Skip to content
ရန်ကုန် မှာ စိုးရိမ်စရာ အခြေအနေတွေ ဖြစ်နေ | ဦးဂမ္ဘီရ | လှိုင်သာယာ | ရွှေည၀ါ
403005_302737959787845_103865773008399_816552_409713193_n
ရန်ကုန်တိုင်း လှိုင်သာမြို့ နယ် တိုင်ရီ ဖိနပ် ချုပ် စက်ရုံ က လုပ်ခ လစာ တိုးပေးရေး ဆန္ဒပြ
သူ တွေ ကို စောင့်ကြည့် ဖို့  ဒီနေ့ မနက် အစော ပိုင်း က စပြီး လုံထိမ်း ကား ၃ စီးထပ်မံ အင်
အား ဖြည့် ထား တယ် လို့  သိရှိ ရပြီး ကြည့် မြင့် တိုင် သာဓု ပရိယတ္တိ ကျောင်းတိုက် အနီးမှာ
မှာ လည်း ရဲကား နဲ့  အရပ် ၀တ် စစ်ထောက် လှမ်းရေး တွေ ရောက်ရှိ နေတယ် လို့  သိရပါ
တယ်။
မနေ့  က နိုင်ငံ ရေး အကျဉ်းသား များ ကူညီရေး ကွန်ယက် က ကိုဟန်ဝင်းအောင် နဲ့  မိတ်ဆွေ
များ က ဆန္ဒပြ အလုပ် သမား တွေ ကို စားသောက် ဖွယ်ရာ တွေ သွားရောက် လှုဒါန်းပြီး တဲ့
နောက် မှာ လုံထိမ်း တပ် ဖွဲ့  တွေ ကို ဖိနပ် ချုပ် စက်ရုံ အနား မှာ တိုးမြှင့် ချထား လိုက် တာ
ဖြစ်ပါတယ်။
နောက် တစ်ခါ ဒီနေ့  မှာတော့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့  ရဲ့  ဖိအား ကြောင့် ကျောင်း
တိုက် ကို စွန့် ခွာ ရတော့ မယ့် ရွှေည၀ါ ဆရာ တော် ဦးပညာ သီဟ လက်ရှိ သီတင်း သုံးရာ
သာဓု ပရိယတ္တိ ကျောင်း တိုက် အနီးမှာ လည်း အရပ် ၀တ် စစ်ထောက်လှမ်းရေး တွေ နဲ့  ရဲ
ကား တွေ ချထား သလို  ဆရာတော် သီတင်း သုံးဖို့  ကြွချီမယ့် မှော်ဘီ က ခြံ အနီး မှာ လည်း
ရဲတပ် ဖွဲ့ ဝင် တွေ က မော်တော် ကား ငယ် တွေ နဲ့  အသင့် နေရာ ယူထားတယ် လို့  သိရပါ
တယ်။
မှော်ဘီ မြို့ နယ် က ဆရာတော် သီတင်း သုံးမယ့် ကျောင်း သင်္ခန်း နေရာ ကို လှုထား တဲ့ ဒါ
ယိကာ တစ်ဦး ကိုလည်း မနေ့ က  ရဲတပ် ဖွဲ့  စစ်ဆေး မေးမြန်းတယ် လို့  သတင်း ရရှိ ပါတယ်။
ရွှေည၀ါ ဆရာ တော် ဦးပညာ သီဟ က ဒီနေ့  သူ့ ရဲ့  နှုတ်ဆက် ပွဲ ကို သာဓု ပရိယတ္တိ ကျောင်း
တိုက် မှာ ကျင်း ပ ခဲ့ ရာ ဆရာ တော် ရဲ့  တပည့် ၊ တပန်း တွေ ၊ အလှု့ ရှင် ဒါယိကာ တွေ နိုင်ငံ
ရေး အကျဉ်းသားဟောင်း တွေ နဲ့  ၈၈ မျိုးဆက် ကျောင်းသား တွေ တက် ရောက် ခဲ့ ကြပါတယ်။
ရွှေည၀ါ ဆရာ တော် ကျောင်းတိုက် မှ မထွက် ခွာ ခင် ဦး ဂမ္ဘီရ အား အဏာဖြင့် ကိုင်တွယ်မည့် ကြေးမုံ သတင်းစာ ကို ဖတ်နေစဉ် (ဓာတ်ပုံ-ဝေယံ) 7 Days News Journal
လှိုင်သာမြို့ နယ် တိုင်ရီ ဖိနပ် ချုပ် စက်ရုံ ကဆန္ဒပြ သူ တွေ ကို ဒီနေ့  နိုင်ငံရေး အကျဉ်းသား လွတ်
မြောက် ရေး ၊ လူ့  အခွင့် အရေး နဲ့  သဘာဝပတ်ဝန်း ကျင် ရေးရာ တက်ကြွ လှုပ်ရှားသူ ဦးဝင်း
ချို  က သောက်သုံး ရေ နဲ့  စားစရာ တွေ သွားရောက် လှုဒါန်းမှာ ဖြစ်ပါတယ်။
ရွှေည၀ါ ဆရာ တော် ဦးပညာ သီဟ လက်ရှိ သီတင်း သုံးရာ သာဓု ပရိယတ္တိ ကျောင်း တိုက် အနီး
ကို လာရောက် စုံစမ်း ထောက်လှမ်း သူ တွေ ထဲ မှာ နိုင်ငံ တော် သံမဟာနယက အဖွဲ့ က ဒီနှစ်
မဟန ထောက်လှမ်းရေးမှာ ယခင် ရာထူး က ဖယ်ရှား ခံခဲ့ ရတယ် စစ်ထောက်လှမ်းရေး အကြီး
အကဲ ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် လက် ထက် က ထောက်လှမ်း ရေး အရာရှိ တွေ ပါဝင် ပါတယ်။
ဇန်န၀ါရီလ ၁၃ ရက် နေ့  မြောင်းမြ အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက် လာ သည့် ဦးဂမ္ဘီရ
ကိုလည်း ဓမ္မစက် ဖြင့် မရ တော့ သည့် အတွက် အာဏာ စက် ဖြင့် ဆောင်ရွက် ရမည် ဟု ယနေ့ 
ထုတ် ကြေး မုံ သတင်းစာ တွင် ဖော် ပြထားသည်။
(မနက် ဖြန် တွင် မဟန ထောက်လှမ်းရေး အကြောင်း ကို ဖော်ပြပါမည်)
Photo Credit : 7 Days News Journal
3 Comments Post a comment
  1. jame aharkar #
    တကယ်တမ်း သံဃာတော်တို့အား လည်းကောင်းတို့၏ ရန်သူသဖွယ်၊ အဖျက်သမားသဖွယ် သဘောထားကာ လောဘ၊ ဒေါသ၊ မောဟ၊ အာဃာတ တရားများနှင့် အတိပြီးနေသည်မှာ သာသနာရေးဦးစီးနှင့် သီလသမာဓိကြီးမားမြင့်မြတ်ကုန်သော ရုပ်သေးရုပ်ဆရာတော်ကြီးများမှအပ မဟနကိုယ်တော်များဖြစ်သည်။ မြတ်စွာဘုရား၏ နှစ်ပေါင်း၂၆၀၀တိုင် တည်တံ့ခိုင်ခန့်လျက်ရှိသည့် ၀ိနည်းအာဏာဒေသနာ၏ အထက်တွင် ပုထုဇဉ်တို့ ထုဆစ်ပုံဖော်အပ်သော လူအာဏာဒေသနာတို့ မတည်ကောင်းပေ။ မရှိအပ်ပေ။ ယင်းသည် သာသနာကွယ်ကြောင်းပင်ဖြစ်သည်။ ပြင်ပတွင် သာသနာမကွယ်မီ အဆိုပါ ရပ်ဝန်းဒေသတွင် တင်ကြို သာသနာကွယ်နှင့်ပြီဖြစ်သည်။ အာဏာပိုင်တို့၏ လှည့်ကွက်မာယာတွင် ညီညွတ်သော ဘုရားသားတော်တို့ သွေးမကွဲစကောင်းပါ။ မေတ္တာရှေ့ထားညီညွတ်စွာဖြင့် လူသားတို့အား လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အပူမီးမှ ကိုယ်တိုင်ရုန်းထွက် လမ်းပြနိုင်ကြပါစေကုန်။
    February 21, 2012
  2. အရှင် ဦးဂမ္ဘီရ အားလျှောက်ထားပါသည်။ ယခုလိုအချိန်ကလေးမှာ ပြည်သူပြည်သား နိုင်ငံကိုအုပ်ချုပ်နေသော တာဝန်ယူနေသော ငြိမ်းချမ်းရေး အဖွဲ့မျာ၊ နိုင်ငံရေးအသင်းအဖွဲ့များ ဖြင့် ငြိမ်းချမ်းစွာ တိုးတက်သော နိုင်ငံအဖြစ် တည်ဆောက်နေချိန်၊
    မှာ အလွန်တရာ အားကျ ဖွယ်ဖြစ်သည်။
    သို့ပါသောကြောင့် အရှင် ဘုရားအနေနဲ့ နိုင်ငံအပေါ်၊ ပြည်သူပြည်သားအပေါ် အလွန်တရာ သနားပါက တောထွက်ပြီးတရားကျင့်ပါ ပိုမိုကောင်းမည်ဖြစ်သည်။ လောဘ၊မောဟ၊ဒေါသ တို့သည် အလွန်တရာ ပူလောင်စေသည်မှာ အရှင်ဘုရားသိပြီးဖြစ်သည်။ ဘာသာခြားများမှ ကဲ့ရဲ့ခြင်း၊ရှုတ်ချခြင်းကင်းပါစေ
    February 20, 2012
  3. aharkar #
    တရားဆိုတာ အင်မတန်သိမ်မွေ့နူးညံ့ပါတယ်။ တရား အစစ်အမှန်ကို မြင်သွားရင် ဒါတွေမရှိတော့ပါဘူး။ ဒီအဖြစ်အပျက်တွေက အခုမှဖြစ်နေတာမဟုတ်ပါဘူး။ ဂေါတမဘုရားရှင် မပွင့်မှီကတည်းက ဖြစ်နေခဲ့တာတွေပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုနေကြမယ့်အစား။ ကိုယ့်ကိုယ်ကိုသာ ပြန်ကြည့်လိုက်ကြပါ။ လူတိုင်း ကာယကံ၊ ၀စီကံ၊ မနောကံ (အိနြေ္ဒ)တွေကို ကိုယ်တိုင်(လူသားအားလုံး) ထိန်းထားနိုင်ကြမယ်ဆိုရင် ကိုယ်ကိုယ်တိုင် အဆင်ပြေသလို၊ လူတိုင်း အဆင်ပြေ သွားမှာပါ။ မိမိကိုယ်တိုင်တောင် ကိုယ့်ရဲ့ အတွင်းစိတ်နဲ့ အပြင်ကိုယ်လုပ်နေတာတွေနဲ့ အဆင်မပြေတာ၊ ဘယ်သူ့ကိုမှ မကြည့်ဘဲ၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိုပဲ အသိဥာဏ်(ပညာဥာဏ်)နဲ့ ပြန်ကြည့်လိုက်ကြပါ။ ဒါဆိုရင် အဖြေထွက်လာပါလိမ့်မယ်။……..။
    February 19, 2012
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Connecting to %s
You may use basic HTML in your comments. Your email address will not be published.
Subscribe to this comment feed via RSS
Follow
Get every new post delivered to your Inbox.
Join 300 other followers