Skip to content

ဝှစ်တနီ ဟူစတန် အသက် ၄၈ နှစ် အရွယ် တွင် ကွယ်လွန်

120212013709-ent-whitney-houston-singing-story-top

အမေရိကန် နာမည် ကျော် အမျိုးသမီး အဆိုတော် တစ်ဦး ဖြစ်သူ ၀ှစ်တနီ ဟူစတန် သည် အ
သက် ၄၈ နှစ် အရွယ် တွင် ဘီဗာလီ ဟေးလ် ဟိုတယ် ရှိ အခန်း တစ်ခု ဉ် ကွယ်လွန် သွားပြီ ဟု
သူမ ပြောခွင့် ရ ပုဂ္ဂိုလ် က CBS  သတင်းဌာန သို့  ပြောသည်။

သူမ ကွယ်လွန် သည့် အကြောင်း အရင်း သည် စုံစမ်းစစ်ဆေးဆဲ ဖြစ် နေ၍ အကြောင်း အရင်း
ကို မသိရ သေး ဟု သတင်းများ တွင် ဖော်ပြထား သည်။

ဝှစ်တနီ ဟူစတန် သည် ယနေ့  ည ဘီဗာလီ ဟေးလ် ဟော်တယ် တွင် ကျင်းပမည့် တေးထုတ်
လုပ် သူ နှင့် ဓာတ်ပြား တိုက် ပိုင်ရှင် ကလဗ် ဒေးဗစ် ၏ ပါတီ သို့  သွားရန် စီစဉ် ထား ချိန် တွင်
ကွယ် လွန် သွားခြင်း ဖြစ်သည်။

၁၉၈၀ ပြည့်လွန် နှစ် များ မှ အစပြု ၍ နှစ် ပေါင်း ၂၀ ကျော် ဂီတ လောက တွင် အောင်မြင်မှု ရရှိ
ခဲ့ သည့် ၀ှစ်တနီ ဟူစတန် သည် ဓာတ်ပြားချပ် ရေ သန်းပေါင်း ၁၇၀ ကျော် ရောင်း ချ ခဲ့ ရ ပြီး
ခရစ္စတီးနား အီလီရာ ၊ မာရီယာ ကာရေး စသည့် အမျိုး သမီး အဆိုတော် များ တွင် လည်း ဂီတ
သြဇာ ငြောင်း ခဲ့သည်။

ဝှစ်တနီ ဟူ စတန် သည် ဘော်ဘီ ဘရောင်း နှင့် လက်ထပ် ခဲ့ ပြီး နောက် ပိုင်း တွင် သရုပ် ဆောင်
အက်ဒီ မာဖီ နှင့် ချစ် ကြိုက် ခဲ့ သည်။

ဂရမ်မီ ဂီတထူး ချွန် ဆု ကို ရရှိ ပြီး နောက် ပိုင်း တွင် အရက် နှင့် မူးယစ် ဆေးစွဲ ပြဿနာ များ ကြောင့်
ပြန်လည် ထူထောင်ရေး ဆေးရုံ များ သို့  တက် ရောက် ရပြီး ဂီတ လော က နှင့် ဝေး ကွာ ခဲ့ သည်။

သူမ ၏ နာမည် ကျော် သီချင်း များ ဖြစ်သည့် Saving All My Love for You,” “How Will I
Know,” “Greatest Love of All” နှင့်  “Where Do Broken Hearts Go တို့  မှာ ဆင်ဂဲလ်
ဓာတ်ပြား ချပ် ရေ သန်း ချီရောင်း ချ ရသည်။

၁၉၉၂ ခုနှစ် တွင် ကီဗင် ကော်(စ)(တ)နာ နှင့် တွဲ ပြီး The_Bodyguard အမည် ရှိ ရုပ်ရှင် ကား
ကို ရိုက် ကူးခဲ့ သည်။

ဝှစ်တနီ ဟူစတန် ယ နေ့  ည တက်ရောက် မည့် ကလဗ် ဒေးဗစ် ၏ ပါတီ  တွင် ရက်(ပ) အဆိုတော်
P.Diddy, Sean Kingston နှင့် ဘီယွန်(စ) နိုလ် တို့  လည်း တက်ရောက် ရန် စီစဉ် ထား ကြသည်။

မနက်ဖြန် တွင် ကျင်းပမည့် ဂရမ်မီ ဆုပေး ပွဲ မတိုင် ခင် ဂရမ်မီ ဆု ခြောက် ဆု ရှင် ၀ှစ်တနီ ဟူစတန်
ကွယ် လွန် ခဲ့ ခြင်း ဖြစ်သည်။ကွယ်လွန် ချိန် တွင် ဘော်ဘီ ခရစ္စတီနာ ဟူစတန် အမည် ရှိ သမီး တစ်
ဦး ကျန် ရှိ ခဲ့ သည်။

မကွယ်လွန် ခင် လေး ရက် အလို ကြာသပတေး နေ့  က တွေ့ ရှိ ရသည့် သူမ၏ ဓာတ် ပုံ Photo : TMZ

One Comment
  1. အကိုရေ မြငတီ စလောင်းကုတ်နံပါတ်အသစ်ကလေးပြောပါအုံးနော် လိုင်းကရှာလို့မရတော့လို့
    ဂြိုလိတုနာမည်တွေကော ကုတ်နံပါတ် အတိအကျပြောပေးပါ စလောင်းမှာပျောက်သွားလို့

    February 15, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers