိမ် အချို့  လည်း ပေါက်ကွဲ မှု အရှိ န် ကြောင့်
ပြို ကျ ပျက် စီး ခဲ့ ရသည်။

ပုဇွန် တောင်း ချောင်း တွင်း ရှိ သင်္ဘော၊ လှေ နှင့် သဗ္ဗာန် များ လည်း ပေါက် ကွဲ သည့် အရှိန် ကြောင့်
တိမ်းမှောက် မှု နှင့် မီးလောင် ဆုံး ရှုံး မှု များ ရှိ သည် ဟု မလွှ ကုန်း ဘူတာ မှ မြန်မာ့ မီးရထား ၀န်ထမ်း
တစ်ဦး က ပြောသည်။

မီးလောင် ပေါက် ကွဲ မှု ကြောင့် မီးသတ် သမား ၅ ဦး သေဆုံး ခဲ့ ပြီး ပေါက် ကွဲ မှု တွင် အနည်း ဆုံး ၁၀
ဦးထက် မနည်း ပွဲ ချင်း ပြီး သေဆုံး နိုင် သည် ဟု မြန်မာ နိုင်ငံ မီးသတ် တပ် ဖွဲ့  အရာ ရှိ တစ်ဦး က
အတည် ပြု ပြောသည်။

ဆာလ်ဖြူရစ် နှင့် ယမ်းစိမ်း ထား သို့  သည့် စက်ဆန်း ရပ် စက်ရုံ တစ်ခု မှ စတင် ပေါက် ကွဲ ခဲ့ ဖြင်း ဖြစ်
ပြင်းထန် လွန် သည့် မီး အရှိန် သည် ချက် ခြင်း ပင် အနီး ၀န်း ကျင် သို့  ကူး စက် ခဲ့ သည်။

မီးငြိမ်းသတ် ရန် ရောက် ရှိ လာ သည့် မီးသတ် မော် တော် ယာဉ် များ လည်း ပျက် စီး ခဲ့ သည်။ မနက်
၉ နာရီ အထိ နောက် ဆုံး ရရှိ သည့် သတင်း များ အရ သေဆုံး သူ ၂၀ ကျော် နှင့် ဒဏ်ရာ ရသူ ၁၀၀
ကျော် ရှိ သည် ဟု သိရသည်။

ဒဏ်ရာ ရရှိ သူ များ ကို သင်္ဃန်း ကျွန်း ဆေးရုံ ကြီး နှင့် ရန်ကုန် ဆေးရုံ ကြီး အရေးပေါ် လူနာ ဌာ န များ
တွင် ကုသ မှု ပေး နေ သည်။

မြန်မာ့ ရုပ် မြင် သံကြား မှ သေဆုံး သူ အနည်းဆုံး ၂၀ ရှိ သည် ကို အတည် ပြု ခဲ့ ပြီး မည်သည့် အကြောင်း
ကြောင့် ပေါက် ကွဲ မှု ဖြစ်ပွား ရသည် ကို ထုတ် ဖော် ပြော ခြင်း မရှိ သေး ဟု ရန်ကုန် မြို့  ခံ တစ်ဦး က
ပြောသည်။

ပြီး ခဲ့ သည့် သတင်း တစ်ပတ် ဗုဒ္ဓဟူး နေ့  က ရန်ကုန် မြို့  ကမာ ရွတ် မြို့  နယ် လှည်းတန်း တွင် ဗုံးပေါက်
ကွဲ မှု ဖြစ်ပွား ခဲ့ ရာ အမျိုး သမီး တစ်ဦး သေဆုံး ပြီး အမျိုး သမီး တစ်ဦး ဒဏ်ရာ ရရှိ ခဲ့ သည်။

ပေါက်ကွဲ လောင်ကျွမ်း မှု ကြောင့် အစိုးရ စက်ရုံ ဂိုဒေါင် ၁၆ ခု ခန့် ပျက်စီး ဆုံး ရှုံး ခဲ့ ပြီး လူနေ အိမ်ခြေများ
နှင့် မော်တော်ကား ၊စက် ရုံ ၊ အလုပ် ရုံ များ နှင့် ဘုန်းတော် ကြီး ကျောင်း လေး ကျောင်း ၊ စေတီ ၁ ဆူ ပျက်
စီး ခဲ့ သည်။

Photo: Reuters, AP,AFP , NBC, ABC, Telegraph.

8 Comments
  1. sawaungwin #

    ဖြစ်ပျက်မှုမှာ ခံစားရသူတွေ အားလုံးအတွက် အရမ်းကိုစိတ်မကောင်း ဖြစ်မိပါတယ်။ ခံစားရသူတွေ
    လုံး နှင့်ထပ်တူကြေကွဲရပါတယ်။ စာနာထောက်ထားမှုများ အမြန်ရရှိကြပါစေလို့ဆုတောင်းပေးပါတယ်။

    December 30, 2011
  2. ygnman #

    စိန်လွင် ရာထူးမှ မနှုတ်ထွက်မီ အရှုပ်အထွေးများ ဖြစ်ပေါ်ခဲ့ရာ ဒေါသ ထွက်နေသော လူအုပ်ကြီးက မင်္ဂလာ တောင်ညွန့်မှ မေတ္တာမွန် ပစ္စည်း သိုလှောင်ရုံကို ဝင်စီး ခဲ့ကြသည်။ မေတ္တာမွန် ပစ္စည်း သိုလှောင်ရုံမှာ စစ်တပ် အရာရှိ များနှင့် မဆလ ပါတီ အရာရှိကြီး များကို ဖြန့်ဝေ ပေးရန် နိုင်ငံခြားမှ မှာယူ တင်သွင်း ခဲ့သည့် ဇိမ်ခံ ပစ္စည်းများ သိုလှောင်ရာ ဌာန ဖြစ်သည်။

    ထို့နောက် ရန်ကုန်မြို့တွင် မေတ္တာမွန်မှ တီဗွီများ၊ ဗွီဒီယို ပြစက်များ၊ နိုင်ငံခြား အရက်များနှင့် အခြား ကုန်ပစ္စည်း များကို ရောင်းချသည့် ဈေး ပေါ်ထွက် လာတော့သည်။ ထိုဈေးကို စိန်လွင် ဈေးဟု ခေါ်ကြသည်။ လျှော့ဈေးဖြင့် ရောင်းချ လိုက်သည့် ပစ္စည်းများမှ ရရှိသည့် ငွေတို့ သည်လည်း သပိတ် ကော်မတီ များသို့ ရောက်ကုန် ကြသည်။
    http://myatlayngon.blogspot.com/2010/08/blog-post_6526.html

    December 30, 2011
  3. Kaung Htet Kyaw #

    ကျွန်တော်တို့တောင်တော်တော်လန့်သွားတာ ဗုံးပေါက်တယ်ထင်နေတာ ဗျ…စိတ်မကောင်းပါဘူးသေဆုံးတဲ့ သူတွေ အတွက်ပါ…ကောင်းရာဘုံကိုရောက်ပါစေလို့ ဆုတောင်းပါတယ်။…

    December 29, 2011
  4. T pookee #

    May all sufferers will free & be get rejuvenation asap from this terrible case…..

    December 29, 2011
  5. T pookee #

    May all sufferers will free & be get rejuvenation asap from this terrible case….

    December 29, 2011
  6. Yahya #

    You Guys are doing excelent gobs. May God reward you for this.

    December 29, 2011
  7. အှ #

    သတင်းတင်ပေးတဲ့ Freedom group ဌာနကိုလည်း ကျေးဇူးတင်ပါတယ်

    December 29, 2011
  8. အှ #

    အလွန်ကို ၀မ်းနည်းစရာ ကောင်းတဲ့ မနက်ခင်းပါပဲ၊ သေဆုံးသူ အားလုံး ကောင်းရာသုဂတိ လားပါစေ၊ သေဆုံးသူ ဘာသာခြားတွေဆိုရင်လည်း သူတို့ သက်ဆိုင်ရာ ဌာနများဆီသို့ ရောက်ပါစေ၊ ဒဏ်ရာ ရသူများ အမြန်းဆုံး ပျောက်ကင်းပါစေ၊ မီးလောင်မှုကြောင့် ဆုံးရှုံးသွားရသူများ လူသားချင်း စာနာထောက်ထားမှုများ အမြန်ဆုံး ရကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်၊

    December 29, 2011

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers