Skip to content

အမေရိကန် ထောက်လှမ်းရေး အကြီးအကဲ မြန်မာ ပြည် လာမည်

01report_n070910

အမေရိကန် ဗဟိုထောက်လှမ်းရေး အဖွဲ့  ရဲ့  ညွှန်ကြားရေး မှုး ဖြစ်သူ ဒေးဗစ် ပီထရောစ်(
David Petraeus) မြန်မာ နိုင်ငံ ကို ဒီနှစ် ထဲ မှာ ပဲ သွားရောက် မှာ ဖြစ်တဲ့ အကြောင်း ထိုင်း
နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဆူရာ ပေါင် က ဒီနေ့ ထိုင်း မီဒီယာ တွေ ကို ပြောပါတယ်။

ဒေးဗစ် ပီထရောစ် ရဲ့  အာရှ တိုက် ခရီးစဉ် အတွင်း ၊ ထိုင်း နိုင်ငံ ဘန်ကောက် မြို့  ကို ရောက်
ရှိ စဉ် မြန်မာ နိုင်ငံ ကို သွား ရောက် ဖို့  အတွက် သူ့  ရဲ့  ဌာန က တာဝန် ရှိ သူ တွေ နဲ့  ဆွေး
နွေး မှု တွေ ပြု နေတယ် လို့  လဲ ဘန်ကောက် က  အမည် မဖော် လို တဲ့ သံအရာ ရှိ တစ်ယောက်
က နယူးယောက် တိုင်း သတင်း စာ ကို ပြော ပါတယ်။

မြန်မာ နဲ့  အမေရိကန် အစိုးရ ဟာ ၁၉၈၀ ပြည့် နှစ်လွန် ကာ လ တွေ အထိ စစ်ရေး နဲ့  ထောက်
လှမ်းရေး လုပ်ငန်း တွေ မှာ ပူးပေါင်း ဆောင် ရွက် ခဲ့ ပေ မယ့် ၁၉၈၈ ခုနှစ် လူထု အုံကြွမှု ကို
မြန်မာ အစိုးရ က ရက်ရက် စက်စက် နှိပ်ကွပ် ပြီး တဲ့ အခါ မှာ တော့ နှစ် နိုင်ငံ ဆက်ဆံရေးဟာ
ဆယ် စု နှစ် နှစ် စု ကျော် ပြတ် တောက် သွား ခဲ့ ပါတယ်။

ဒေးဗစ် ပီထရောစ် ဟာ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၆ ရက် နေ့  မှာ ဗဟိုထောက်လှမ်းရေး
အဖွဲ့ ရဲ့ ညွှန်ကြားရေးမှုး တာဝန် ကို မထမ်းဆောင် ခင် အထိ အမေရိကန် တပ်မတော် ရဲ့ 
ကြယ် လေး ပွင့် အဆင့် ဗိုလ်ချုပ်ကြီး အဖြစ် Central Command နဲ့  အာဖဂန် နစ္စတန်
မှာ အခြေစိုက် တဲ့ နိုင်ငံ တကာ လုံခြုံတပ် ဖွဲ့  များ ရဲ့  စစ်ဦးစီးချုပ် တာဝန် တွေ ကို ထမ်း
ဆောင် ခဲ့ ပါတယ်။

ယမန်နေ့ က ထိုင်း စစ်တပ် မှ အဆင့် မြင့် အရာ ရှိ တစ်ဦး က မြန်မာ နိုင်ငံ သည် အမေရိကန်
ဦးဆောင် သည့် စစ်ရေး လေ့ ကျင့် မှု များ တွင် ပူးပေါင်း ဆောင် ရွက် ရန် ဆန္ဒရှိ ကြောင်း
ကို လည်း ထုတ် ဖော် ပြောကြား ခဲ့ သည်။

အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း ၊ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ
ကလင် တန် အပါ အ၀င် ထိပ်တန်း နိုင်ငံ ရေး သမား များ အစိုးရ အဖွဲ့  မှ အရာ ရှိ များ
မြန်မာ နိုင်ငံ သို့  မကြာ သေး ခင် အတွင်း က လာရောက် လည်ပတ် ခဲ့ သော် လည်း
အမေရိကန် အစိုးရ ၏ စစ်ဘက် ဆိုင်ရာ အဆင့် မြင့် အရာ ရှိ များ လာရောက် လည်ပတ်
ခြင်း မရှိ သေးချေ။

အမေရိကန် ဗဟိုထောက်လှမ်းရေး အဖွဲ့ (စီအိုင်အေ) သည် ပြည်ပ နိုင်ငံ များ ကို ထောက်
လှမ်းရန် အတွက် ၁၉၄၇ ခုနှစ် တွင် စတင် တည် ထောင်ခဲ့ သည်။

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers