Skip to content

ဟားမတ်(စ) ခေါင်းဆောင် နှုတ်ထွက်

120121112142-khaled-meshaal-hamas-leader-story-top

ပါလက်စတိုင်း လွတ်မြောက် ရေး အတွက် စစ်ရေး နိုင်ငံရေး နည်းလမ်း မျိုးစုံ ကို အသုံး ပြု  ကာ
အစ္စရေး အားဆန့် ကျင်တိုက် ခိုက်နေသည့် ထင်ရှား သော အဖွဲ့ အစည်း ဖြစ်သည့် ဟားမတ်(စ)
အဖွဲ့  မှ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သူ ခါလစ် မီရှား သည် ၎င်း ၏ လက်ရှိ ရာထူး နေရာ
မှ နှုတ်ထွက် သွား ပြီ ဟု ဟားမတ်(စ) အဖွဲ့  က ကြေငြာ ခဲ့ သည်။

ခါလစ် မီရှား သည် ၂၀၀၄ ခုနှစ် ယခင် ဟားမတ်(စ) ခေါင်းဆောင် ဟောင်း အဘ်ဒယ်(လ) အဇစ်
အယ်(လ) ရန်တစ်စီ ကို အစ္စရေး က လုပ်ကြံသတ် ဖြတ် ပြီး နောက် ဟားမတ်(စ) ခေါင်းဆောင်
အဖြစ် တာဝန် ယူခဲ့ သည်။

ခါလစ် မီရှား ကို ၁၉၅၆ ခုနှစ် တွင် မြောက်ပိုင်း ရာမာလာ ဉ် မွေးဖွား ခဲ့ ပြီး နောက်ပိုင်း တွင် ဂျော်ဒန်
သို့  ပြောင်းရွှေ့ ကာ ကူဝိတ် တက္ကသိုလ် မှာ ရူပဗေဒ ဘာသာရပ် ဖြင့် ဘွဲ့  ရရှိ ခဲ့ သည်။

ဟားမတ်(စ) အဖွဲ့ ကို အဓိက အကူအညီ ပေး သည့် နိုင်ငံ ဖြစ်သည့် ဆီးရီးယား နိုင်ငံ ၏ အစိုးရ
အဖွဲ့  က ၎င်း ၏ ပြည်သူများ ၏ အုံကြွ မှု အတွင်း ရက်စက် စွာ သတ် ဖြတ် နေ မှု ကြောင့် တူရကီ
ဂျော်ဒန်  နှင့် အာရပ် နိုင်ငံ အချို့  က အာဆတ် အစိုး ရ အဖွဲ့  နှင့် ဟားမတ်(စ) ကို ခပ်ဝေးဝေး နေ
ရန် သတိပေးခဲ့ သည်။

ဟားမတ်(စ) ဌာနချုပ် ကို ဓမ္မစကတ် တွင် ဖွင့်လှစ်ထား ရှိ ပြီး ဆီးရီးယား က နှစ်ပေါင်းများ စွာ လက်
နက် နှင့် ငွေကြေး အကူ အညီ ထောက်ပံ့ ခဲ့ သည်။

ဟားမတ်(စ) အဖွဲ့  ကို ၁၉၈၇ ပါလက်စတိုင်း အင်တီဖါဒါ အုံကြွ မှု တွင် ခေါင်းဆောင် ခဲ့ သူ များ က
တည်ထောင် ခဲ့ ခြင်း ဖြစ်သည်။

ဟားမတ်(စ) ၏ လက်နက် ကိုင် အဖွဲ့  ဖြစ်သည့် Izzedine al Qassam သည် ကာူဗုံးခွဲမှု ၊ အသေ
ခံ ဗုံးခွဲ မှု၊ အစ္စရေး ပိုင် နက် တွင်း သို့  ရော့ ကတ် လောင် ချာ ပစ်လွှတ်မှု  စသည့် အကြမ်း ဖက်
လုပ်ရပ် များ ကို ကျုးလွန် သည် ဟု ၀န်ခံ ထား သည့် အဖွဲ့  ဖြစ်သည်။

အမေရိကန် နှင့် ဥရောပ က မူ ဟားမတ်(စ) အဖွဲ့  ကို အကြမ်း ဖက် အဖွဲ့  အစည်း အဖြစ် သတ်မှတ်
ထား သည်။

ပြီး ခဲ့ သည့် သီတင်းပတ် အတွင်း ကလည်း အစ္စရေး ပါလီမန် ရှိ ဟားမတ်(စ) ကိုယ်စား လှယ် တစ်
ဦး ကို အကြမ်းဖက် မှု ဖြင့် ဆက် နွယ်သည် ဟု ဆိုက  တဲလ်အဗစ် ရှိ လုံခြုံရေး တပ် ဖွဲ့  များ က ဖမ်း
ဆီး ခဲ့  သည်။

အစ္စရေး ထောက်လှမ်း ရေး အဖွဲ့  သည် ခါလစ် မီရှား  ကို လုပ်ကြံရန် အကြိမ်ကြိမ် ကြိုးစား ခဲ့ ပြီး
၎င်း ၏ သက်တော် စောင့် များ ကြောင့် အထ မြောက် မှု မရှိ ဟု သိရသည်။

နှုတ် ထွက် သွား သည့် ခါလစ် မီရှား ၏ နေရာ ကို မည် သူ ဆက် ခံ မည် ဆိုသည် ကို ရှင်းရှင်းလင်း
လင်း မသိရ သေး ဟု ဘေရွတ် မှ လာသည့်  CNN သတင်း တွင် ဖော် ပြထား သည်။

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers