Skip to content
အချစ်များစွာ ဖြင့်……..
LOVLLVOe-PARY-love-couples-sonnygirl-Love-Couple_large
ငြိမ်းချမ်းငြိမ်း                                                                            (၁)
ဗာလင်တိုင်း ဟု ခေါ်ကြသည့် ချစ်သူများ နေ့ ကို  လည်း ကိုဘမောင် တစ်ယောက် မနှစ် က လို ပင် ပျင်း
ရိညည်းငွေ့ စွာ ကျော်ဖြတ် ရအုံး မည် ဖြစ်သည်။ ကမ္ဘာ ဦး လူသား တို့  မီး ကို ရှာ ဖွေ တွေ့  ရှိ
ပြီး မရှေး မနှောင်း မှာ ပင် အချစ် ကို ရှာ ဖွေ တွေ့ ရှိ ခဲ့ ကြသည် ဟု ဆိုကြသော် လည်း ကိုဘမောင်
တစ်ယောက် အတွက် တော့ အချစ် ဆိုသည် မှာ ရှာ မှ ရှား ဖြစ်နေသည်။
ငယ်ငယ် က မိုးကောင်း ဘုရားတွင် ဟောသည့် ဗေဒင် ဆရာ တစ်ဦး ၏ ဟောကြား ချက် တစ်ခု ဖြစ်သည့်
“ ခင်ဗျား အချစ်ရေး မှာ ကံခေလိမ့် မယ်” ဆိုသည့် စကား က အခု ထိ သူ့  နား ထဲ က ကို မထွက်။
(၂)
လေပြေ လေညှင်း များ က အဆုံး မဲ့ ကွင်းပြင် ကျယ်ကြီး ကို ဖြတ်ကျော် နေကြသည်။ ကော်လိုယာဒို မြစ်
က ရော့ကီး တောင် တန်း တွေ ကို လှည့်ပတ် ကွေ့ ကောက် စွာ  မနား တမ်း စီးဆင်း နေလေ သည်။ တစ်
ကမ္ဘာလုံး ၏ အလှ ဆုံး နေရာ များ သည် ကော်လိုယာဒို နှင့် ယူထ ပြည်နယ် ထဲ တွင် ပဲ ရှိ သည် ထင် ရ
အောင်သဘာဝ အလှ  ၏ ဖမ်းစား မှု ဉ် ကိုဘမောင် တစ်ယောက် ရစ် မူးနေ ခဲ့ သည်။ Canyonland
National Parkဟု ခေါ်သည့် သည် နေ ရာ သို့  သူ ရောက်ဖူး ချင် နေ ခဲ့ သည် မှာ ကြာလှပြီ ဖြစ်သည်။
ရုပ်ရှင် တွေ နှင့် ဒစ်ကာဗာရီ လို ရုပ်သံ ချယ် နယ် မှာ ဒီနေရာ ကို ခဏ ၊ ခဏ တွေ့ ဖူး နေ က တည်း က
သူ သွား ချင် လှပြီဖြစ်သည်။ ခရီးသွားရ တာ ၀ါသနာ ပါ .. တောတောင် ရေမြေ ..သဘာဝ အလှ ကို ခံစား
တတ်သည့် သူ မို့  အီဖလ်မျှော် စင် ၊ လုဗ် ပြ တိုက် ၊ ဗင်းနစ် ညချမ်း ၊ နယူးယောက် ညနေ ၊ ဂိုးဒင်း ဂိတ် တို့ 
ထက် သည်လို  သဘာဝ အလှ ကို ပို၍  မက် မော မိသည်။
ရှု မဆုံး နိုင် ၊ မျှော် မဆုံး နိုင်  ချောက် ကမ်းပါး များ ၊ လျှို မြောင်အသွယ်သွယ်  နှင့် ကျောက် ဆွယ် ၊
ကျောက်ဆောင်  များ သည် သဘာဝ အတိုင်း ဖြစ်နေသော်လည်း ဗိသုကာ တစ်ယောက် က စနစ် တကျ
နေ ရာ ချသွား ပုံ နှင့် ပို လို့  တောင် တူနေသေးသည်။
အဆုံး မရှိ အောင် ကျယ်ဝန်းလွန်းလှ သည့် လျှိုမြောင် ကြီးများ ကို ငေးမော ကြည့် နေသည် မှာ ဘယ်လောက်ကြာ
သွား ပြီး လဲ သူ မသိတော့ …. “ မောင်” ဟူသည့် ခေါ် သံ ကြား မှ သူ နောက် ကို လှည့်
ကြည့် မိလိုက် သည်။ နေ ရဲ့  အလင်းရောင် လာရာ ကို ကျော ပေး ပြီး ရပ် နေ မိသည့် အတွက် ၊ နေ ရှိရာဘက် ကို မျက်နှာ ပြန်မူ
မိတော့ သူ ၏  မျက် လုံး တွေ အမှတ်တမဲ့ ကျိန်းစပ် သွား သည်။ မျက် လုံး ကို ခဏ ပိတ်ပြီး  ပြန် အား ယူကြည့်လိုက်
တော့ မှ  သူ့ နောက် မှာ ရပ် နေသည် မှာ တခြား သူ မဟုတ် ဆယ့် ငါး နှစ် ကျော်ခန့်  ဝေးကွာ ခဲ့ ရသည့် ရည်စား ဦး  ဖြစ်နေသည်။
“ မ” … ကိုဘမောင် ပါးစပ် မှာ ထွက် လာသည့် တစ်လုံး တည်း သော စကား လုံး ဖြစ်သည်။
ချိန်းဆို ထားခြင်း လည်း မဟုတ် ၊ မျှော်လင့် ထား သည့် နေရာ လည်း မဟုတ် ပါဘဲ တိုက်တိုက် ဆိုင်ဆိုင် ပြန်
လည် ဆုံစည်း ကြ သော် လည်း သူ တို့  နှစ်ဦး ၏ ပြန်လည် ဆုံ စည်း ရ မှု က သိပ် ပြီး နွေးနွေး ထွေးထွေး
မရှိ လှ။
ကိုဘမောင် က “မ” ဟု တစ် လုံး တည်း သာ ပြန် လည် ခေါ်ပြီး ၊ သူ့  နှုတ် ခမ်းများ က မည် သည့် စကားလုံး
မှ ထပ် မထွက် လာ တော့  …သူ့  တွင် ပြောစရာ စကား များ မရှိ တော့ ပြီ တော့ မဟုတ်။ လွန်ခဲ့သည့် ဆယ့်
ငါးနှစ် ကျော်က အဖြစ်အပျက် များ က သူ့ ခေါင်း ထဲ တဖျတ်ဖျတ် ပြန်ပေါ် လာ နေ သည်။ သူတို့  နှစ်ဦး ၏
ရွှေအိုရောင် နောက် ဆုံး နေ့ များ နှင့် ဝေးကွာခြင်း ခရီးအစ နေ့ စွဲ များ ကို ဖြစ်သည်။ အဲသည် တုန်းက အသက်
နှစ် ဆယ် ကျော် သာ ရှိ သေး သည့် ကိုဘမောင် က သူငယ်ချင်းများ နှင့် သောက် ဖြစ်ပြီး မူးလာသည် ဆိုလျှင်
“ ငါ ရတနာ့ ကို ပြန်လက်ထပ်မယ်” “ ငါ တို့  နှစ်ဦး ပြန်ဆုံ တဲ့ ညနေမှာ နပိုလီယံ
ဂျာမဏီ ကို နိုင်တုန်းက အောင်ပွဲ ခံ သောက် ခဲ့ တဲ့ မားလော့ ၀ိုင်မျိုး မင်း တို့  ကို အ၀ တိုက် မယ်” ဟု
ကျုံး ၀ါး ခဲ့ သည်။
တစ်ခါ တစ်လေ ကျ တော့ ကော်ဖီ ဆိုင် တွင် ဆွေးဆွေး မြေ့မြေ့ ထိုင်ရင်း ကိုဘမောင် ပြောခဲ့ သည်များက
“အချစ် နဲ့  တော်လှန်ရေး ဟာ အတော်ပဲ ဆန်းကြယ် တယ် ၊ ဘယ် အချိန် မှာ စပြီး ဘယ် အချိန် မှာ ဆုံး
မှာ လဲ”   လို့  ဘယ်သူ မှ မခန့် မှန်း နိုင်ကြ ပါဘူး စသည်ဖြင့် သူ၏ အတွေး အမြင် များ ကို လည်း မျှ ဝေ
လေသည်။
ကိုဘမောင် နှင့် ရတနာ တို့  ၏ ချစ်သက်တမ်းသည် သိပ် တော့ အကြာကြီး မဟုတ် ရော်ရွက်ဝါ တို့  မြေခ
သည့် ရာသီမျိုး နှစ်ခါ လောက် မှာ ပင် ကွဲ ခဲ့ ကြရသည်။ ရုပ်ရှင် တွေ ထဲ က လို  ရင်နာ
စရာ ဇာတ်လမ်း ၊ ဇာတ်အိမ် မျိုး ဖြစ်သည့် …. အိမ်က သဘောမတူ လို့ ၊ ကောင်မလေး ကို အခြားတစ်ယောက်
က ခိုးပြေး သွားတာ တို့ ၊  မင်္ဂလာ ဆောင်ခါနီးမှာ ကားမှောက် လို့  သေသွားတာ မျိုး လုံး လုံး မဟုတ် ချေ။
ကိုဘမောင် ၏ တရွေ့ ရွေ့ ပုံဖော်နေသည့် အိပ်မက် တို့  သည် ရတနာ့ အဖို့ တော့ လက်တွေ့ မဆန် လှ သည့်
စိတ် ကူး တွေ ဖြစ်နေသည်။ တစ်ခါ တစ်လေ ကျတော့ သူမ ၏ သူငယ် ချင်းများ နှင့် ဆုံ ခိုက် ကိုဘမောင်
အကြောင်း တွေ ကို ရတနာ ပြောဖြစ်သည်။ …….“ တော်… တော် ရူး တဲ့ လူပဲ … ရုပ်ရှင် ဒါရိုက်တာ လုပ်ချင်
တာမြန်မာ ပြည်မှာ လုပ် လဲ ရရဲ့  သား နဲ့  ဟောလိဝုဒ် မှာ သွား လုပ် ချင်တယ်တဲ့…ရူးပါပေ့ ”  ရတနာ ၏
သူငယ်ချင်း များ က တော ကိုဘမောင် ကို မှတ် ချက် အမျိုးမျိုး ပြု ကြသည်။ အား လုံ ကို သတ္တု ချကြည့်
နောက်ဆုံး တော့……ကိုဘမောင် ၏ အိပ်မက် တွေ .. ရွက်လွှင့် ရာ နောက် ကို ရတနာ ပါရမီ မဖြည့် နိုင်
တော့ ….
(၃)
ထိုင်ဝမ် နိုင်ငံ သား ဒါရိုက်တာ အန်းလီ က အမေရိကန် နွားကျောင်းသား ဘွဲ့  ကို Brokeback Mountain
အမည် ဖြင့် ရုပ် ရှင် ရိုက် ပြပြီး အော်စကာ ဆု တက်ယူ လိုက် သည့် အခါ ကိုဘမောင် ပိုပြီး အားတက်လာ
မိသည်။ နောက် အာရှ သား တစ်ယောက် က ငါ့ အလှည့်ဖြစ်ရမယ် ဆိုသည့် မျှော်လင့် ချက် တို့  သည့် ပိုပြီး
ရှင် သန်လာ သည်။
အန်းလီ အော်စကာဆု  ရသည့် နေ့  က ကိုဘမောင် တစ်ယောက် ရတနာ နှင့် အတူ ညနေစောင်း လမ်း
လျှောက်ထွက်ရင်း “မောင်.. လည်း တစ်နေ့ ကျ ရင် သူ့  လို ဖြစ်ချင် လိုက်တာ” သူ့  မျှော်လင့် ချက် တွေ
ကို ဖြန့် ခင်း ပြ ရာ ရတနာ “ ဖြစ်ရ မှာ ပေါ့ မောင် ရယ် … မောင် …က လူတော် ပဲ ဟု အားပေး စကား ဆို
ခဲ့ သည်။ နောင် ….. နှစ် များ စွာ ကြာ သည့် တိုင် …. မဆုံစည်း ရသည့် ချစ်ဦးသူ က အား ပေးခဲ့ သည့်
ထိုစကားမှာ ကိုဘမောင် အတွက် စိတ်ခွန်အား ဖြစ်စေခဲ့ သည်။
××                                                   ××                                                           ××
ကျန်ရှိ နေသည့် အပိုင်းများ ကို ဆက် လက် စောင့် မျှော်ဖတ်ရှု ခြင်း အတွက် ကျေးဇူး တင်ရှိ ပါသည်။
No comments yet
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Connecting to %s
You may use basic HTML in your comments. Your email address will not be published.
Subscribe to this comment feed via RSS
Follow
Get every new post delivered to your Inbox.
Join 300 other followers