Skip to content

(၂.၂.၂၀၁၂) မှ (၈.၂.၂၀၁၂) အတွင်း ခုနစ်ရက်သားသမီးများ အတွက် တပတ်စာ ဗေဒင်ဟောစာတမ်း (ဗေဒင်ပညာရှင်ဆွေဇင်ဝတီ)

zodiac

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

မိမိ လုပ်သောအလုပ်တွင် လစာတိုးခြင်း၊ ရာထူးတိုးခြင်းဖြစ်မည်။ နာမည် ဂုဏ်သတင်း တိုးတက်ခြင်း၊ သြဇာအာဏာ တိုးတက်ခြင်းများနှင့် ကြုံမည်။ လက်အောက်ငယ်သားများ၊ သားသမီးများနှင့် ပတ်သက်ပြီး သတင်းကောင်း ကြားရမည်။ ပျော်ရွှင်သော ခရီး၊ အကျိုးထူးသော ခရီးသွားရလိမ့်မည်။ ရပ်ဝေးမှ ဧည့်သည်ကောင်းများ၊ သတင်းကောင်းများ ရောက်လာမည်။ ကား၊ ဆိုင်ကယ်၊ ဆိုင်ခန်း၊ စက်ပစ္စည်း တခုခုဝင်မည်။  အချစ်ရေး ကံကောင်းနေသည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပန်းသီး ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၆၊ ၄၊ ၃၊ ၅)

တနင်္လာသားသမီးများ၏ကံကြမ္မာ

အလုပ်တွင် ပြဿနာဖြစ်ခြင်း၊ ရန်ပေါ်ခြင်း၊ မနာလို ၀န်တိုခြင်းများရှိနေနိုင်ပြီး၊ မကောင်းသောနည်း ဖြင့် အကောက်ကြံနေသောသူ များရှိနေမည်။ သတိထားပြီးနေပါ။ အစွပ်အစွဲ ခံရပြီး နာမည်ပျက်ရခြင်း၊ အကြောင်းမဲ့ရန်လုပ်၊ ပုတ်ခတ်ခြင်း များနှင့် ကြုံတွေ့ရတတ်သည်။ အထူးသဖြင့် လူသုံးဦးပေါင်းပြီး မိမိ၏ ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်လာတတ်သည်။ ထိုသူများသည် ဗုဒ္ဓဟူးသား (သို့) ဗုဒ္ဓဟူးနံပါသော နာမည် များနှင့်လူဖြစ်တတ်သည်။ ယခုအချိန်သည် ဘာဘဲလုပ်လုပ် အကောင်းမြင်မခံ ရသောအချိန်ဖြစ်နေမည်။ အစစအရာရာသည်းခံပြီးနေပါ။ ခွေး၊ ကြောင်၊ ကား၊ စသည်တို့ကြောင့် စကားများရခြင်းဖြစ်တတ်သည်။
အချစ်ရေးတွင် စိတ်တိုင်းမကျစရာများဖြစ်နေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား အုန်းသီးစိပ် (၉) စိပ် ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၂၊ ၀၊ ၇၊ ၁)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

ငွေကြေး၊ လာဘ်လာဘ များပွင့်လန်းမည်။ ထီပေါက်သကဲ့သို့ ငွေများဝင်လာမည်။ ၀န်ထမ်းဆိုလျှင် ရာထူးတက်ခြင်း၊ အခွင့်အရေး ကောင်းများရခြင်းနှင့် ကြုံရမည်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများ အောင်မြင်မှုဖြစ်ပြီး လုပ်ငန်းတိုးချဲ့ခြင်းများ ပြုလုပ်ရတတ်သည်။ နာမည်၊ ဂုဏ်သတင်းကျော်ကြားခြင်း၊ ဆုများ၊ ဂုဏ်ထူးဘွဲ့ထူးများ
ရခြင်းဖြစ်မည်။ ငွေများ၊ ပစ္စည်းများ ၀င်သော်လည်း သဲထဲရေသွန် သလိုဖြစ်နေပြီး မစုဆောင်းမိခြင်း၊ အဖတ်မတင်ခြင်း ဖြစ်နေမည်။ လျှပ်စစ်၊ မီး ကိစ္စများ စီစဉ်လျှင် အောင်မြင်မည်။ ရေတွင်း၊ ရေကန်၊ ရေပိုက်ကိစ္စများ စီစဉ်လျှင်အောင်မြင်မည်။ ရွှေဝင်တတ်သည်။ အချစ်ရေးတွင် စိတ်မ၀င်စား သလိုဖြစ်နေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပဲပေါက်စီ ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၀၊ ၅၊ ၅၊ ၁)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

မထင်မှတ်ပဲ ရုတ်တရက် အန္တရာယ်ကြုံရတတ်သည်။ အိုး၊ အိမ်၊ နေရာ၊ ထိုင်ခင်း အတွက် သောကရောကနေရတတ်သည်။ လက်ရှိအိမ်၊ လက်ရှိအလုပ်မှ မကောင်းသောထွက်ခြင်း ဖြင့်ထွက်သွားရတတ်သည်။ မီးသတိထားသုံးပါ။ မီးကြောင့် အမှု အခင်း ဖြစ်တတ်သည်။ ငွေကုန်ရတတ်သည်။ အဆင်းဘီးတပ်ပြီး ဒုက္ခထပ်ပေးမည့် သူများနှင့် ကြုံတွေ့ရတတ်သည်။ အခြေပျက်၊ အနေပျက်၊ အလုပ်ပျက် ဖြစ်တတ်သည်။ အထူးသဖြင့် ရန်သူမျိုး (၅) ပါးကို သတိထားရမည်။ အစစအရာရာ ညံ့နေသောကြောင့် အေးအေးဆေးဆေးသာနေပါ။ အချစ်ရေးတွင်လည်း မမျှော်လင့်ပဲ မိန်းကလေးနှောင့်ယှက်ခြင်းခံ

ရတတ်သည်။ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား လိမ္မော်သီး ကပ်လှူဆုတောင်းပါ။အကျိုးပေးဂဏန်း ( ၇၊ ၅၊  ၄၊ ၁)ကြာသပတေးသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်စိတ်တိုင်း မကျစရာများ၊ အခက်အခဲများ၊ ကြီးစွာသော အနှောင့် အယှက်များကြုံတွေ့ရတတ်သည်။ မထင်မှတ်ထားသော ရန်သူ၊ အန္တရာယ်များ ကြုံတွေ့ရတတ်သည်။ ထိတ်လန့်ခြောက်ခြားဖွယ်၊ အဖြစ်ဆိုးများ၊ အိမ်မက်ဆိုးများနှင့် ကြုံရတတ်သည်။ စိတ်နှင့် ကိုယ်နှင့် မကပ်ပဲဖြစ်နေမည်။ တတ်နိုင်သလောက် ဘာသာ ရေးလုပ်ပြီး နေပါ။ အချစ်ရေး၊ အိမ်ထောင်ရေးတွင် ပြဿနာ ရှုပ်ထွေးနေတတ်သည်။ ဘေးလူ အနှောင့်အယှက် ကြီးစွာပေးနေတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား သင်္ဘောသီး (၅) စိပ် ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၃၊ ၁၊ ၀၊ ၂)

သောကြာသားသမီးများ၏ကံကြမ္မာ

အလုပ်တွင် အစစအရာရာ အောင်မြင်နေမည်။ ထွက်နေ၊ ဆုံးရှုံးနေသော ငွေများ၊ ပစ္စည်းများ ပြန်ဝင်ကိန်းရှိသည်။ ယခင်က မိမိလုပ်ခဲ့သော လုပ်ငန်းဟောင်းများ ပြန်လည်လုပ်ကိုင်ရတတ်သည်။ ကွဲကွာနေသော ပျောက်ဆုံးနေသော သူများနှင့် ပြန်လည် ဆုံတွေ့ရတတ်သည်။ အံ့သြစရာကောင်း လောက်အောင် အကူအညီပေးမည့်သူများပေါ်လာမည်။ ကျန်းမာရေးညံ့နေလျှင် ဆရာကောင်း၊ ဆေးကောင်းများနှင့် တွေ့မည်။ အချစ်ရေးတွင် အဆင်မပြေတော့ဘူး ထင်ထားသောသူနှင့် အဆင်ပြေမည်။
စိတ်ချမ်းသာစေသော အခြေအနေဖြစ်မည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား စမူဆာ ( ၃ ) ခု ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၅၊ ၃၊ ၇၊ ၅)

စနေသားသမီးများ၏ကံကြမ္မာ

လုပ်သမျှ၊ ကြံစည်ထားသမျှ၊ အလွဲလွဲ၊ အချော်ချော် ဖြစ်နေလိမ့်မည်။ အလုပ်ဆက်လုပ်ရမလို၊ ရပ်ရမလို၊ ထိုင်နေရမလို၊ ထသွားရမလိုနှင့် စိတ်ကိုထိန်းချုပ်ရခက်နေမည်။ အခုတမျိုး၊ တော်ကြာတမျိုးနှင့် စိတ်နဲ့ ကိုယ်နှင့်မကပ်ပဲ ယောင်ချာချာဖြစ်နေမည်။ တောင်စဉ်ရေ မရသော ခရီးတိုများ ဆက်တိုက်သွားနေရတတ်သည်။ မိုက်မဲ ရူးသွပ်စွာ တဇွတ်ထိုးလုပ်ဆောင်မှုကြောင့် မလိုလားအပ်သော အန္တရာယ်များနှင့် ကြုံတွေ့ရတတ်သည်။ ခြေထောက်ဒုက္ခပေးခြင်း၊ ဖိနပ်အတွက်ကြောင့် စကားများ ရခြင်းဖြစ်တတ်သည်။ ညံ့နေသောကြောင့် အစစအရာရာ သည်းခံပြီးနေပါ။ အချစ်ရေးတွင် ကံမကောင်းပါ။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား အုန်းစိမ်းရည် ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၁၊ ၆၊ ၆၊ ၂ )

ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ။

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင်.ဆွေဇင်ဝတီ

ဟောချိန်- နံနက် ၁၀း၀၀ နာရီ ညနေ ၅း၀၀
ဟောခန်း- နန်းထိုက်ပဒုမ္မာ (ဆံသ စတိုးနှင့်စားသောက်ဆိုင်) ကလန်းကားဂိတ်နှင့် Mydin Supermarket အနီး။ မလေးရှားနိုင်ငံ
ဖုန်း   -  +6012-9133-093
E-mail: swezinwati@gmail.com
Advertisement
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

You may use basic HTML in your comments. Your email address will not be published.

Subscribe to this comment feed via RSS

Follow

Get every new post delivered to your Inbox.

Join 261 other followers