Skip to content

ယာဟူး တည်ထောင်သူ ဂျယ်ရီ ယန်း ရာထူး က နှုတ်ထွက်

jerry_yang

အင်တာနက် ၀ဘ်ဆိုတ် လောက ကို တစ်ခောတ် ဆန်း သစ် စေခဲ့သည့် Yahoo အင်တာနက်
ဝဘ်ဆိုတ် တည် ထောင် သူ ဂျယ်ရီယန်း သည် ယနေ့  ၎င်း ၏  အဓိက ရာထူး ဖြစ်သည့် လစာ
ကြေး ငွေ ၊ စတော့ ရှယ်ယာ နှင့် အစု ထည့် ကြေး ငွေ အများ ဆုံး ရ နေသည့်  ဒါရိုက်တာ
အဖွဲ့  ၀င် ရာ ထူး မှ ယနေ့ နှုတ် ထွက် လိုက် ပြီ ဟု ရိုက် တာ သတင်း တွင် ဖော် ပြထား သည်။

အသက် ၄၃ နှစ် ရှိ ပြီ ဖြစ်တဲ့ ဂျယ်ရီယန်း ဟာ ငွေကြေး ၀န်ဆောင် မှု လုပ်ငန်း တွေ ကို ပါ ဆောင်
ရွက် ပေး တဲ့ Yahoo Japan နဲ့  Alibaba အင်တာနက်  အခြေခံ စီးပွားရေး ငွေကြေး နဲ့  လက်လီ
ရောင်းချမှု ဆိုက် မှ လည်း နှုတ် ထွက် ခဲ့ ခြင်း ဖြစ်သည်။

Jerry Yang သည် ၁၉၉၅ ခုနှစ် တွင် ဒေးဗစ် ဖီလို နှင့် ပူးပေါင်း က ယာဟူး အင်တာ နက် ဆိုတ်
ကို တည် ထောင် ခဲ့ ခြင်း ဖြစ်သည်။သူ့  ကို ၁၉၆၈ ခုနှစ် တွင် ထိုင် ၀မ် နိုင်ငံ တိုင်ပေ မြို့  တွင် မွေး
ဖွာ ခဲ့ ခြင်း ဖြစ် ပြီး အသက် ၁၀ နှစ် တွင် အမေရိကန် နိုင်ငံ ကာလီ ဖိုးနီးယား ပြည်နယ် သို့  ပြောင်း
ရွှေ့  နေထိုင် ခဲ့ သည်။

၂၀၀၉ ခုနှစ် တွင် မိုက်ခရိုဆောဖ် က ၄၇ ဘီလျှံ ဖြင့် ယာဟူး အား ၀ယ်ယူ မည့် အစီအစဉ် ဉ်
ဂျယ်ရီယန်း က ကာဆီး မှု များ လုပ် ခဲ့ သည် ဆိုကာ ရှယ်ယာ ရှင် တို့  ဒေါသ ထွက် ခဲ့ ကြ
သည်။

လက်ရှိ ယာဟူး ၏ CEO ဖြစ်သူ စကော့ သော်မဆင် က ” ဂျယ်ရီယန် သည့် တီထွင်မှု
တွင် သူမတူ အောင် ထက် မြက် ပြီး ၊ အင်တာနက် ခောတ် ပြောင်း တော်လှန်ရေး ကို
ကမ္ဘာ မြေ အတွက် ဆောင် ကြဉ်း ပေး ခဲ့ သူ ဟု ဆို သည်။

Yahoo ၏ ရှယ်ယာ ရှင် များ က မူ ဂျယ်ရီယန်း ၏ နှုတ် ထွက် မှု အတွက် ပျော်ရွှင် နေပုံ
ရသည် ဟု Forbes တွင် ဖော်ပြထား သည်။

၂၀၀၇ ခုနှစ် တွင် သူ နှင့် သူ့  ဇနီး သည် ၎င်း တို့  ပညာ သင်ကြား ခဲ့ သည့် စတန်း ဖို့ ဒ်
တက္ကသိုလ် သု တေသန စရိတ် များ အတွက် ဒေါ်လာ ၅၇ သန်း လှုဒါန်း ခဲ့ သည်။

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers