Skip to content

ဦးဂမ္ဘီရ ကို ပြန်လည် ဖမ်းဆီး ရာမှ ပြန်လွှတ်

Shin Gambira

နောက်ဆုံး ရရှိ တဲ့ သတင်း တွေ အရ ဦးဂမ္ဘီရ ကို ဒီနေ့ မနက် အစော ပိုင်း က ခေါ်ဆောင်သွား
ရာ မှ ယနေ့  ည ၈ နာရီ အချိန် သင်္ဃန်း ကျွန်း မဂ္ဂင် ကျောင်း တိုက် သို့  တာဝန်ရှိ သူ များ က
ပို့  ဆောင် ပေး ပြီး ပြန် လွှတ် လိုက် ကြောင်း သိရသည်။ သာသနာရေးဦးစီးဌာန က လို့  နာမည်ခံ ထား တဲ့ မြန်မာ စစ်ထောက်လှမ်းရေး အရာ ရှိ တွေ ဟာ
ဒီနေ့ မနက် မှာ သင်္ဃန်း ကျွန်း မြို့ နယ် လယ်တီ ကျောင်းတိုက် မှာ သတင်း သုံး နေတဲ့ ရွှေဝါရောင်
သံဃာ လှုပ်ရှား မှု ခေါင်းဆောင် ဦးဂမ္ဘီရ ကို ဒီနေ့ မနက် လင်းအားကြီး အချိန် မှာ  ပြန်လည် ဖမ်း
ဆီး သွားတယ် လို့  လယ်တီ ကျောင်း တိုက် က သံဃာတော် တစ်ပါး က FNG ကို မိန့် သည်။

“သာသနာရေး ဦးစီးဌာန က မာဇဒါ ဂျစ် နဲ့  ပဲ ၊ ဒါပေမယ့် ထောက်လှမ်းရေး ကား နှစ် စီး ပါတယ်။
စကား ပြောစက် တွေ နဲ့  “ဟု ပြောသည်။

ဦးဂမ္ဘီရ သည် ဇန်န၀ါရီ လ ၁၃ ရက် နေ့ က ရွှေဝါရောင် သံဃာ့ လှုပ်ရှား မှု တွင် ဦးဆောင် ပါဝင်ခဲ့
သဖြင့် ထောင်ဒဏ် နှစ်ရှည် အပေး ခံရကာ ဇန်န၀ါရီလ ၁၃ ရက်နေ့  တွင် မြောင်းမြ အကျဉ်းထောင်
မှ ပြန် လည် လွတ်မြောက် လာခဲ့ သည်။

ဦးဂမ္ဘီရ သည် အကျဉ်း ထောင် မှ ပြန်လည် လွတ် မြောက် လာပြီး နောက် ၂၀၀၇ ခုနှစ် အတွင်းက
စစ်အစိုးရ မှ ချိတ်ပိတ်ထား သည့် သင်္ဃန်း ကျွန်း နှင့် ဗဟန်း ရှိ ကျောင်း အချို့ ပြန်လည် လွတ်
မြောက် လာသည့် အကျဉ်းစံ သံဃာ များ နေထိုင် ရန် အလို့  ငှာ ဖွင့်လှစ် ပေး ခဲ့ သည်။

ပြီး ခဲ့ သည့် ရက်သတ္တပတ် က နိုင်ငံ တော် သံဃ မဟာနာယက အမိန့် ဖြင့် ဦးဂမ္ဘီ ရ သတင်း သုံး
ရာ သင်္ဃန်းကျွန်း မဂ္ဂင် ကျောင်း ကို အစိုး ရ က ချိတ် ပိတ် ခဲ့ ရာ ဆရာ တော် သည် လယ်တီ ကျောငး
တိုက် တွင် သွားရောက် သတင်း သုံး ခဲ့ ရသည်။

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers