Skip to content

သူရဲကောင်းဆိုတာ.. (အခန်း ၂) ၏ ပထမ ပိုင်း

2009_06_06TurofskyNewsboy_it1950

Daniel Kane၊             ၊အမေ့ကြည့်ရတာ စစ်မြေပြင်ထွက်ရမယ်ဆိုရင်လဲ ပျော်ရွှင်မယ့်ပုံပါပဲ။
အမေ ရှေ့တန်းစစ်ဆေးရုံတရုံကို စီမံခန့်ခွဲနေတာ၊ အလျင်စလိုဖြစ်နေတဲ့ ဆရာဝန်တွေနဲ့သူ
နာပြုတွေအဖွဲ့တွေကို ညှိနှိုင်းစီစဉ်ပေးနေတာ၊ ပတ်တီးတွေနဲ့ ဆေးတွေ၊ ပစ္စည်းတွေလို
အပ်နေတာကို ရှာကြံဖြည့်ဆည်းနေတာ၊ စိတ်ကိုတည်ငြိမ်အောင်ကြိုးစားထိန်းသိမ်းနေ
တာတွေကို တွေးမြင်မိပါသေးတယ်။ အဲဒီလိုမှလည်း လူ့အသက်တွေကို အများဆုံးကယ်
တင်နိုင်မှာလေ။

ဒါပေမယ့်လည်း အမေ့အနေနဲ့ နောက်တန်းစစ်မြေပြင် လို့ဆိုရမယ့်အိမ်မှာ ငြီးငွေ့စရာဖြစ်ပြီး လုံးဝ
သူရဲကောင်းမဆန်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကျနော်တို့မိသားစုရဲ့ လူမှုရေးကိစ္စတွေက အဖေ့ကိုပဲ အဓိကမူတည်နေတာလေ။ အဖေက လူတွေရဲ
့အာရုံစိုက်ခြင်းကိုခံရတယ်။ အမေကတော့ အဖေ့ဘေးမှာတွဲပြီးရပ်နေရတာကိုပဲ ကျေနပ်နှစ်သိမ့်
တတ်ပါတယ်။ အခုတော့ အမေ့ခမျာ အိမ်ကြီးတအိမ်ရယ်၊ ကလေး (၃) ယောက်ရယ်နဲ့ ဘယ်လို
မှလောက်ငဖို့မဖြစ်နိုင်တဲ့ အဖေ့စစ်တပ်လစာနဲ့ နပမ်းလုံးနေရရှာတယ်။ ပိုဆိုးတာက လောရဲန့်စ်ဗီး
လ်တမြို့လုံးမှာ ကျနော်တို့မိသားစုတစုတည်းပဲ ခုလိုမျိုးအခြေအနေနဲ့ကြုံရတာ။ အဖေ့အရွယ်
ဖခင်တွေအားလုံးက စစ်မှုထမ်းသက်သတ်မှတ်ချက်ကိုကျော်သွားကြပြီ။ အဖေကလည်း
အသက်ကျော်နေပါပြီ။ ဒါပေမယ့် ပြည်စောင့်တပ်ထဲမှာ အမှုထမ်းနေခဲ့တာက အဖေတယောက်
တည်းလေ။

အဲဒီတော့ အမေအခုကြုံနေရတဲ့ နောက်တန်းစစ်ပွဲအတွက် အမေ့မှာလက်နက်မပြည့်မစုံဖြစ်
နေတော့တာပေါ့။

အမေကလဲ တကယ့်ကို ထူးခြားတဲ့မိန်းမသားတဦးပါ။ ရုသ်ဘိုးမဲန်း (Ruth Bowman) လို့အမည်ပေး
ခံရတဲ့ အမေ့ကို (၁၉၀၀) ပြည့်နှစ်မှာ အနောက်ဗာဂျီးနီးယား (West Virginia) က ဘလူးဖီးလ် (Bluefield)
လို့ခေါ်တဲ့မြို့ကလေးမှာမွေးဖွားခဲ့ပါတယ်။ အမေငယ်ငယ်က သူ့မြို့လေးမှာ နေဝင်ချိန်ကို ကြည့်ချင်တဲ့
တိုးရစ်ခရီးသွားတွေကို တောင်ပေါ်ကိုခေါ်သွားပြီး မုန့်ဖိုးရှာခဲ့တာပေါ့။ အမေ့ရဲ့အဖေက စီရင်စု
(County) အပိုင်ကျောင်းရဲ့ကျောင်းအုပ်တဦးပါ။ အမေ့ရဲ့အမေကတော့ ခရစ်ယာန်အမျိုးသမီးဥပုသ်အသင်းတော်
ရဲ့ ဥက္ကဋ္ဌပေါ့။

အမေ့အသက် (၁၈) နှစ်မှာ အဘိုးနဲ့အဘွားတို့ လမ်းခွဲခဲ့ကြပါတယ်။ ပြဿနာရဲ့ တစိတ်တပိုင်းကတော့
အရက်ကြိုက်တတ်တဲ့ အဖိုးကို အရက်ဖြတ်ဖို့ အဖွားကပြောလို့မရတာကြောင့်ပါ။

အဘိုးနဲ့အဘွားက အမေ့ကိုသူတို့ဘက်တွေကို ပါအောင်ဆွဲကြလို့ ဘလူးဖီးလ်မြို့လေးက ထွက်ခဲ့ရတယ်လို့
အမေက ပြောပြတတ်ပါတယ်။ အမေက အမေရိကန်မြောက်ပိုင်းကိုထွက်လာပြီး ထရဲန်တန်မြို့ရဲ့ အကြီး
ဆုံးဆေးရုံမှာ သူနာပြုပညာကိုလေ့လာသင်ယူခဲ့တယ်။ တဖြည်းဖြည်းနဲ့ အမေလဲ ဆေးရုံရဲ့လက်ထောက်
သူနာပြုအကြီးအကဲဖြစ်လာပါတယ်။ အဲဒီနောက်မှာ ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေအတွက်
အထူးသူနာပြု (Private-Duty Nurse) အဖြစ်ပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက
အမျိုးသမီးအများစုက အိမ်တွင်းပုန်းနေကြတာများပေမယ့် အမေကတော့ အောင်မြင်တဲ့သူနာပြု
တဦးဖြစ်လာခဲ့ပါတယ်။

အမေနဲ့အဖေတို့ဆုံခဲ့ကြတာကတော့ အဖေ ပြည်နယ်ရဲချုပ်ဖြစ်နေတဲ့အချိန် (၁၉၂၈) တုန်းက
ထရဲန်တန်မြို့မှာ ကျင်းပတဲ့ အခမ်းအနားတခုမှာပါ။ အဖေက အမေ့ကို အပြင်မှာဆုံချင်တယ်
လို့ပြောတော့ အမေကလက်ခံခဲ့ပါတယ်။ ချိန်းတွေ့ပြီး နောက်တပတ်ကျတော့ စစ်ရေးပြအခမ်း
အနားမှာ မြင်းဖြူစီးပြီး ချီတက်လာတဲ့ အဖေ့ကိုတွေ့တော့ အမေကသူ့သူငယ်ချင်းတယောက်ကို
အဖေ့ကို လက်ညှိုးထိုးပြပြီး အဲဒီတယောက်က ငါနဲ့လက်ထပ်မယ့်တယောက်လို့ ပြောပြခဲ့တယ်လေ။

အဲဒီဟာက အမေ့အတွက်တော့ တကယ့်ကို ရင်တွေခုန်ပြီး ပရမ်းပတာဖြစ်ခဲ့ရတဲ့ ကြည်နူးမှုလေးတခုပါပဲ။

အမေက အဲဒီအဖြစ်အပျက်လေးကို တသသနဲ့ပြန်ပြန်ပြောပြတတ်ပါတယ်။ အဲဒီတုန်းက အဖေက
အသက် (၃၃) နှစ်ရှိပြီး မြို့မှာထင်ရှားတဲ့လူတယောက်ပေါ့။ အဖေက အမေ့အချစ်ကိုရဖို့ကြိုးစားပေမယ့်
ထဲထဲဝင်ဝင်တော့မဟုတ်ပါဘူး။ အမေက သူ့ကိုချဉ်းကပ်နေတဲ့ တခြားလူတယောက်ကို ငြင်းပယ်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း အဖေက မြုံစိစိလုပ်နေပါတယ်။ အဲဒီလိုနဲ့ အမေက ကိုလံဘီယာပရက်စ်ဘီတေးရီးယန်းဆေးရုံ
(Columbia Presbyterian Hospital) မှာ အလုပ်သစ်တခုရတော့ နယူးယောက်ကိုပြောင်းသွားရတယ်။
နောက်တော့ တခြားလူတွေနဲ့ တွဲပြတာပေါ့။ အဲဒီမှာ အဖေတော်တော်ပေါက်သွားတယ်။ အဲဒါနဲ့နယူးယောက်ကို လိုက်ချသွားပြီး အမေ့ဆီကလက်ထပ်ခွင့်တောင်းတော့တာပဲ။

အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်းကို အဓိကရေးသားခဲ့သူနှင့် တတိယမြောက်အမေရိကန်သမ္မတဖြစ်သူ သောမတ်စ်ဂျက်ဖာဆန်

ဘလူးဖီးလ်က ထွက်လာတာ ဆယ်စုနှစ်အတန်ကြာခဲ့ပေမယ့် အမေက သူ့ရဲ့အနောက်ဗာဂျီးနီးယား အစဉ်အလာတွေကို
ဆုပ်ကိုင်ထားဆဲပဲဆိုတာကို လူတွေကိုသူဘယ်လို အကဲဖြတ်တယ်ဆိုတာကို ကြည့်ရင်သိသာပါတယ်။ အမေက
အမွေရလို့ချမ်းသာတဲ့လူတွေနဲ့ အခွင့်ထူးကိုအမွေဆက်ခံတဲ့လူတွေကို သိပ်အထင်မကြီးတတ်ပါဘူး။

အမေကိုယ်တိုင်က သူ့အဖေဘက်က အမေရိကန်နိုင်ငံကိုတည်ထောင်တဲ့ နိုင်ငံ့ဖခင်တွေထဲမှာ အပါအဝင်ဖြစ်ပြီး
တတိယမြောက် အမေရိကန်သမ္မတဖြစ်တဲ့ သောမတ်စ်ဂျက်ဖာဆန် (Thomas Jefferson) ရဲ့အဆက်အနွယ်ဖြစ်
လို့ သူ့ရဲ့ဘိုးဘေးအတွက် ဂုဏ်ယူပေမယ့် အမေရိကန်တော်လှန်ရေး၏သမီးတော်များ (Daughters of the
American Revolution, DAR) အဖွဲ့နဲ့ ဗာဂျီးနီးယားသူကောင်းမျိုးမိသားစုများ (First Families of Privilege)
အဖွဲ့တွေလိုဟာမျိုးတွေကို မနှစ်မြို့ပါဘူး။ DAR ကိုဝင်ရောက်ဖို့ အမေ့ကိုဖိတ်ကြားလာခဲ့တော့ “ဒီအရူးမတ
သိုက်နဲ့ဘာမှမပတ်သက်ချင်ဘူး” ဆိုပြီး အမေက ငြင်းပယ်ခဲ့ပါတယ်။ အမေလေးစားတဲ့လူတွေကတော့
သူတို့ရဲ့အဆင့်အတန်း၊ ရာထူးရာခံ၊ အနေအထားကောင်းတွေကို အမွေဆက်ခံရသူတွေမဟုတ်ပဲ အပင်ပန်းခံပြီး
လုပ်ကိုင်ရင်းနဲ့ ထိုက်ထိုက်တန်တန် ရရှိလာကြတဲ့သူတွေ ဖြစ်ပါတယ်။

အဖေက ကျနော့်ကို ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး သင်ပေးခဲ့ပါတယ်။ အမေ့ဆီကတော့ သည်းခံမှုနဲ့ပတ်သက်ပြီး
သင်ယူခဲ့ရတာပေါ့။ အဖေအီရန်ကိုထွက်သွားတော့ အမေက ကျနော့်ကို လောရဲန့်စ်ဗီးလ်မူလတန်းကျောင်း
(Lawrenceville Elementary) ကနေ ကျနော့်အနေနဲ့စာပိုတတ်မယ်လို့ သူထင်တဲ့ ပရင့်စ်တန်မူလတန်းကျောင်း
(Princeton Elementary) ကိုပြောင်းထားခဲ့ပါတယ်။ အဲဒီတော့ ကျောင်းသွားကျောင်းပြန်ကို ပရင့်စ်တန်-လောရဲန့်စ်ဗီးလ်
ဘတ်စ်ကားနဲ့ပဲသွားရတော့တယ်။ တနေ့၊ မွန်းလွဲပိုင်း ကျနော်ကျောင်းကပြန်လာတော့ ကျနော်တို့အိမ်မှာ အိမ်အကူ
လုပ်ခဲ့ဖူးတဲ့ လူမည်းအမျိုးသမီးတဦး ကားပေါ်တက်လာတာနဲ့ သွားကြုံတယ်။ အမျိုးသမီးတွေကားပေါ်တက်လာရင်
သူတို့ကိုဦးစားပေးပြီး နေရာဖယ်ပေးရမယ်လို့ အဖေနဲ့အမေက ကျနော်လဲ ထိုင်နေရာ ထပေးလိုက်ပါတယ်။

အဲဒီမှာ ကျနော်ကပဲ ကြောင်တောင်တောင် အလုပ်တခုကိုလုပ်မိတဲ့ ပုံစံမျိုး ကလေးတချို့ကဆီက အသံတွေ
ထွက်လာတယ်လေ။ အဲဒါနဲ့အိမ်ရောက်တော့ စားပွဲအရှည်ပေါ်မှာ ညစာပြင်နေတဲ့ အမေ့ကို
အဲဒီအကြောင်းပြန်ပြောပြတော့ အမေက သူလုပ်နေတဲ့ဟာကို ရပ်လိုက်တယ်။ သားအမိနှစ်ယောက် မနက်စာစား
တဲ့စားပွဲလေးမှာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြတယ်။ ပြီးတော့အမေပြောတာကတော့..

“သားကဒီကမ္ဘာပေါ်မှာကံအကောင်းဆုံးလူတွေထဲက တယောက်ဆိုတာ သားနားလည်ဖို့လိုတယ်။ သားကို
ပရိုတက်စတင့်ခရစ်ယာန်ဘာသာဝင် အမေရိကန်လူဖြူတယောက်အဖြစ်နဲ့မွေးဖွားလာတယ်။ အဓိပ္ပာယ်က
တခြားလူပေါင်းများစွာကြုံရတဲ့ လူမျိုးရေး၊ ဘာသာရေး စတဲ့ ခွဲခြားဆက်ဆံခံရမှုတွေကို သားမကြုံရဘူးဆိုတာပဲ..
ဒါပေမယ့် သားလိုကံမကောင်းတဲ့လူတွေကို အထင်အမြင်မသေးရဘူး။ အဲဒီတော့ တခြားကလေးတွေ ဘာပဲပြောပြော
သားအနေနဲ့ တခြားလူတွေကို အထင်မသေးပါနဲ့..”

သူ့ရဲ့သူနာပြုအလုပ်ကိုဘေးထားပြီး ပရင့်စ်တန်မြို့နဲ့လောရဲန့်စ်ဗီးလ်မြို့တွေက လူမှုရေးအခမ်းအနားတွေမှာ ပါဝင်ပတ်
သက်နေရတာက အဖေရှိနေသရွေ့တော့ အဓိပ္ပာယ်ရှိပါတယ်။ အမေနဲ့အဖေတို့က အားကျဖို့ကောင်းတဲ့ ဇနီးမောင်နှံပါ။
တယောက်အပေါ်တယောက် ကြင်နာမှုရှိတယ်၊ သူတို့ဘဝနဲ့၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပတ်သက်လို့လည်း
ကျေနပ်မှုရှိကြပါတယ်။ အဖေအနားမှာရှိနေရင် အမေ့မှာယုံကြည်မှုအပြည့်ရှိတယ်၊ လွတ်လပ်မှုရှိတယ်၊ အမေက
အဖေ့ရဲ့လုပ်ဆောင်မှုတွေကိုရော၊ သူ့ရဲ့အားထုတ်မှုတွေကိုပါ ဂုဏ်ယူပါတယ်။ ဒါပေမယ့် အဖေအဝေးကိုထွက်သွား
ရတဲ့အချိန်ကစပြီး အမေခင်တွယ်ရတဲ့ ဘဝလေးပျောက်ကွယ်သွားခဲ့ပါတယ်။ အဲဒီအပြင် အမေ့မှာ ဝန်ထုပ်ဝန်
ပိုးတွေနဲ့ ပိလာခဲ့ပါတယ်။

အဆိုးဆုံးကတော့ မြင့်မားလှတဲ့အခွန်နှူန်း (High Taxes) တွေနဲ့ အိမ်ဝယ်ဖို့ချေးယူထားတဲ့ ဘဏ်ချေးငွေကို
အတိုးနဲ့အရစ်ကျပြန်ဆပ်ရတဲ့ (Mortgage) တွေက အမေ့ကိုအကြီးအကျယ်ခေါင်းကိုက်စေပါတယ်။ အဖေထွက်
သွားပြီးတော့ အိမ်ကိုရောင်းဖို့ အမေတို့ ကြိုးစားကြပါသေးတယ်။ ဒါပေမယ့် ဝယ်သူပေါ်မလာခဲ့ဘူး။ အဲဒါနဲ့ ကျနော်
တို့အိမ်တခြမ်း လာငှားနေမယ့်အိမ်ငှားရှိနိုင်မယ်လို့ အမေထင်ခဲ့တယ်။ အိမ်ငှားမယ့်လူတွေနဲ့ စကားပြောပြီးတိုင်း
အိမ်ငှားမယ့်အစီအစဉ်က ပျက်ပျက်သွားခဲ့ရတယ်။

အဲဒီအချိန်မှာ စစ်အတွက် လောင်စာဆီတွေလိုနေတဲ့အချိန်ဖြစ်တော့ ကျနော်တို့ရဲ့ လောင်စာဆီသုံး အပူပေးမီးဖို
(Oil Burner) ကို ဖြုတ်သိမ်းလိုက်ရတယ်။ အဲဒီတော့ (၁၉၄၂-၄၃) ဆောင်းရာသီမှာ အပူပေးဖို့အတွက် အမေက
ကျောက်မီးသွေးမီးဖိုတခုကို တပ်ဆင်ခဲ့ရပါတယ်။ အဲဒီမီးဖိုမှာထည့်ဖို့ အတွက် တနေ့နှစ်ခေါက် မြေတိုက်ခန်းထဲဆင်းပြီး ကျောက်မီးသွေးတွေကို ဂေါ်ပြားနဲ့ကော်ထည့်ရပါတယ်။ အိမ်အကူတွေကလည်း
ထရဲန်တန်မြို့က လက်နက်ခဲယမ်းစက်ရုံတွေမှာ ဝင်လုပ်နေကြတော့ အိမ်အကူရဖို့က အရမ်းခက်နေပါတယ်။
ဓါတ်ဆီကလည်း ရွှေထက်ရှားနေတဲ့အချိန်ပေါ့။

ကျနော်တို့မိသားစုမှာ (Gang Busters) ထဲမှာပါတဲ့ တော်ပီဒို လို့ခေါ်တဲ့ ပွန်းတီးယက်ဆီဒင်ကား (Pontiac Seden)
မျိုးတစီးရှိပါတယ်။ ကံမကောင်းချင်တော့ စစ်ကြောင့် ချက်ချင်းကိုပဲ ဘယ်မှသွားလို့မရတော့ဘူးဖြစ်သွားတယ်။ အဲဒီတော့
ကားမောင်းရတာနှစ်သက်တဲ့ အမေ့ခမျာ စိတ်ဆင်းရဲရတာပေါ့။ လမ်းပေါ်ထွက်ရင် ကားရှေ့မှန်ပေါ်မှာ ဓါတ်ဆီခွဲတမ်း
သတ်မှတ်ချက် တံဆိပ်ကိုကပ်ထားရတယ်။ ကျနော်တို့ရတဲ့ တံဆိပ်ကတော့ စာလုံးမည်းနဲ့ အေ (A) လို့သတ်မှတ်ထားတဲ့
အောက်ဆုံးဖြစ်နိုင်တဲ့အဆင့်ပေါ့။ (၁၉၄၂) မကုန်မီ ကျနော်တို့ရတဲ့ ဆီခွဲတမ်းက တပတ်ကို (၃) ဂါလံဖြစ်သွားပြီး၊

(၁၉၄၃) လဲကျရော ပိုတောင်နည်းသွားပါလေရော။ လောရဲန့်စ်ဗီးလ်နဲ့ မိုင်ငါးဆယ်လောက်ဝေးတဲ့ နီဝပ်ခ်မြို့ (Newark)
က အဖေ့ရဲ့အမေ၊ ကျနော်တို့အဘွားဆီကိုသွားလည်ဖို့ အမေက ကျနော်တို့ရတဲ့ ဆီခွဲတမ်းအများစုကို စုထားပေးပါတယ်။

အမေနဲ့အဖွားက သိပ်တော့အစေးမကပ်ကြဘူး။ ရုသ်အဲန်းကိုမွေးတော့ အဖွားစပြောတဲ့စကားက.. ဂျာမန်မိန်းကလေး
တယောက်သာဆိုရင် သားဦးကို ယောက်ျားလေးမွေးလိမ့်မယ်
..
တဲ့လေ။ အဖွားက အဲလိုယောက္ခမမျိုးလေ။ ဒါပေမယ့်
အမေကတော့ တာဝန်ကျေတဲ့ချွေးမတယောက်ပါ။

အဘွားအိမ်ကိုရောက်ရောက်ချင်း နာရီဝက်ကတော့ အမြဲတမ်းကျနော့်အကြိုက်ပဲ။ အဖွားက ကျနော့်ကို မြေးယောက်ျားလေး
ဆိုတော့ အရမ်းကိုအလိုလိုက်တာလေ။ ကျနော့်အတွက် သကြားလုံးတွေ၊ စစ်သားရုပ်လိုမျိုး အထူးလက်ဆောင်လေးတွေအမြဲတမ်း
ရှိနေတယ်။ အဘွားအိမ်ရောက်ပြီးလို့ နာရီဝက်ကျော်သွားရင်တော့ ကျနော်အိမ်ပြန်ဖို့ အသင့်ဖြစ်နေပါပြီ။ အသက်ကြီးတဲ့လူတွေက
စကားအရမ်းများတယ်လို့ခံစားရတယ်။ သူတို့က ကျနော့်ကို အမြဲတမ်းဖက်ယမ်းနမ်းရှုံ့နေတော့ ကျနော်စိတ်ကျဉ်း
ကျပ်တယ်လေ။ နောက်သူတို့ဆီကရတဲ့အနံ့က ရီချင်စရာကောင်းတယ်လို့ထင်တာပဲ။

အဖေမရှိတုန်း စစ်နဲ့ပတ်သက်ပြီး ကျနော်တို့အားလုံး တနေရာစီကပါဝင်လုပ်ဆောင်ခဲ့ကြရပါတယ်။ ပထမတနှစ်မှာ
အမေက လောရဲန့်စ်ဗီးလ်မြို့သူတွေကို အကူသူနာပြုတွေဖြစ်စေဖို့ လေ့ကျင့်ပေးခဲ့ရပါတယ်။ ရုသ်အဲန်းနဲ့ဆယ်လီတို့က
ပရင့်စ်တန်က ဗြိတိသျှစစ်ရေးကူညီထောက်ပံ့မှုအသင်း (British War Relief) မှာ အမျိုးသမီးကြီးတွေ စစ်ခြေအိတ်ထိုးနိုင်
အောင် ဆွယ်တာဟောင်းတွေကို ချည်စတွေဖြစ်အောင် ပြန်ဖျက်ပေးရပါတယ်။

ကျနော်တို့ စစ်သတင်းကြေငြာချက်တွေကို
နားထောင်ပြီး မြောက်အာဖရိက (North Africa) နဲ့ စစ္စလီကျွန်း (Sicily) တွေမှာ မဟာမိတ်တပ်တွေအောင်ပွဲခံနေတယ်လို့
သတင်းကြားတော့ သိပ်ငယ်နေသေးလို့ ဘာတွေဖြစ်နေလဲဆိုတဲ့ အသေးစိတ်ကို မဖမ်းနိုင်ပေမယ့် ကျနော်တို့ဝိုင်းပြီး သြဘာပေး
ခဲ့ကြတာပေါ့။ ကာကွယ်ရေးဝန်ကြီးဋ္ဌာန (War Department) ရဲ့ ရန်ပုံငွေရှာဖွေရေးအစီအစဉ် (Fund-Raising Program)
မှာ ကျနော့်ကျောင်းကလဲ ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ စစ်သုံးဂျစ်ကားတစီးဝယ်ဖို့ ကျနော်လဲခြေတိုအောင်
လျှောက်ပြီး ဆယ်ပြားစေ့ (Dime) လို၊ ငါးပြားစေ့ (Nickel) လို အကြွေစေ့တွေ အလှူခံခဲ့ပါတယ်။ ကားတစီးစာအတွက်
ကျနော်တို့အလှူခံရတာ ဒေါ်လာ (၇၅၀) ထင်ပါတယ်။ (၇၅၀) ပြည့်တော့ စစ်တပ်ကလဲ ကျောင်းကို ဂျစ်ကားလဲယူလာရော
ထူးထူးခြားခြား ဂျစ်ကားအထိမ်းအမှတ်နေ့ (Jeep Day) ကျင်းပကြတာပေါ့။ ဂျစ်ကားကတော့ ကျနော်မမေ့နိုင်အောင်
တကယ့်ကိုထူးထူးခြားခြားပုံပါပဲ။ စစ်စိမ်းရောင်သုတ်ထားပြီး ကြယ်ဖြူတွေနဲ့ အမေရိကန်အလံလွှမ်းခြုံထားတဲ့ ဂျစ်ကားကို
ထရပ်ကားပေါ်မှာ တင်ထားတာပါ။ အမှန်ကတော့ အဲဒီကားကိုပဲ နယူးဂျာစီပြည်နယ်တခုလုံးမှာရှိတဲ့ ကျောင်းတွေအားလုံး
ကို ယူလာပြီးပြခဲ့ပေမယ့်၊ ကျနော်တို့လဲမသိကြဘူးလေ။ လာပြတဲ့ဂျစ်ကားက ကျနော်တို့ဝယ်ပေးလိုက်တဲ့ဂျစ်ကားလို့ပဲ
ထင်ကြတာပေါ့။

ကျနော်တို့ ပရင့်စ်တန်မူလတန်းကျောင်းရဲ့ ဂျစ်ကားက ဂျာမန်တွေနဲ့ ဂျပန်တွေကို သွားတိုက်တော့မယ်ဆိုပြီး ကျေနပ်နေကြတာပေါ့။

                  (၁၈၈၂) မှစတင်ထုတ်ဝေခဲ့သည့် (Trenton Times) ဟုခေါ်ဝေါ်ကြသော (The Time) သတင်းစာ

စစ်အတွက် ပိုက်ဆံလိုက်ကောက်ရတဲ့ အတွေ့အကြုံကနေပြီးတော့ ကိုယ့်ဘာသာပိုက်ဆံရှာရတာကို ကျနော်စိတ်ဝင်စား
လာတယ်။ အမေကတော့ အဲဒီငွေရှာချင်တဲ့စိတ်ကို တိုက်တွန်းအားပေးတဲ့ နေရာမှာတော့ တကယ်ကိုတော်ပါတယ်။
အဖေထွက်သွားတဲ့ နွေဦးမှာ အမေက ကျနော့်အတွက် သတင်းစာပို့တဲ့အလုပ်တခုကို ရှာပေးတယ်လေ။ နေ့စဉ်
မွန်းလွဲပိုင်းကျရင် သတင်းစာတိုက်ကို သွားသတင်းပို့ပြီး ကျနော့်ကိုယ်တာ ထရဲန်တန်နေ့စဉ်  (Trenton Times)
သတင်းစာထုပ်ကို သွားယူရပါတယ်။ သတင်းစာတွေကို ပုံသေသတ်မှတ်ထားတဲ့ပုံစံအတိုင်းခေါက်ရပါတယ်။

ခေါက်ပြီးသွားရင် စက်ဘီးတစီးနဲ့လျှောက်သွားပြီး သတင်းစာယူတဲ့အိမ်တွေရဲ့ အိမ်ရှေ့ဆင်ဝင်တွေအောက်ကို
ရောက်အောင် သတင်းစာတွေကို ပစ်ထည့်ပေးရပါတယ်။ သတင်းစာခေါက်တဲ့နေရာမှာတော့ ကျနော်က အနှေးဆုံးပါပဲ။ တခြားသတင်းစာပို့တဲ့ကောင်လေးတွေအားလုံးက ကျနော့်နောက်မှရောက်လာကြတယ်။ သူတို့သတင်းစာ
တွေကိုခေါက်ကြပြီး၊ စက်ဘီးတွေပေါ်တင်ပြီး အသီးသီး သတင်းစာပို့ဖို့ထွက်သွားကြပြီးတဲ့အချိန်ထိ ကျနော်ကသတင်းစာတွေကိုခေါက်နေရတုန်းပဲ။ ခေါက်ပြီးလို့ရှိရင်လည်း သတင်းစာယူတဲ့အိမ်တွေရဲ့ အိမ်ရှေ့ဆင်ဝင်တွေ
ထဲကို ပစ်လိုက်တိုင်းတလွဲတွေချည်းပဲ။ များသောအားဖြင့် သတင်းစာတွေက အိမ်နဲ့လမ်းကိုခြားထားတဲ့ ခြံစည်း
ရိုးချုံတန်းတွေပေါ်ကျပါတယ်။ အဲဒီအခါကျတော့ ကျနော်လဲ စက်ဘီးပေါ်ကဆင်း၊ သတင်းစာကိုပြန်ကောက်ပြီး
ဆင်ဝင်အောက်မှာပဲ သွားချရမလား၊ အဲဒီအတိုင်းပဲထားလိုက်ရမလား ဆုံးဖြတ်ချက်ချဖို့ ကြိုးစားရပါတော့တယ်။
များသောအားဖြင့်တော့ အဲဒီအတိုင်းပဲထားလိုက်တာ များပါတယ်။ တချိန်တည်းမှာပဲ ကျနော်ကနောက်ကျနေတော့
သတင်းစာမရဘူးဆိုပြီး ဖောက်သည်တွေက သတင်းစာတိုက်ကို လှမ်းပြောကြတော့တာပဲ။ (၃) ပတ်လောက်ပဲ
ခံလိုက်ပါတယ်။ အမေနဲ့ကျနော် စီးပွားရေးဆိုင်ရာညီလာခံလေးတခု ကျင်းပလိုက်ကြပြီး၊ ကျနော့်ရဲ့အနာဂတ်က
သတင်းစာတွေထဲမှာ မရှိဘူးဆိုတာကို သဘောတူခဲ့ကြတယ်လေ။

သတင်းစာပြီးတော့ နောက်တပွဲက မျိုးစေ့ရောင်းတဲ့အလုပ်ပါ။ မျိုးစေ့ကုမ္ပဏီတွေက အိမ်ပေါက်စေ့ မျိုးစေ့လိုက်ရောင်းနိုင်ရင်
ဆုကြေးတွေ တလှေကြီးရနိုင်မယ်လို့ ကာတွန်းစာအုပ်တွေထဲမှာ စိတ်ဝင်စားစရာကြော်ငြာတွေထည့်ကြတယ်။ အဲဒီတော့
ကျနော်လဲ အဲဒီကြော်ငြာတွေကိုဖတ်ပြီး မျိုးစေ့ရောင်းပြီး ငါးမျှားတံ၊ ငါးမျှားချိတ်၊ စက်သီးနဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေအားလုံးပါတဲ့ ငါးမျှားကိရိယာတစုံကောင်းကောင်းတော့ ရအောင်လုပ်ရမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ကျနော်ဘယ်လောက်ရောင်း
မလဲဆိုတာကို အမေက ဝိုင်းစဉ်းစားပေးပြီး အမှာစာပုံစံကို အမေရယ်၊ ကျနော်ရယ် ဖြည့်ကြတာပေါ့။ သား..ဒီလောက်မျိုးစေ့တွေ အများကြီးရောင်းမလို့လား..လို့..အမေက မေးပါတယ်။ သား.. မျိုးစေ့အစား..မှန်ဘီလူးရောင်းသင့်တယ်ထင်တယ်နော်..
လို့ အမေကပြောပါသေးတယ်။ ဒါပေမယ့် ကျနော်က မျိုးစေ့ရောင်းဖို့ လုံးဝကို ဆုံးဖြတ်ပြီးပါပြီ။ မျိုးစေ့ထုပ်လေးတထုပ်ကို
ဆယ်ပြားနဲ့ရောင်းပါတယ်။ အထုပ်တွေပေါ်မှာ အံ့သြဖွယ်ရာ အသီးအနှံတွေ၊ အပင်ပုံတွေ ပါပါတယ်။ အပူပိုင်းဒေသ
ဖရဲသီးနဲ့ပန်းတွေ၊ အိမ်ကိုတောင်ဖုံးလွှမ်းသွားနိုင်တဲ့ နွယ်တွေနဲ့ စပျစ်ပင်တွေရဲ့ပုံတွေနဲ့ပေါ့။

ကျနော် လဲ သီတင်းပတ်ပေါင်း အတော်ကြာကြာ လောရဲန့်စ်ဗီးလ်မြို့က အိမ်တံခါးတွေလိုက်ခေါက်ပြီး မျိုးစေ့တွေ
လိုက်ရောင်းပါတယ်။ ဒါပေမယ့်လည်း ကျနော့်ဆီမရောင်းရသေးတဲ့ မျိုးစေ့ထုပ်တွေရာနဲ့ချီပြီး ကျန်နေပါသေးတယ်။

အဲဒီအချိန်မှာပဲ မျိုးစေ့ကုမ္ပဏီက မျိုးစေ့ဖိုး ငွေတောင်းတဲ့စာတွေ လာနေပါပြီ။ အမေ့ခမျာလဲ သွားမရောင်းရသေးတဲ့ရပ်
ကွက်တွေနဲ့လူတွေကို ဝိုင်းစဉ်းစားပေးရှာပါတယ်။ ဒါပေမယ့်လဲ အချိန်တွေသာ တော်တော်ကုန်သွားတယ်။ မျိုးစေ့တွေက
မရောင်းရဘူး။ ငွေတောင်းစာတွေထဲမှာ အရေးအသားတွေကလည်း နည်းနည်းကြမ်းလာတယ်လေ။ နောက်ဆုံး..
ကျနော့်တာဝန်ကျေတယ်။

မျိုးစေ့တွေအားလုံးရောင်းထွက်သွားတယ်လို့ အမေက တရားဝင်ကြေငြာပေးပါတယ်။ ဒါပေမယ့် ကျန်တဲ့မျိုးစေ့ထုပ်
ဖိုးတွေတော့ အမေစိုက်ပေးလိုက်ရတယ်။ အဲဒါနဲ့ကျနော်လဲ မျိုးစေ့ကုမ္ပဏီကပို့လာမယ့် စက်သီးတပ်ငါးမျှားတံ
ရောက်အလာကို မျှော်နေမိတယ်လေ။ နောက်ဆုံး ပါဆယ်ရောက်လာတဲ့အချိန်ကျတော့ ပါဆယ်ထုပ်ပုံစံက စတုဂံ
ပုံဖြစ်ရမယ့်ဟာ လေးထောင့်စတုရန်းပုံဖြစ်နေရော။ ဖွင့်လဲကြည့်လိုက်တော့.. သမ္မာကျမ်းစာအုပ် (Bible)
ဖြစ်နေတယ်လေ။ အထဲမှာ မျိုးစေ့ကုမ္ပဏီရဲ့စာတစောင်ပါသေးတယ်။

မျိုးစေ့ဖိုးငွေချေတာ အချိန်ကြန့်ကြာမှုရှိရင် ကျနော့်ရဲ့ဆုကြေးကို ကျနော့်စိတ်ကြိုက်မဟုတ်တော့ပဲ ဘာပေးမလဲ
ဆိုတာကို သူတို့ပဲသတ်မှတ်ရလိမ့်မယ်ဆိုတဲ့ အချက်ကို ညွှန်းထားတဲ့စာပါ။ ဒါကတော့ မတရားဘူးလို့ ကျနော်ထင်ပါတယ်။ အမေကတော့ နော်မန်ရေ..သား..နောက်နှစ်တော့ အမေတို့မျိုးစေ့မရောင်းတော့ဘူး.. ဆိုတာလောက်ပဲပြောရှာပါတယ်။

အဲဒီအချိန်မှာ အဖေ့ဆီကစာတွေရောက်လာပါတယ်။ အဖေ့ရဲ့စာနဲ့ပါဆယ်ထုပ်တွေက လာရင်အပုံလိုက် ရောက်လာ
တတ်ပါတယ်။ အဖေကိုယ်တိုင်ကတော့ လက်နှိပ်စက်မရိုက်တတ်ပေမယ့် တယ်ရန်မြို့မှာ အဖေ့အတွက် လက်နှိပ်စက်
စာရေးတယောက်ရှိတယ်လေ။ အပတ်တိုင်း အဖေ့ဆီကထွက်လာတဲ့ စာလုံးတွေအများကြီးက စာရွက်တွေပေါ် ရောက်
လာတာပေါ့။ ချောပို့တာကလဲ မမှန်ပါဘူး။ သုံးပတ်လောက်ဘာမှမလာရာကနေ ဗြုန်းဆို စာတွေ (၁၂) စောင်၊ (၁၅)
စောင်လောက်ရောက်ချလာရော။ ဧည့်ခန်းထဲမှာ ကျနော်တို့ထိုင်ပြီး၊ အမေကအကျယ်ကြီးဖတ်ပြတယ်။ အဲဒီစာတွေက
ဖတ်ကြည့်ချင်စရာတွေပဲလေ။ အဖေက သူ့မှာ ရှိတဲ့ ရောင်စုံဘောပင်တစုံနဲ့ သူတွေ့ခဲ့တဲ့အရာတွေရဲ့ ပုံတွေနဲ့ ဟာသ
ကာတွန်းတွေကို ဆွဲထားတတ်တယ်လေ။

အဖေရေးတာကတော့ အစုံပါပဲ။ ကျောက်ပြားတွေနဲ့ဆောက်ထားတဲ့ နန်းတော်တွေနဲ့ ဗလီတွေ၊ အစားအစာ
အတွက်ဖြစ်တဲ့ အဓိကရုဏ်းတွေ၊ တောင်ပေါ်သားတွေက လမ်းမှာ ကုန်ပစ္စည်းဖြတ်လုတာတွေ၊ ပျင်းစရာကောင်းတဲ့
သံတမန်နေ့လည်စာစားပွဲတွေ၊ အခု အမေရိကန် လုပ်ငန်းစဉ်မှာပါတဲ့ တခြားအဖွဲ့ဝင်တွေနဲ့ ပေါင်းနေရတဲ့ အိမ်ကြီးထဲက
အဖြစ်အပျက်လေးတွေ၊ အဖေ့ရဲ့အကူကောင်လေး အလီ၊ အီရန်လွှတ်တော်ရဲ့ နိုင်ငံရေးကိစ္စတွေနဲ့ အဖေ့သွားတွေက
ဒုက္ခပေးတာတွေ.. အဲလိုမျိုးအစုံပါပဲ။

ဒီကိစ္စတွေထဲက အများစုကတော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားပေမယ့်၊ အဲဒီထဲမှာ ကျနော်စိတ်ဝင်စားမိတဲ့
အရာတခုခု ကတော့ ပါနေတတ်တယ်။ တယ်ရန်က ကော်ဇောရက်တဲ့လူတွေက ကော်ဇောအသစ်တွေကို
ဈေးပိုရဖို့ အဟောင်းပုံပေါက်အောင်လုပ်ကြတယ်လေ။ သူတို့က ကော်ဇောအသစ်တွေကို လမ်းတွေပေါ်မှာခင်းလိုက်ပြီး
လူတွေ၊ ကုလားအုတ်တွေနဲ့ လားတွေကို ခင်းထားတဲ့ ကော်ဇောတွေပေါ်က ရက်ပေါင်းများစွာ ဖြတ်လျှောက်စေတယ်လို့
အဖေ့စာထဲမှာရေးထားတယ်လေ။

တရက်ဆို ကော်ဇောကိုအဟောင်းဖြစ်အောင် ကားတွေ၊ လှည်းတွေကို အပေါ်က ဖြတ်ကြိတ်သွားစေဖို့အတွက်
ကားနဲ့မြင်းလှည်းတွေသွားတဲ့လမ်းမှာ ခင်းထားတဲ့လူတယောက်ကိုတောင် အဖေတွေ့ခဲ့သေးတယ်လို့
အဖေရေးထားတယ်။

အဖေက ဈေးတွေကဝယ်လာတဲ့ လက်ဆောင်တွေကို ပါဆယ်တွေထုပ်ပြီးပို့ပေးခဲ့သေးတယ်။ အထဲမှာ
ငွေနဲ့လုပ်ထားတဲ့ လက်ဝတ်တန်ဆာတွေ၊ ဘုရားဝတ်ပြုတဲ့ ကော်ဇောတွေ၊ သိုးမွှေးဦးထုပ်တွေပါတာပေါ့။
ကျနော်ရတာတွေကတော့ ယောက်ျားလေး အသုံးအဆောင်တွေပါ။ လူမျိုးစုအမဲလိုက်ဓါးတချောင်း၊
ကုလားအုတ်ခေါင်းလောင်းတလုံးနဲ့ အဖေပစ်လို့ရခဲ့တဲ့ တောင်ဆိတ်ဂျိုတချောင်းပါ။

အကောင်းဆုံးကတော့ကျနော့်ရဲ့ (၁၀) နှစ်ပြည့်တဲ့မွေးနေ့အတွက် အဖေပို့လိုက်တဲ့ နှစ် (၃၀၀) လောက်
သက်တမ်းရှိတဲ့ ပါရှန်စစ်သုံးပုဆိန်တလက်ပါ။ နှစ်ပေလောက်ရှည်ပြီး၊ ငွေနဲ့ကွပ်ထားတယ်၊ ဖာရစီဘာသာနဲ့ရေး
ထားတဲ့ စာပိုဒ်တွေနဲ့ သူကောင်းမျိုးလူငယ်တဦးအတွက် ရည်ရွယ်ပြီးထွင်းထားတဲ့ စာတွေလည်းပါတယ်။

အဲဒီပုဆိန်လေးဟာ “ ဘဝစစ်ပွဲမှာ သားနဲ့ထိုက်တန်စွာရရှိမယ့် အောင်မြင်မှုအတွက် ကြိုတင်မှန်းဆမှု
လို့ ပုဆိန်နဲ့အတူပါတဲ့ စာထဲမှာအဖေကရေးထားတယ်။ စာထဲမှာ အဖေက ကျနော့်အပေါ်မှာ ရှိတဲ့ မေတ္တာ
တရားနဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး နွေးနွေးထွေးထွေး ရေးထားခဲ့တယ်လေ။

သားဘဝရဲ့ ပထမဆယ်နှစ်တာကာလပြီးမြောက်သွားတာ တကယ့်ကိုအရေးပါတဲ့ကိစ္စတခုဖြစ်ပြီး၊ အရင်
အချိန်တွေကို ပြန်တွေးမိရင် အဖေနဲ့အမေတို့အတွက် သားယူဆောင်လာတဲ့ ပျော်ရွှင်မှုနဲ့ စိတ်ချမ်းမြေ့မှုတို့ကို
နားလည်မိလာတယ်။ အဲဒါတွေကတော့ သားနဲ့အစ်မတွေကြားက ချစ်ခင်မှု၊ သားရဲ့စွမ်းဆောင်ပြီးမြောက်မှုတွေ၊
နားလည်သိတတ်မှုတွေ၊ သားရဲ့သူငယ်ချင်းတွေ၊ သားရဲ့အတွေ့အကြုံတွေနဲ့ ဘဝလမ်းမကြီးတလျှောက်က
တိုးတက်မှုတွေရော..အားလုံးပဲပေါ့။

သား..သားအတွက်အဖေဂုဏ်ယူမိပါတယ်.. အတိတ်အချိန်က နိမိတ်တွေကို ပြန်အောက်မေ့ကြည့်ရင် သားမှာ အောင်မြင်မယ့်အနာဂတ်ရှိလိမ့်မယ်ဆိုတာ မြင်နေရတယ်။ အမေနဲ့အဖေ့ရဲ့ နှလုံးသားအတွင်းထဲမှာ
သားအတွက် ပြောမပြနိုင်တဲ့ မျှော်လင့်ချက်တွေနဲ့ ရည်မှန်းချက်တွေရှိတယ်။ ထာဝရရှိနေမယ့် မေတ္တာတရား၊
အသိတရားတွေအရ အဖေတို့ဘဝတွေရဲ့ အောင်မြင်မှုဟာ သားရဲ့လုပ်ရပ်တွေအပေါ်မှာမူတည်နေတယ်လေ။

အဖေနဲ့အမေက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာစာတွေကိုလည်း အပြန်အလှန်ပို့ကြပါတယ်။ ဒါပေမယ့် အဲဒီစာတွေက
ပျော်စရာကောင်းတဲ့စာတွေတော့ ဖြစ်မှာမဟုတ်ပါဘူး။ (၁၉၄၃) ခုနှစ်တလျှောက်လုံး အမေ့ခမျာ လိုအပ်တာတွေ
အကုန်လုံးအလျင်မီအောင် ရုန်းကန်နေရပြီး ပင်ပန်းအားလျော့လာပါတယ်။ အဲဒီနှစ်နွေရာသီမှာပဲ.. ကျနော်တို့
အနေနဲ့ စံအိမ်စိမ်း (The Green House) ကနေ တခြားကိုရွှေ့ပြီး အိမ်ကို အကန့်တွေကန့်ပြီး အိမ်ငှားတွေတင်ဖို့
အဖေနဲ့အမေက ဆုံးဖြတ်ခဲ့ကြတယ်လေ။

အဲသည်လိုဆိုရင် အိမ်ဝယ်မယ့်သူ မတွေ့မချင်း အဲဒီအိမ်အတွက် စားရိတ်ကြေသွားတာပေါ့။ အဖေ့မိတ်ဆွေ
တယောက်က အဲဒီအစီအစဉ်အတွက် ဝိုင်းပြီးကူညီပေမယ့် အိမ်ဝယ်ဖို့ငွေချေးထားတဲ့ ဘဏ်က အဲဒီအစီအစဉ်
ကို သိပ်ဘဝင်မကျပဲ အိမ်ကိုပုံစံပြောင်းပြီး ပြင်ဖို့ကုန်ကျစရိတ်ကို စိုက်ပေးဖို့ စိတ်မပါဘူးဖြစ်နေတာရယ်၊
တခြားပြဿနာလေးတွေရယ် ရှိနေတယ်။ ကျနော်တို့မိသားစုအတွက် သင့်တော်မယ့်အိမ်ကို ငှားလို့ရဖို့၊
နှစ်မကုန်ခင် ပစ္စည်းတွေရော၊ လူတွေရော ပြောင်းရွှေ့နိုင်ဖို့က အမေ့ခေါင်းပေါ်ရောက်လာတာပေါ့။

အဲဒီပြဿနာတွေ အရှိန်အကောင်းဆုံး အချိန်လောက်ပေါ့.. (၁၉၄၃) အောက်တိုဘာမှာ အဖေအိမ်ခဏပြန်
လာပါတယ်။ အဖေက သူ့ရဲ့ အီရန် စစ်ရဲတပ်အတွက် ဝါရှင်တန်မှာ ထရပ်ကားတွေနဲ့ စစ်ဖိနပ်တွေလာတောင်းရင်း၊
ကျနော်တို့နဲ့ ရက်အနည်းငယ်ပဲ နေသွားနိုင်ပါတယ်။ အဖေအဲဒီတုန်းက ခဏရောက်လာတာနဲ့ပတ်သက်လို့
သိပ်တော့မှတ်မှတ်ရရမရှိလှပါဘူး။ ဟောလိုးဝင်း (Halloween) မှာ ဆယ်လီကြုံတဲ့ ကိစ္စတခုကလွဲရင်ပေါ့။

ဆယ်လီနဲ့ ရုသ်အဲန်းတို့က အိမ်ရှေ့ကနေ၊ မုန့်ကျွေးမလား၊ သရဲခြောက်ခံမလား (Trick or Treat) လုပ်မလို့
အိမ်ရှေ့တံခါးကနေဝင်လာကြတယ်လေ။ ကျနော်က အိပ်ပျော်နေပြီ၊ အဖေနဲ့အမေတို့ကတော့ မီးဖိုချောင်ထဲမှာ။

အဲဒါနဲ့ ဆယ်လီ အိမ်နောက်ဘက်ကို လျှောက်လာတေ့ အဖေနဲ့အမေ တို့ သစ်သားစားပွဲရှည်ကြီးမှာ ထိုင်ပြီး
ဆေးလိပ်သောက်ရင်း အချေအတင်စကားပြော နေကြတာကို သွားတွေ့တယ်။ အမေက ငိုနေတယ်တဲ့။

ကျနော့်အစ်မ ဆယ်လီလဲ အဲဒီကိစ္စအတွက် ရက်အတော်ကြာကြာ စိတ်ဆင်းရဲခဲ့ရတယ်။

အမေဘာလို့အဲလောက်တောင်ဝမ်းနည်းနေရလဲဆိုတာကိုတော့ သူလဲသေချာမသိဘူး။ အင်းပေါ့..အဖေနဲ့အမေတို့က
သူတို့ပြဿနာတွေကို ကျနော်တို့ကလေးတွေမသိအောင် ထားထားကြတယ်လေ။ အဲလိုနဲ့ အဖေပြန်သွားပြီး
သိပ်မကြာခင်မှာပဲ ရောက်လာတဲ့ ဆောင်းဥတုကို အမေ့ခမျာ အထီးကျန်စွာနဲ့ ရင်ဆိုင်ရပြန်တော့တယ်။

အဲလိုနဲ့ သီတင်းပတ်အနည်းငယ်ကြာပြီးတော့၊ တရက်ကျနော်ကျောင်းကပြန်လာတော့ အမေ့ကို အိမ်ရှေ့အဝင်ဝမှာ
ဒူးတွေကိုဖက်ပြီးထိုင်နေရင်း မျက်ရည်ကျနေတာတွေ့ရတော့တယ်။ အမေက ကျောက်မီးသွေးမှုန်တွေနဲ့ ညစ်ပေနေတော့ လောလောလတ်လတ်ပဲ မြေတိုက်ထဲကပြန်တက်လာတဲ့ပုံပါ။ ကျနော်လဲလန့်ဖြန့်သွားပြီး၊
ဘာဖြစ်တာလဲဆိုတာကိုမေးကြည့်မိပါတယ်။ ကျနော်တို့ဆီမှာ စားစရာဘာမှမရှိတော့ဘူး.. ညစာအတွက်လဲ
ဘာမှမရှိတော့ဘူးဆိုပြီး အမေက ဗလုံးဗထွေးနဲ့ပြန်ဖြေပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ စားစရာတွေရှိနေတာ
ကျနော်သိတယ်။ အမေတခုခုဖြစ်ထားတယ်.. ဘာဖြစ်ထားလဲဆိုတာကို ကျနော်လဲမသိဘူး။

ကျနော်တို့ ပရင့်စ်တန်ကို အဲဒီနှစ် ဒီဇင်ဘာလအစောပိုင်းမှာ ပြောင်းခဲ့ကြပါတယ်။ တိုက်ခန်းတခန်းကို
အရင်ပြောင်းရတယ်။ ပြီးတော့ ပရင့်စ်တန်ခရစ်ယာန်ဘာသာရေးကောလိပ်အနီး၊ ကြေးရတတ်တွေနေကြတဲ့
ရပ်ကွက်ဟောင်းထဲက ဟစ်ဘဲန်လမ်းပေါ်က ငှားလို့ရတဲ့ အိမ်တလုံးကို ထပ်ပြောင်းခဲ့ကြတယ်။ အဲဒီအိမ် အရင်
အိမ်စိမ်းထက်သေးပြီး စီမံခန့်ခွဲရတာ ပိုလွယ်တယ်လေ။ ဒါပေမယ့်လည်း လောရဲန့်စ်ဗီးလ်မှာတုန်းက အကောင်း
ဆုံးဆိုတဲ့အိမ်မှာ နေသားကျနေခဲ့ကြတဲ့ အစ်မတွေကတော့ ဖီလင်ငုတ်သွားကြတယ်။  ကျနော်တို့အိမ်က
သစ်နဲ့ဆောက်ထားပြီး အနီးအနားကအိမ်တွေ အများစုက အုတ်နဲ့ဆောက်ထားတော့ ပိုခန့်ကြတယ်လေ။

ဒါပေမယ့် အပြင်ကို မြင်နေရတဲ့ ပြတင်းပေါက်ကြီးတွေနဲ့ ဝရန်တာပဲ ကာထားတဲ့ အိမ်ရှေ့ခန်းကျယ်အဖွင့် လည်း
ပါတယ်။ ဘာပြဿနာမှ တော့မရှိပေမယ့် အဲဒီမှာနေခဲ့ရတဲ့ (၂) နှစ်မှာ ကျနော်တို့ တော်တော့ကို
မပျော်ရွှင်ကြပါဘူး။

လောရဲ့စ်ဗီးလ်ကထွက်လာပြီးတော့မှ အမေ အရက်တွေအရမ်းသောက်နေတာက ပေါ်လာပါတယ်။

အဲဒါကြောင့် အမေစကားပြောရင် ဗလုံးဗထွေးနဲ့ ဝါးတားတားဖြစ်ဖြစ်နေတာလေ။ ကျနော်တို့ အိမ်မပြောင်း
ခင်ကတည်းက အမေသောက်နေခဲ့တာလားတော့ မသိဘူး။ ဒါပေမယ့် ပရင့်စ်တန်ရောက်တော့ ပြဿနာက
ဖုံးလို့မရတော့ပဲ အတော်ကိုကြီးလာပြီ။ ခြောက်လအတွင်းမှာ အဲဒီပြဿနာကို ကျနော်တို့မိသားစုရဲ့ အဓိက
ကျတဲ့ ကိစ္စဖြစ်လာပါတယ်။

မင်းသမီးဘာဘရာဘရစ်တန်နှင့် မင်းသားဆန်နီတပ်ဖ်တ်စ်

အမေရိကန်ဗိုလ်ချုပ်ကြီး နော်မန် ရွှပ်ဇကော့ဖ် ၏ ကိုယ်တိုင် ရေး အထ္ထုပတ္တိ စာ အုပ် ဖြစ်သည့် It Doesn’t Take a Hero စာရေးသူ
Daniel Kane က ဘာသာ ပြန် ဆို ပါသည်။

ကျန်ရှိ နေသည့် အပိုင်း ကို မနက် ဖြန် စောင့် မျှော် ဖတ် ရှု ပါ။

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers