Skip to content

ခုနစ်ရက်သားသမီးများအတွက် (၁၄.၂.၂၀၁၂) မှ (၂၁.၂.၂၀၁၂) ထိ တပတ်တာဗေဒင်ဟောစာတမ်း (ဗေဒင်ပညာရှင် ဆွေဇင်ဝတီ)

zodiac

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

လုပ်ငန်းသစ်လုပ်ရန် အကြောင်းပေါ်လာတတ်သည်။ သို့သော် မလုပ်ပါနှင့် ဆုံးရှုံးမှု များမည်။ အိုးအိမ်
သစ်ရတတ်သည်။ စက်ပစ္စည်းဝင်မည်။ ချစ်သူရည်းစားရတတ်သည်။ မြေရောင်းစရာရှိလျှင် ရောင်းရန်
သင့်တော်သောအချိန်ဖြစ်

ပါသည်။ ဈေးကောင်းရမည်။ မြေထွက်ကိန်း အားကောင်းနေသော်လည်း အကျိုးအမြတ်မရှိပဲထွက်
တတ်သောကြောင့် ကြော်ငြာပါ။ ငွေဝင်မည်။ သို့သော်အဖတ်မတင်ဖြစ်နေမည်။ ငွေလိမ်ခံရတတ်သည်။
ရပ်ဝေးမှနာရေးသတင်းကြားရတတ်သည်။ မျက်စိကြောင့် ငွေကုန်တတ်သည်။ ဆိုင်ကယ်နှင့်ကား တို့ကြောင့်
ခြေထောက်ဒဏ်ရာရတတ်သည်။ ကားမောင်းသူများ ဆိုင်ကယ်နှင့်ငြိတတ်သောကြောင့် သတိထားမောင်းပါ။
ခေါင်းမူးခေါင်းကိုက်ခြင်း ဖြစ်တတ်သည်။ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား အုန်းနို့ခေါက်ဆွဲကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း (၃၊ ၁၊ ၀၊ ၁)

တနင်္လာသားသမီးများ၏ကံကြမ္မာ

စန်းပွင့်ခြင်း၊ စုတ်/လာဘ်ဝင်ခြင်း၊ လုပ်ငန်းသစ်ပြောင်းရခြင်း၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ရန် အကြောင်းပေါ်လာခြင်းဖြစ်
တတ်သည်။ ကောင်းသောပြောင်းလဲခြင်းဖြစ်မည်။ ကံအကျိုးပေးချိန်ဖြစ်နေသည်။ ရွှေဝင်ခြင်း၊ အိမ်ထောင်ရှင်
များဖြစ်ပါက ကလေးရခြင်းများဖြစ်တတ်သည်။ ကားရှိပြီးသောသူများ ကား အဟောင်းမှ အသစ်ပြောင်းရခြင်း၊
ကားဝင်ခြင်း တိုက်ခန်းဝင်ခြင်းများ ဖြစ်တတ်သည်။ အစားမှားခြင်း၊ လေထိုးလေအောင့်ခြင်း ဖြစ်တတ်သည်။
ခင်မင်သောမိတ်ဆွေနှင့် လမ်းခွဲရတတ်သည်။ သွေးတိုးခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း ဖြစ်တတ်သည်။
အချစ်ရေးတွင်စန်း အားကောင်းနေသောကြောင့် မမှားရန် သတိရှိပါ။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ကော်ရည်ခေါက်ဆွဲကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၄၊ ၂၊ ၂၊ ၁)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

မြေ၀င်ခြင်း၊ စက်ပစ္စည်းဝင်ခြင်း၊ စာအုပ်စာပေ၀င်ခြင်း၊ မျက်မှန်ဝင်ခြင်း၊ ပုဆိုးဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း
ဖြစ်တတ်သည်။ စီးပွားတက်မည်။ ၀င်ငွေကောင်းမည်။ မိဘကို  ပို၍ကျေးဇူးဆပ်နိုင်သောအချိန် ဖြစ်နေသည်။ အလုပ်တွင်
ရန်ပေါ်တတ်သည်။ အလုပ်တွင် စိတ်တိုင်းမကျဖြစ်တတ်သည်။ အလုပ်နေရာ ပြောင်းရန်ဖြစ်တတ်သည်။ ပြောင်းလျှင်လည်း ကောင်းသော ပြောင်းခြင်းဖြစ်သည်။ ရေခြားမြေခြားပင်လယ်
ခရီးသွားရခြင်း၊ မိမိမရောက်ဘူးသော ဒေသသို့သွား ရတတ်သည်။ ငွေကုန်များနေသည်။ ကုန်စရာများဆက်တိုက် ဖြစ်နေမည်။
အချစ်ရေးတွင်ကံကောင်းနေသည်။ ချစ်သူကောင်းရတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ဆီထမင်းကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း (၅၊ ၃၊ ၃၊ ၂)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

ရွှေဝင်ခြင်း၊ အလှူလုပ်ရခြင်း၊ မိမိကိုယ်တိုင် မင်္ဂလာဆောင်ရခြင်း၊ ဆွေမျိုးများ (သို့) မိမိမိတ်ဆွေများထဲမှ လည်းကောင်း
ဖြစ်တတ်သည်။ရွှေလက်စွပ်ဝင်ခြင်း၊ ရွှေလက်ကောက်ဝင်ခြင်းဖြစ်တတ်သည်။ ဖုန်းထွက်ခြင်း၊ ကွန်ပြူတာထွက်ခြင်း
ဖြစ်တတ်သည်။အစားမှားပြီး ဗိုက်မကောင်းဖြစ်တတ်သည်။ အိမ်ပြင်ရခြင်း၊ အခန်ပြောင်းရခြင်းဖြစ်တတ်သည်။ အပူလောင်ခြင်း
၊ မီးသတိထားသုံးပါ။ မီးကြောင့် အမှုအခင်း ဖြစ်တတ်သည်။ ငွေကုန်ရတတ်သည်။ ဆေးထိုးမှားတတ်သည်။ လုပ်ငန်းတွင်
အတိုက်အခံ တွေ့နေရမည်။ အစစအရာရာသည်းခံပြီးနေပါ။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ရှောက်သီးသုပ်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း (၆၊ ၄၊ ၄၊ ၃)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

ကွန်ပျူတာဝင်ခြင်း၊ မြေ၀င်ခြင်း၊ ဖုန်းဝင်ခြင်း… ကောင်းသော ၀င်ခြင်းဖြစ်တတ်သည်။ အလုပ်တွင်စိတ်တိုင်းမကျဖြစ်နေမည်။
အလုပ်ပြောင်းချင်စိတ်ပေါ်နေမည်။ သို့သော်လည်း မပြောင်းပါနှင့်။ ပြောင်းလျှင် လက်ရှိအလုပ်ထက် နောက်အလုပ်တွင်
စိတ်ညစ်စရာများ ပိုပြီးကြုံတွေ့ရမည်။ လက်ကိုက်ခြင်း၊ ဆီးအောင့်ခြင်းဖြစ်တတ်သည်။ သွေးတိုးခြင်း၊ သွေးထွက်သံယို ဖြစ်ခြင်း၊
သူခိုးခိုးခံရခြင်း၊ သွားကိုက်ခြင်း ဖြစ်တတ်သည်။ မိမိကိုယ်ကို စိတ်တိုင်းမကျခြင်း၊ သူတပါးကို စိတ်တိုင်းမကျခြင်းများဖြစ်နေမည်။
အချစ်ရေးတွင်လည်း စိတ်အလိုမကျဖြစ်နေမည်။ အေးအေးဆေးဆေး နားနားနေနေသာနေပါ။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ဒံပေါက်ဆွမ်းကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း(၀၊ ၅၊ ၅၊ ၄)

သောကြာသားသမီးများ၏ကံကြမ္မာ

အိုးသစ်၊ အိမ်သစ်ပြောင်းရတတ်သည်။ ငွေဝင်သော်လည်း အကုန်များနေမည်။ မိတ်ဆွေသစ်များ ရတတ်သည်။ အလုပ်တွင်
လုပ်နေသမျှ လွဲချော်နေတတ်သည်။ အစစအရာရာသတိရှိရှိ လုပ်ကိုင်ပါ။ အသွားအလာ သတိထားပါ။ အဖမ်းအဆီး
အချုပ်အနှောင်ခံရခြင်း၊ ဆိုင်ကယ်၊ ကားတို့ကြောင့် ကွဲပြဲပြီးချုပ်ရတတ်သည်။ အစီအစဉ်မရှိပဲ ရုတ်တရက် အိမ်ထောင်
ကျတတ်သည်။ အိမ်ထောင်ရေးမကောင်းသေးပါ။ အထူးသဖြင့် အိမ်ထောင်ရှင်များ အိမ်ထောင်ရေး ပြိုကွဲသည်အထိ
ပြဿနာဖြစ်တတ်သည်။ ဆင်ခြင်ပါ။ လေထိုးလေအောင့်ခြင်း၊ အပူလောင်ခြင်းဖြစ်တတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား အုန်းသီးပါသောမုန့်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း(၁၊ ၆၊ ၆၊ ၅)

စနေသားသမီးများ၏ကံကြမ္မာ

ထီပေါက်ခြင်း၊ ထီပေါက်သကဲ့သို့ ငွေဝင်ခြင်း၊ အလှူမင်္ဂလာ ပြုလုပ်ရခြင်း၊ ကားဝင်ခြင်း၊တိုက်ခန်းဝင်ခြင်းဖြစ်တတ်သည်။
ကွန်ပြူတာဝင်ခြင်း၊ ဖုန်းဝင်ခြင်းများဖြစ်တတ်သည်။ အလုပ်တွင် အခက်အခဲ အတိုက် အခံ များနှင့်ရင်ဆိုင် နေရမည်။
သို့သော် ငွေဝင်ကောင်းနေမည်။ စီးပွားတက်နေမည်။ စုတ်/လာဘ်ဝင်မည်။ အစစအရာရာ အောင်မြင်နေမည်။ စန်း
အားကောင်းသောကြောင့် အိမ်ထောင်ရှင်များ၏စိတ်ဝင်စားမှုကိုခံရခြင်း ပိုမိုအားကောင်းနေသောကြောင့် သတိရှိပါ။
ဆင်ခြင်ပါ။ အိမ်ထောင်ရှင်များ ဖြစ်ပါက တဦးနှင့်တဦး နားလည်မှုရှိကြပါ။ အထင်လွဲမှားခြင်းဖြစ်တတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား နို့ဆွမ်းကပ်လှူဆုတောင်းပါ။

*******  ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ *******

ဗေဒင်ပညာရှင်.ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)

ဟောချိန်- နံနက် ၁၀း၀၀ နာရီ ညနေ ၅း၀၀
ဟောခန်း- နန်းထိုက်ပဒုမ္မာ (ဆံသ စတိုးနှင့်စားသောက်ဆိုင်) ကလန်းကားဂိတ်နှင့် Mydin Supermarket အနီး။ မလေးရှားနိုင်ငံ
* မလေးရှားမဟုတ်သော အခြားနိုင်ငံများမှ ဗေဒင်မေးမြန်းလိုသူများအတွက် အီးမေးလ်မှတဆင့် ဟောစာတမ်းပို့ပေးနေပါသည် *
ဖုန်း   -  +6012-9133-093
E-mail: swezinwati@gmail.com

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 300 other followers