Skip to content
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် အတွက် ရုံးခန်း ဖွင့် လှစ်
407960_317824071601359_277456842304749_931400_184625896_n
မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း  ၏  ဘ၀ အတ္ထုပတ္တိကို ရုပ်ရှင် အဖြစ် ရိုက်
ကူးရန် အတွက် ရုပ်ရှင် ထုတ်လုပ်ရေး ရုံးခန်း ကို ရန်ကုန်မြို့  ကမာရွတ် မြို့ နယ် ဓမ္မစေတီ လမ်း
ဉ် ဗိုလ်ချုပ် အောင်ဆန်း ၏ မွေး နေ့  ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ ရက် နေ့  တွင် ဖွင့် လှစ်လိုက်
သည် ဟု သတင်း ရရှိ သည်။
အဆိုပါရှပ် ရှင် ထုတ် လုပ် ရေး ရုံးခန်း ကို ဗိုလ်ချုပ် အောင်ဆန်း ၏ သမီးဖြစ်သူ မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် တက် ရောက် ဖွင့်လှစ် ပေး ခဲ့ သည်။
ကား ဖြစ်မြောက်ရေး အတွက် ဆရာတော် ဦးဆန္ဒာဓိက ၊ ဇာတ်မင်းသား ဖိုးချစ် နှင့် အခြား သရုပ်
ဆောင် များ က လည်း ပါဝင် လှုဒါန်း မှု ပြုကြသည်။
ဗိုလ်ချုပ် အောင်ဆန်း၏ အသက် ၉၇ နှစ်မြောက် မွေးနေ့ တွင် နာရေး ကူညီမှု အသင်း တည်ထောင်သူ
သရုပ်ဆောင် နှင့် ဒါရိုက်တာ (ဦး) ကျော်သူ ၏ ဖခင် ဖြစ်သူ ဦးစိန် တင် မှ လည်း ၎င်း ပိုင် အမျိုးသား
ရုပ်ရှင် ထုတ်လုပ် ရေး လုပ်ငန်း ကို ဒေါ်အောင်ဆန်းစုကြည် ကို အပြီး အပိုင် လွှဲပြောင်း ပေး အပ် ခဲ့
သည်။
ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင် ထုတ်လုပ်ရေး ရုံးခန်း ဖွင့်ပွဲ သို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှာ ဦးတင်ဦး
၊ဦးဝင်းတင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ကိုမင်းကိုနိုင် ၊ ကိုကိုကြီး တို့  အပါအ၀င် သရုပ်ဆောင်
များ စွာ တက်ရောက် ခဲ့ ကြသည်။
ဓာတ်ပုံ များ အား ကို ကျော်စွာမြင့် FB မှ ရယူ ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ( Bogyoke Aung San Film Executive Board )
ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ အနေဖြင့် မှတ်တမ်းမှတ်ရာ များ စုဆောင်းခြင်း ၊ အလှူငွေ
လက်ခံခြင်း ၊ ဇာတ်ညွှန်းအကြမ်းရေးသားခြင်းများ
ကို Working Group များဖြင့် ဆက်လက် ဆောင်ရွက်
သွားမည် ဖြစ်သည် ။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် နှင့်
သရုပ်ဆောင်သစ်လျှောက်လွှာ ကိုဖော်ပြထားပြီးဖြစ်ပါသည်။ သတင်းထုတ်ပြန်ချက် များ ရှိလျှင်လည်း
ဆက်လက်၍ ဖော်ပြ ပေးသွားမည် ဖြစ်ပြီး … http://www.bogyokeaungsanmovie.org/ website
စာမျက်နှာ တွင်လည်း သွားရောက် ဖတ်ရှု့နိုင်ပြီ ဖြစ်ပါသည် ။
One Comment Post a comment
  1. ဓာတ်ပုံများကို ကိုကျော်စွာမြင့်ဖေ့စ်ဘွတ်က ရယူပါတယ်ဆိုတော့ 7Day News ဖေ့စ်ဘွတ်နဲ့… ကျနော့်ဖေ့စ်ဘွတ်ခ်ကရော မပါဘူးပေါ့… အဲ့လိုလားဗျ… :P
    ပုံ
    အဘ ဥက္ကာကိုကို
    February 15, 2012
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Connecting to %s
You may use basic HTML in your comments. Your email address will not be published.
Subscribe to this comment feed via RSS
Follow
Get every new post delivered to your Inbox.
Join 300 other followers