Skip to content

ကြားဖြတ် ရွေးကောက်ပွဲ ကို ဧပြီလ ၁ ရက်နေ့ တွင် ကျင်းပမည်

20101106_fbp001

ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပါဝင်ယှဉ်ပြိုင် နိုင် မည့် ကြားဖြတ်
ရွေးကောက် ပွဲ ကို ဧပြီ လ ၁ရက် နေ့ တွင် ကျင်း ပမည် ဟု ယနေ့  ညနေ ပိုင်း တွင် မြန်မာ နိုင်ငံ
ရွေးကောက် ပွဲ ကော် မရှင် က အတည် ပြု ပြောကြား သည် ရန်ကုန် အခြေစိုက် နိုင်ငံ ရေး အကဲ
ခတ် တစ်ဦးက FNG သို့  အတည် ပြု ပြောကြား သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အနေ နှင့် ကြား ဖြတ် ရွေးကောက် ပွဲ တွင် ပါ ၀င် ယှဉ်ပြိုင် နိုင်ရန်
နှင့် တရား ၀င် နိုင်ငံရေး ပါတီ တစ်ရပ် အနေ ဖြင့် ရပ်တည် နိုင်ရန် မြန်မာ နိုင်ငံ ရွေးကောက် ပွဲ
ကော် မရှင် တွင် မှတ် ပုံ တင်ရန် လျှောက် ထား ပြီ ဖြစ် သည်။

ယခု ကျင်း ပမည့် ကြား ဖြတ် ရွေးကောက် ပွဲ တွင် လစ်လပ် နေ သည့် လွှတ် တော် ကိုယ်စား လှယ်
နေရာ မှာ ၄၈ နေ ရာ ဖြစ်သည်။

ဧပြီ လ ၁ ရက် နေ့ တွင် ကျင်း ပမည့် ရွေးကောက် ပွဲ မှာ နအဖ စစ်အစိုးရ က ရွေးကောက် ပွဲ အနိုင်
ရ ကြံ့ဖွံ့  ပါတီ ကို အာဏာ လွှဲ ပြောင်း ပြီး တစ်နှစ် တိတိ ပြည့် သည့် အချိန် တွင် ဖြစ်သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ က ကျင်းပခဲ့ သည့် ရွေးကောက် ပွဲ တွင် NLD သည် အဆိုပါ ရွေးကောက်
ပွဲ ကို တရား နည်း လမ်း မကျ ဟု ဆိုက ကန့် ကွက် ခဲ့ သည်။

One Comment
  1. ဘင်ဂျမင် #

    ဧပြီ၁ရက်နေ့ဆိုတော့ April fool လုပ်တာတော့မဟုတ်လောက်ပါဘူးနော်…..

    January 5, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers