Skip to content

ရိုမေနီးယား တွင် အစိုးရ ဆန့် ကျင်ရေး ဆန္ဒပြမှု များ ပျံနှံ့ 

image

ဥရောပ တိုက် ရိုမေးနီးယား နိုင်ငံ တွင် အစိုးရ ဆန့် ကျင် ရေး ဆန္ဒ ပြ မှု များ ရှစ် ရက် မြောက် နေ့ 
အဖြစ် ဆက်လက် ဖြစ်ပွား နေရာ မြို့ တော် ဘူခါရက်(စ) တွင် တက္ကသိုလ် နှင့် အစိုးရ အဖွဲ့  ရုံးများအပြင်
လမ်းဆုံ လမ်းခွ တိုင်း ဉ် လည်း ဆန္ဒ ပြ မှု များ ဖြစ် ပွား နေသည် ဟု France 24  သတင်း တွင် ဖော်
ပြထား သည်။

သမ္မတ ထရာယီာန် ဘာဆက်စကူ  ကို နှုတ်ထွက် ပေး ရန် တောင်း ဆို သည့် ဆန္ဒ ပြ ပွဲ များ သည်
ပြီး ခဲ့ သည့် သီတင်း ပတ် မှ စတင် ပေါ်ပေါက် ခဲ့ ခြင်း ဖြစ် ပြီး ရိုမေးနီးယား လုံခြုံရေး တပ် ဖွဲ့  များ၏
နှိမ် နှင်း မှု ကြောင့် ၊ စောစီးစွာ ရွေးကောက် ပွဲ ကျင်းပပေး ရန် နှင့် သမ္မတ Traian Basescu နှုတ်
ထွက်ပေး ရန် တို့  ကို တောင်း ဆို ခဲ့ သည်။

ရိုမေးနီးယား နိုင်ငံ သည် ၂၀၀၉ ခုနှစ် တွင် နိုင်ငံတကာ ငွေကြေး ရံပုံ ငွေ ၊ ကမ္ဘာ့ ဘဏ် နှင့် ဥရော
ပ သမဂ္ဂ တို့  မှ အမေရိကန် ဒေါ်လာ ၂၇.၅ ဘီလျှံ ချေး ငှား ခဲ့ သော် လည်း နိုင်ငံ တွင်း စီးပွားရေး
တိုး တက် အောင် စွမ်းဆောင် နိုင်ခြင်း မရှိ ပဲ အလုပ် လက်မဲ့ များ ပေါ များ ကာ ၊ ပြည်သူ များ က
ဆင်း ရဲ တွင်း နက် လာ သည် ဟု ဆန္ဒ ပြ သူ များ က စွပ် ဆွဲ ထား ကြ သည်။

သောကြာနေ့ မနက် အစော ပိုင်း က ဆန္ဒ ပြ မှု တွင် ရဲက လူ ၁၀၀ ကျော် ကို ဖမ်းဆီး ထား ပြီး
ဆန္ဒ ပြ မှု များ ကို ဖြို ခွဲ မှု တွင် လူ ၆၀ ထက် မနည်း ဒဏ်ရာ ရရှိ သည် ဟု သတင်း ရရှိသည်။

အမေရိကန် နိုင်ငံ ခြား ရေး ၀န်ကြီးဌာန မှ ပြောခွင့် ရ ပုဂ္ဂိုလ် ဗစ်တိုးရီးယား နိုလန် က အမေရိကန်
အနေ ဖြင့် ရိုမေးနီးယား  ပြည်သူများ ၏ ဆန္ဒပြ ခွင့် နှင့်​ ၎င်း တို့  ၏ လွတ်လပ် စွာ ထုတ်ဖော် ခွင့် ကို
ထောက်ခံ သွား မည် ဟု ပြောခဲ့ သည်။

၁၉၈၉ ခုနှစ် က အာဏာရှင် သမ္မတ ချောင်ရှက် စကူး ကို ပြည်သူများ က အောင် မြင်စွာ ဖြုတ် ချနိုင်
ခဲ့ သည့် လူထု အုံကြွ မှု ပြီး နောက် ယခု ဖြစ်ရပ် သည် အကြီး ဆုံး ဖြစ်သည် ဟု  AP သတင်း က ဆို
သည်။

ရဲတပ် ဖွဲ့  က ဆန္ဒ ပြ သူများ ကို မျက်ရည်ယို ဗုံး၊ နံပါတ် တုတ် များ ဖြင့် ရိုက်နှက် ဖြို ခွဲ သော် လည်း
ယနေ့  သောကြာ နေ့ တွင် လူ သောင်း ချီ ပါဝင် သည့် ဆန္ဒ ပြ ပွဲ ကို အတိုက် အခံ တို့  က စီစဉ် ထား
သည်။

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers