Skip to content

ရွှေည၀ါ ဆရာတော် ကျောင်းတိုက် မှ ထွက်ပေးဖို့  ကတိ ပြု

384646_305355186153256_267614753260633_1107207_834495440_n

FNG၊ ၊ရန်ကုန်တိုင်း ကြည့်မြင့် တိုင် မြို့  နယ် သာဓု ရပ်ကွက် သာဓု ပရိယတ္တိ ကျောင်းတိုက် မှ ရွေည၀ါ
ဆရာတော် ဟုကျော်ကြား သည့် ဦးပညာသီဟ သည် ယနေ့ နေ့ လည် ၂ နာရီအချိန် ခန့် က
ရွှေတိဂုံ စေတီတော် အရှေ့ဖက်မုခ်၊ကြားတောရ လမ်း  ရှိ  ရန်ကုန်တိုင်း သံဃာ့နာယက
ရုံး ဉ် ဖေဖော်ဝါရလ ၁၉ ရက်နေ့  ညနေ ၆ နာရီ နောက်ဆုံးထား ပြီး   ကျောင်းမှ ထွက် ခွာသွား
မည် ဟု ၀န်ခံ ကတိ ပြု လက် မှတ် ရေး ထိုး ခဲ့ သည် ဟု FNG မှ သတင်း ရရှိသည်။

နိုင်ငံ တော် သံဃမဟာနာယက အဖွဲ့  က ရွှေည၀ါ ဆရာ တော် အား ရန်ကုန် တိုင်း သံဃ
မဟာနယက အဖွဲ့  မှ တစ်ဆင့် ကျောင်းတိုက်မှာ ဖယ်ရှားပေး ရန် နှင့် သံဃာ အဖြစ်မှာ ရပ်
စဲရန် ယမန် နှစ်  ဒီဇင်ဘာလ ၁၅ ရက်နေ့ က အကြောင်းကြား စာ ပေး ပို့  ခဲ့ သည်။

ရွှေည၀ါ ကျောင်းတိုင်တွင် ပြုလုပ်မည့် ဗုဒ္ဓတက္ကသိုလ် အပါအ၀င် မည်သည့် သင်တန်းမျှ
ကို လည်း နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့  မှ ခွင့်ပြုချက် မရရှိ ဘဲ မပြုလုပ်ရ ဟု
အကြောင်းကြား စာ တွင်  ပါဝင် သော်လည်း ယနေ့  တိုင်းသံဃာ့ နယက ဆုံး ဖြတ် ချက်
တွင် ထို ကိစ္စနှင့် ပတ်သက် ပြီး ရှင်းလင်းသည် တိကျမှု တစ်ခုခု လုပ်ခဲ့ ခြင်း မရှိ ဟု သိ
ရသည်။

ဇန်န၀ါရီလ ၁၃ ရက်နေ့ က အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက် လာသည့် ၂၀၀၇
ရွှေဝါရောင် တော်လှန်ရေး သံဃာ့ တပ် ပေါင်းစု ခေါင်းဆောင် အသျှင် ဂမ္ဘီ ရလည်း ရန်
ကုန် တိုင်း သံဃမဟာနာယက ရုံး သို့  ရွှေည၀ါ ဆရာ တော် နှင့် အတူ လိုက် ပါသွား ပြီး
တိုင်း သံဃမဟာနာယက အဖွဲ့  ဆုံး ဖြတ် ချက် ကို ဆန့် ကျင် ကန့် ကွက် သည့် သူ၏
မိန့်  ခွန်း ကို တက်ရောက် လာသည့် ပရိသတ် ၅၀၀ ကျော် ရှေ့ ဉ် ဟောပြော ခဲ့ သည်။

ပြီးခဲ့ သည့် သောကြာ နေ့  က မှ အကျဉ်းထောင် များ မှ လွတ်မြောက် လာသည့် ၈၈
မျိုးဆက် ကျောင်းသား များ အဖွဲ့ မှ ကိုမင်းကိုနိုင် အပါ အ၀င် ၈၈ မျိုးဆက် ကျောင်း
သား များ က သွား ရောက် ဖူး မြော် ခဲ့ ပြီး သံဃမဟာနာယက အဖွဲ့  နှင့် ဆရာတော်
တို့  အကြေား ငြိမ်းငြိမ်း ချမ်းချမ်း ပြီး မြောက် စေခြင် ကြောင်း ဆန္ဒ ထုတ် ဖော် ခဲ့
သည်။

သရက် အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက် လာသည့် ကို မင်း ကိုနိုင် က “
အခု လို  အချိန် မှာ နိုင်ငံရေး နဲ့  ပတ်သက် တဲ့ ဆရာ တော် တစ်ပါး ကို ဒီလို လုပ်
တာ မကောင်း ဘူး ၊ အနှုတ် လက္ခဏာ ပြတာ ပဲ ၊ သွေးတိုး စမ်းသလို  လဲ မလုပ်
သင့် ဘူး ဟု လွတ်လပ် သည့် အာရှ အသံ မြန်မာ ပိုင်း အစီအစဉ် နှင့် မေးမြန်းမှု
တွင် ပြောခဲ့ သည်။

မနှစ် က  မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ် ခဲ့သည့် အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီး ဟီလာရီ  ကလင်တန် သည်  ရွှေည၀ါ ဆရာတော် ဦးပညာသီဟ နှင့်
တွေ့ ဆုံ ခဲ့ သည်။

နိုင်ငံ တော် သံဃမဟာ နာယက အဖွဲ သည် ရွှေည၀ါ ဆရာ တော် နှင့် ဒယ်အိုးဆ
ရာ တော် တို့  ၏တရား ပွဲ များ ကျင်းပ ခွင့် ကို လည်း ပိတ်ပင် ထား သည်။

ယနေ့  ရန်ကုန် တိုင်း သာဓု ပရိယတ္တိ  ရွှေည၀ါ ကျောင်းတိုက် နှင့် ကြားတောရ
လမ်း ရှိ သံဃမဟာနာယက ရုံး တို့  တွင် လက်နက် ကိုင် ရဲတပ် ဖွဲ့  အင်အား အများ
အပြား ချထား သည် မကြာခင်က  မော်လမြိုင် အကျဉ်းထောင် မှ ပြန်လည် လွတ်
မြောက်လာ သူ ကိုချစ်မင်းလေး က FNG သို့  ပြောသည်။

ရွှေညဝါ ဆရာတော်ကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က တရားဟော
ခွင့် ပိတ် ထား ချိန် အတွင်း မန္တလေး တိုင်း NLD ရုံး တွင် ဆရာ တော် က တရား
ချီးမြှင့် ခဲ့ ခြင်း ကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့  က အညှိုးကြီး စွာ ထား
ခဲ့ ခြင်း ဖြစ်သည်။

နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဖျက်သိမ်းရေး လှုပ်ရှားမှု များ ကို ရန်ကုန်
၊မန္တလေး နှင့် တစ်နိုင်ငံလုံး ဉ်  သံဃာတော် များ က  မကြာခင် စတင်တော့ မည်
ိဆိုသည့် သတင်း များ လည်း ထွက် ပေါ် နေသည်။

9 Comments
  1. အဝေးရောက်တပည့်တယောက်….ရွှေည၀ါဆရာတော်အား၎င်းကဲ့သို့ပြုလုပ်ခြင်းသည်..မြန်မာပြည်၏.တက္ကသိုလ်တခု တတ်ရောက်ခွင့်ဆုံးရှုံးခဲ့ရပြီသာတည်း။ကမ္ဘာအေးမှာရှိတဲ့ တက္ကသိုလ်သည်လည်း.တတ်ရောက်ခြင်တိုင်းတတ်ခွင့်မရဘဲ ကန့်သတ်ချက်နဲ့လက်ခံခဲ့သည်။ထိုအရာကို သိခဲ့လို့ ဆရာကြီးဦးမြင့်ဆွေသည် လူပင်ပန်းစိတ်ပင်ပန်းခံကာ.သာသနာစိတ်အပြည့်ဝရှိသော ရွှေည၀ါ ဆရာတော်ထံ ချဉ်းကပ်၍ တက္ကသိုလ် တခုဖန်ဆင်းတည်ထောင်ခဲ့ချေပြီ.။ခုတော့ မြန်မာပြည်ရဲ့ ပညာရေးလိုလားနေကြသော ရဟန်းသံဃာတော်တွေမှာ ရှေးတိုးရမှာလား နောက်ဆုတ်ရမလား ဝေခွဲရခက်နေကြသည်။ နိုင်ငံတော်မှလည်း ဆန္ဒရှိပါလျက်နဲ့ပညာလိုလားကြသော ရဟန်းတော်တွေမှာ ..တက္ကသိုလ်တခု ပိတ်ပင်ခြင်း..သင်တန်းများအပိတ်ခံရခြင်းကြောင့် ”ဓမ္မန္တရာယ်”ထိုက်မှာမကြောက်ကြဘူးလား.အစိုးရကို လက်ခံထားသော မ ဟ န တို့သည်.တကယ်တော့ ရေငုံနှုတ်ပိတ်နေကြတော့မှာပေါ့..။အန္တရယ်အမျိုးမျိုးတို့တွင် ဓမ္မန္တရယ်သည်ကြောက်စရာအကောင်းဆုံးဆိုတာ နားမလည်လေရော့သလား..မ ဟန တို့ရယ်.။အင်း…လေ သံဃာတော်တွေတောင် သတ်ရဲခဲ့တာပဲ.ဓမ္မန္တရာယ်ကိုတော့ သူတို့ ဘယ်စဉ်းစားနေတော့မှာလဲ.။။ မ ဟ န နှင့်တကွ လက်ရှိအစိုးရသည်. ဓမ္မန္တရယ် မထိုက်ပါစေနဲ့ လို့တော့ …..။သံဃာသည် အင်မတန်ကြောက်စရာအကောင်းဆုံးဆိုတာ သင်တို့သိရတော့မည် မကြာခင်.ခုတော့………..ပလ္လင်ကြီးပေါ်ထိုင်ပြီး ကားတ၀ီးဝီးနဲ့ စီးနိုင်ကြပေမဲ့ မကြာခင် သင်တို့ကျရှုံးမှုသည်…….

    January 22, 2012
  2. ဆရာတော်ဦးဥတ္တမတို့ဦးဝိစာရတို့ကိုလွမ်းမိပါတယ်။ဘုန်းကြီးဆိုတာမင်းဆရာဘဲမင်းတွေကိုဆုံးမရမှာလေနို
    နိုငှ်ုရေးဘာသာရေးသာသနာရေဟာဒွန်တွဲနေတာဘဲအစိုးရမင်းတွေမဟုတ်တာလုပ်နေရင်နိုင်ငံရေးလုပ်ရမှာဘဲတရားမမျှတရင်ဟောရမှာဘဲ။ဘုရားကိုတော်တိုင်ဟောထားတာဘဲ………….

    January 21, 2012
  3. maung maung than #

    ဘုန်းကြီးတွေလုပ်နေတာကိုနိုင်ငံရေးလို့ဘယ်သူပြောသလဲ။နိုင်ငံရေးနဲ့.နိုင်ငံ့အရေးဆိုတာသတ်သတ်စီ။အောင်ဆန်းစုကြည်တို.၊မင်းကိုနိုင်တို.လုပ်တာဟာနိုင်ငံရေး၊ဘုန်းကြိးတွေ၊တခြားလူတွေ၊ဥပမာဆရာနေ၀င်းမြင့်တို.လိုလူတွေကနိုင်ငံအရေးလုပ်တဲ့သူတွေပဲနိုင်ငံအရေးကိုဘယ်သူမဆိုကလေးကအစလုပ်လို.ရတယ်။လမ်းပေါ်ကအမိုက်ကိုအမိုက်ခြင်းထဲသွားထဲတာလဲနိုင်ငံအရေးပဲလေ။ပြည်သူနဲ.တိုင်းပြည်အကျိုးလိုလားစွာလုပ်ရင်နိုင်ငံအရေးဘဲ။အဲလိုလုပ်တာဘယ်သူမဆိုလုပ်ခွင့်ရှိတယ်။ကလေးတောင်လုပ်ခွင့်ရှိတယ်။ကိုကျော်သူ ဟာနိုင်ငံအရေးလုပ်နေတာလား?နိုင်ငံရေးလုပ်နေတာလားသူကိုကြည့်ပါ။ဒေါ်အောင်ဆန်းစုကြည်နဲ.ကိုကျော်သူဘယ်သူက လူဘယ်နှစ်ယောက်ရဲ.မျက်ရည်ကိုစဲစေသလဲ

    January 21, 2012
  4. ma chwe ma #

    ဗုဒ္ဓက နိုင်ငံရေး မလုပ်ဖူးဆိုတဲ့ သက်သေ ဘယ်သူပြနိုင်သလည်း၊
    ဒီမိုကရေစီဆိုတာ ဗုဒ္ဓကစတာ၊
    အိန္ဒိယ ဘုရင်တပါးဆီက ရောမက အတုယူခဲ့တာ ဆိုတာ အသေအချာလေ့လာရင်
    တွေ့ရမှာပါ။

    January 21, 2012
  5. ဒဒီအချိန်မှာဒါမျိုးတွေမဖြစ်သင့်တော့ပါဘူ…ဘုန်းကြီးဆိုတော့လဲရိုင်းရိုင်းမပြောချင်ဘူးမပြောဘဲသိဖို့ကောင်းတယ်ဒါပေမဲ့ပြောမှသိမယ်မို့ပြောကိုပြောရမှာဘဲ

    January 21, 2012
  6. maungmaung #

    “နိုင်ငံတော် သံဃမဟာနာယက အဖွဲ့  ”ဆိုတာ စစ်တပ်ရဲ့ လက်ပါးစေ ခေတ်သစ်အရီးကြီးများအဖွဲ့ပဲဖြစ်မယ်ထင် တယ်…. စစ်တပ်ကဖွဲ့စည်းထားတဲ့ “နိုင်ငံတော် သံဃမဟာနာယက အဖွဲ့  ” ဖြစ်ဖို့များပါတယ်…. နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ကိုတော့ ပြောချင်တာက လီးပဲပေါ့ကွာ….

    January 20, 2012
  7. thuya #

    အဲ ခင်ဗျားတို့ စိုးရိမ်တာကလည်းနော် တစ်မျိုးကြီးပဲ ကျုပ်တော့ ဘ၀င်မကျဘူးဗျ
    ဒါထက်စိုးရိမ်ဖို့ ကောင်းတာက အမျိုး။ဘာသာသာနာပဲ ။ ဘုန်းကြီးက နိုင်ငံရေးမလုပ်ရဘူးလို့ ဘယ်သူပြောလဲ
    ဘယ်ကျမ်းမှာပါလဲ
    ဘုရားရှင်တောင်မှ ကောသလမင်းကြီးဆီကို ဒိတ္တိတွေ ကျောင်းဆောက်တာနဲ့ ပတ်သက်ကြီးသွားရောက်အရေးဆိုခဲ့သေးပဲ
    နောက်တစ်ခုလည်းရှိသေးတယ် ဗိမိသာရ မင်းကြီးလက်ထက်တုန်းက စစ်သည်တွေ ရဟန်းပြု ကုန်ကြလို့ 
    ဘုရင်ဘုရားရှင်ကိုတောင်းပန်ရသေးတာပဲ အဲဒါ ဘုရားလက်ထက် နိုင်ငံရေးပဲ အခုခောတ် အမျိုးဘာသာ သာသနာ ကောင်းစားဖို့  ကိုယ်ကျိုး စွန့် ပြီးလုပ်နေတဲ့ ရဟန်းတော်တွေ ဒီလို့ မပြောပါနဲ့  အိန္ဒိယနိုင်ငံမှာ
    ဗုဒ္ဒဘာသာ ကွယ်ရတာ ဘုန်းကြီးတွေနိုင်ငံရေးမလုပ်လို့ ဗျ။တစ်နည်း ပြောရ ရင်သည်းခံ လွန်းလို့  ထပ်ပြီးတော့ ပြောလိုက်ပါရစေ နိုင်ငံရေးဆိုတာဘမှန့်း  မသိပဲနဲ ရဟန်းတွေ အပြစ်မပြောပါနဲ့ 

    စစ်သည်တွေနဲ့ ယောက်ကျားတွေ ရဟန်းပြု

    January 20, 2012
  8. Budda'daughter #

    ဘုန်းကြီးတွေက ကိုယ့်ဟာကိုတရားအားမထုတ်ပဲ ပုထုစဉ်လူတွေလုပ်သလိုနိုင်ငံရေးတွေလုပ်နေတော့တာပဲ..ဘာသာခြားတွေအနေနဲ့မြင်ရင်လဲ..တော်တော်စိတ်ပျက်ဖို့ကောာင်းတယ်….သံယာတွေကြားသွေးကွဲကုန်ပြီး ဗုဒ္ဒဘာသာကြီးပျက်ဆီးသွားမှာ အလွန်စီုးရိမ်ပါတယ်…ဘာသာခြားတွေဝမ်းသာကုန်တော့မယ်…ဒီမိုကရေစီရနေပြီပဲ.နိုင်ငံရေးလုပ်ချင်ရင်လူထွက်တာအကောင်းဆုံးပါပဲ

    January 20, 2012
  9. Kyaw Zin Oo #

    Bring down the Sanga Organization of Dictatorship!

    January 19, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers