Skip to content

(၂၃.၁.၂၀၁၂) မှ (၃၀.၁.၂၀၁၂) အတွင်း ခုနစ်ရက်သားသမီးများ အတွက် တပတ်စာ ဗေဒင်ဟောစာတမ်း (ဗေဒင်ပညာရှင်ဆွေဇင်ဝတီ)

zodiac

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

ကောင်းသောခရီး သွားရမည်။ ပြည်ပခရီး၊ ရေကြောင်း ခရီးများ အောင်မြင်မည်။ ရပ်ဝေးမှစာ၊ အဆက်အသွယ်၊ အချိတ်အဆက်ကောင်းများ ရောက်လာမည်။ ထစ်ငေါ့၊ ကြန့်ကြာနေသော၊ ပိတ်ဆို့နေသော ကိစ္စများ ပွင့်လန်း ပြေလည်သွားမည်။ စာချုပ်၊ စာတမ်းကိစ္စ၊ စာရင်းဇယားကိစ္စများ အဆင်ပြေ အောင်မြင်မည်။ သင်တန်း တက်ရခြင်း၊ ကျောင်းတက်ရခြင်း၊ စာမေးပွဲ၊ အင်တာဗျူး စသောကိစ္စများ အောင်မြင်မည်။ ဘာသာရေး ဆိုင်ရာ အလုပ်များပေါ်မည်။ ခါးကိုက်ခြင်း၊ ခါးနာခြင်း၊ အမြင့်မှလိမ့်ကျခြင်းများ ဖြစ်တတ်သည်။ အချစ်ရေးကံကောင်းနေသည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား မုန့်လုံးရေပေါ်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း (၁၊ ၂၊ ၄၊ ၇)

တနင်္လာသားသမီးများ၏ကံကြမ္မာ

ဆရာသမား၊ အကြီးအကဲ များထံမှ အကူအညီ အဆက်သွယ်ကောင်းများ ရမည်။ မထင်မှတ်သော ခရီးများ၊ ကောင်းသောခရီးများ သွားရတတ်သည်။ ရပ်ဝေးမှ ဧည့်သည်ကောင်း၊သတင်းကောင်း၊ အဆက်သွယ်ကောင်းများ ရောက်လာမည်။ ပညာရေး၊ စာမေးပွဲ၊ သင်တန်း ကိစ္စများ ထူးချွန်၊ အောင်မြင်မည်။ ပြည်ပ အလုပ်အကိုင်၊ ပြည်ပသင်တန်းများအောင်မြင်မည်။ ရွှေဝင်ခြင်း၊ လျှပ်စစ်ကိစ္စ၊ မီးကိစ္စများအဆင်ပြေမည်။ မျက်မှန်ပါသောသူထံမှ အကူအညီကောင်းများရလိမ့်မည်။ အချစ်ရေး တွင်စိတ်တိုင်းကျဖြစ်မည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပေါင်မုန့်ထောပတ်သုတ် ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း (၂၊ ၃၊ ၅၊ ၆)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

မလုပ်ချင်သော အလုပ်များ၊ စိတ်မပါသော အလုပ်များ နှင့် ကြုံတွေ့နေရမည်။ မိန်းမတဦးက မိမိကို အကျပ်ကိုင်ဒုက္ခ ပေးလာတတ်သည်။ မကောင်းသော အတတ်ဖြင့် ပြုစားခံရသကဲ့သို့ စိတ်တွင် ခံစားနေရလိမ့်မည်။ အမှုအခင်း၊ ရုံးပြင်ကနား၊ ထုချေလွှာ စသည့်တို့နှင့် ကြုံရတတ်သည်။ ရောဂါကြီးကြီး မားမား မရှိပဲနှင့် ကျန်းမာရေး ညံ့သကဲ့သို့ ခံစားနေရတတ်သည်။ ခွေး၊ ကြောင် စသော တိရစ္ဆာန်ကို အကြောင်းပြု၍ စိတ်ညစ်ရခြင်း စကားများရခြင်း၊ အန္တရာယ် ပြုခြင်းများ ဖြစ်တတ်သည်။ သတိထားပါ။ အချစ်ရေးတွင် မိမိ
စိတ်တိုင်းမကျသေးပဲဖြစ်နေဦးမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပဲပေါက်စီကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၃၊ ၄၊ ၆၊၈)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

မိမိတွင် အတိုက်အခံ၊ အပြိုင်အဆိုင်များ ပေါ်မည်။ အကြိတ်အနယ် ပြောဆိုရခြင်းဖြစ်တတ်သည်။ ခိုက်ရန်ဖြစ်ပွားခြင်း၊ စကားများ ဖြေရှင်းရခြင်း ဖြစ်တတ်သည်။ လက်အောက်ငယ်သားတို့၏ ပြဿနာကြောင့် ဆုံးဖြတ်ရခက်သော အဖြစ်မျိုးနှင့် ကြုံရတတ်သည်။ လမ်းခရီးတွင် ပြဿနာဖြစ်ခြင်း၊ တရပ်တကျေးတွင် သွားရောက်ဖြေရှင်းရခြင်းဖြစ်တတ်သည်။ ကား၊ စက်ဘီး၊ ဆိုင်ကယ် တို့ကြောင့်အန္တရာယ် ပြဿနာဖြစ်သောကြောင့် ပြောဆိုဖြေရှင်းရခြင်းများ ဖြစ်တတ်သည်။ ယခုရက်ပိုင်း
တွင် အစစအရာရာ သတိထားပါ။ မိမိကိုးကွယ်ရာဘာသာအရ  ကောင်းမှုကုသိုလ် တတ်နိုင်သလောက်လုပ်ပါ။ အချစ်ရေးအဆင်မပြေသေးပါ။ အိမ်ထောင်ရှင်များ အဆင်မပြေဖြစ်နေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား  အုန်းသီးပါသောမုန့်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၄၊ ၆၊ ၇၊ ၉)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

ကောင်းသော ခရီးသွားရခြင်း၊ အချစ်ရေး နှင့်ပတ်သက်သော ခရီးဖြစ်တတ်သည်။ ရေလမ်းခရီး၊ ပြည်ပခရီးဖြစ်နိုင်သည်။ ရပ်ဝေးမှ သတင်းကောင်းကြားရမည်။ ဧည့်သည်ကောင်းလည်း ရောက်လာတတ်သည်။ မိမိကိုကောင်းကျိုး ပေးသောသူ ဖြစ်မည်။ အချစ်ရေး စန်းအားကောင်းနေသောကြာင့် အလုပ်တွင် ပျက်ကွက်တတ်သည်။ သတိထားပါ။ ပံ့ပိုးကူညီ ပေးမည့်သူပေါ်လာလိမ့်မည်။ အဆိပ်ရှိသော သတ္တ၀ါ သတိထားပါ။ ခင်မင်လေးစားရသော အမျိုးသမီးများ နှင့်တွေ့ရတတ်သည်။ မိတ်ဆွေကောင်း
လို့သတ်မှတ်ပါ။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ဆီထမင်းကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၅၊ ၇၊ ၈၊ ၀)

သောကြာသားသမီးများ၏ကံကြမ္မာ

အလှူအတန်း၊ ဘုရားဖူးခြင်း၊ ရိပ်သာဝင်ခြင်း စသော ဘာသာရေး ဆိုင်ရာကိစ္စများ လုပ်ရလိမ့်မည်။ အထက်လူကြီး ဆရာသမားများ၏ အကူအညီရမည်။ မိမိအိမ်သို့ ဘာသာရေးနှင့်သက်ဆိုင်သောပုံတော်များ ကြွလာတတ်သည်။ ပညာရေး၊ စာမေးပွဲ၊ အင်တာဗျူး စသည့် ကိစ္စများ အောင်မြင်ခြင်း၊ ဆုထူး၊ ဘွဲ့ထူးများနှစ်မျိုး နှစ်ခုရတတ်သည်။ တပည့်သားချင်း နှစ်ဦးနှင့် ပတ်သက်သော ရည်ရွယ်ချက်များ၊ အစီအစဉ်များ အောင်မြင်မည်။ သူခိုးခိုးခံရခြင်း၊ သော့ပျက်ခြင်း၊ သော့ပျောက်ခြင်းများ ဖြစ်တတ်သည်။ သွေးပေါင်ကျခြင်း၊ သွား ဒုက္ခပေးခြင်းဖြစ်တတ်သည်။ အချစ်ရေးတွင် အစစဆင်အရာရာ အဆင်ပြေနေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား နို့ထမင်းကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၆၊ ၈၊ ၉၊၁)

စနေသားသမီးများ၏ကံကြမ္မာ

လူကြီး၊ မိဘ၊ ဆရာသမား၊ အကြီးအကဲများနှင့် အဆင်မပြေဖြစ်နေမည်။ ၀န်ထမ်းဖြစ်လျှင်  အလုပ်တွင်ပြဿနာကြုံတတ်သည်။ ရာထူးကိစ္စ၊ အခွင့်အရေးကိစ္စ နစ်နာတတ်သည်။ အမှုအခင်း၊ ရုံးကနားကိစ္စနှင့် ပတ်သက်ရတတ်သည်။ မိမိကိုယ်တိုင် မကြုံတွေ့ရလျှင် ဆွေမျိုး မိတ်ဆွေ တို့အတွက် ရောက်ရတတ်သည်။ ခြေထောက် ထိခိုက်ခြင်း ခါး၊ဒူး ကျန်းမာရေး ညံ့တတ်ခြင်း ဆီး၊ ၀မ်း ဒုက္ခပေးခြင်းဖြစ်တတ်သည်။ ဆွေမျိုးသားချင်းထဲမှ ခွဲစိတ်မှုခံယူရသောသတင်း ကြားရလျှင် မိမိမခွဲစိတ်ရပါ။ အလုပ်တွင် ထင်သလောက် မအောင်မြင်သေးပါ။ အချစ်ရေးတွင် စိတ်မ၀င်စားနိုင်အောင်ဖြစ်နေလိမ့်မည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ထောပတ်ထမင်းကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၇၊ ၉၊ ၀၊ ၂)

              ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ။

ဗေဒင်ပညာရှင်.ဆွေဇင်ဝတီ

ဟောချိန်- နံနက် ၁၀း၀၀ နာရီ ညနေ ၅း၀၀
ဟောခန်း- နန်းထိုက်ပဒုမ္မာ (ဆံသ စတိုးနှင့်စားသောက်ဆိုင်) ကလန်းကားဂိတ်နှင့် Mydin Supermarket အနီး။ မလေးရှားနိုင်ငံ
ဖုန်း   -  +6012-9133-093
E-mail: swezinwati@gmail.com
Advertisement
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

You may use basic HTML in your comments. Your email address will not be published.

Subscribe to this comment feed via RSS

Follow

Get every new post delivered to your Inbox.

Join 261 other followers