Skip to content

အလုပ်သမား တွေ ၁၀ ရက်မြောက် နေ့ အဖြစ် ဆက်ပြီး ဆန္ဒပြ

431727_347490875271178_158797964140471_1222823_572941162_n

ရန်ကုန်တိုင်း လှိုင်သာယာ မြို့ နယ် ရှိ  တိုင်ရီ ဖိနပ် ချုပ် စက်ရုံ တွင် အလုပ် သမား များက ၎င်း တို့ 
၏ အချိန် ပို လုပ်ခ လစာ တိုးမြှင့်ရေး တောင်းဆို မှု မရ သေး သဖြင့် ဆန္ဒပြမှု မှာ ယနေ့  ၁၀ ရက်
မြောက် နေ့ အဖြစ် ဆက်လက် ဆန္ဒပြ နေသည် ဟု FNG မှ သတင်း ရရှိ သည်။

အလုပ်သမား များ က အချိန် ပို လုပ် ခ ကြေး အတွက် တစ်နာရီလျှင် မူလ နှုန်းထား ၇၅ ကျပ် မှ
၁၅၀ ကျပ် သို့  တိုးမြှင့် ပေး ရန် တောင်း ဆိုသည် ကို ယမန် နေ့ က ၂၅ ကျပ် သာ တိုးမြှင့် ပေး
သဖြင့် ဆက်လက် ဆန္ဒပြ မှု ဖြစ်ပွား နေရခြင်း ဖြစ်သည်။

“ကျွန်မ တို့  အချိန် ပိုလစာ တိုးပေး ဖို့  တောင်း ဆိုတာ ၂၅ ကျပ် ပဲ တိုးတယ်။ မနေ့ က ၁၀၀ တိုး
ပေး တယ် ထင် လို့  အလုပ် လာဆင်းတာ အခု ၂၅ ကျပ် ထဲ ဆိုတော့ ဆက်ပြီး ဆန္ဒပြ တယ်။ စနေ
နေ့  ထိ အလုပ် မဆင်း ရင် အလုပ် ထုတ် ပြစ် မယ် လို့  အလုပ်ရှင် က ပြောတယ် “ဟု ဆန္ဒပြ အလုပ်
သမား တစ်ဦးဖြစ်သူ မအေးအေးဝင်း က FNG ကို ပြောသည်။

အလုပ်သမား များ ၏ ရပိုင် ခွင့် များ ကို ချိုးဖောက်မှု များ ရှိ သဖြင့် သက် ဆိုင်ရာ ၀န်ကြီး ဌာန များ
နှင့် အလုပ် သမား ပြဿနာ ဖြေရှင်း ရေး ရုံးများ သို့  တိုင်ကြား ရန် အလုပ်သမား လယ်သမား ပြ
ဿနာ များ ကို ကူညီ ဖြေရှင်း ပေး သူ ရှေ့  နေ ကို ဖိုးဖြူ ထံ သို့  လွှဲ အပ်ထားသည်။

ဆန္ဒပြ မှု ၆ ရက် မြောက် နေ့ က အလုပ်သမား ၀န်ကြီးဌာန မှ ညွှန်ကြား ရေး မှုး ဦးချစ် လှိုင် လာ
ရောက် ဖြေရှင်း ပေး သော်လည်း နှစ် ဖက် ကျေလည် မှု မရရှိ ဟု သိရသည်။

ဆန္ဒပြ မှု တွင် စက်ရုံ အလုပ် သမား ၁၈၀၀ ကျော် ပါဝင်သည်။

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

You may use basic HTML in your comments. Your email address will not be published.

Subscribe to this comment feed via RSS

Follow

Get every new post delivered to your Inbox.

Join 300 other followers