Skip to content

ခုနစ်ရက်သားသမီးများအတွက် (၂၀.၂.၂၀၁၂) မှ (၂၆.၂.၂၀၁၂) အတွင်း တပတ် တာဗေဒင်ဟောစာတမ်း

zodiac

* ဗေဒင်ပညာရှင် ဒေါ်ဆွေဇင်ဝတီ *

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားခရီးရှိခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ ထီပေါက်တတ်ခြင်း၊ ထီး၊ ဖိနပ်၊ ဖောင်တိန်ဝင်ခြင်း၊
ပြည်တွင်းခရီးသွားရလျှင် အဖေါ်အဖြစ်သွားရခြင်း ဖြစ်တတ်သည်။
ပညာရပ်အသစ်သင်ရခြင်း၊ မိတ်ဆွေကောင်းရခြင်းနှင့် အလုပ်ပြောင်းရွှေ့လိုစိတ်ဖြစ်နေခြင်းများ ဖြစ်လိမ့်မည်။

သို့သော် မပြောင်းပါနှင့်၊ အသစ်သည် လက်ရှိ အလုပ်ထက်ပိုပြီး စိတ်တိုင်းမကျစရာဖြစ်မည်။
အစားမှားခြင်း၊ ဆေးရုံဆေးခန်းသွားရတတ်သည်။ အချစ်ရေးတွင်စိတ်တိုင်း မကျဖြစ်နေမည်။ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ထောပတ်ထမင်းကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၆၊ ၃၊ ၂၊ ၆ )

တနင်္လာသားသမီးများ၏ကံကြမ္မာ

မြေ၀င်ခြင်း၊ အမွေရစရာရှိက ရကိန်းရှိခြင်း၊ ကွန်ပြူတာဝင်ခြင်း၊ ရွှေလက်စွပ်၊ စိန်လက်စွပ်ထွက်ပြီးမှ ပြန်ဝင်ခြင်း၊
အောက်လက်ငယ်သားကြောင့် ပူပင်သောရောက်ရခြင်း၊ အထက်လူကြီးဆရာသမားကြောင့် စိတ်ညစ်စရာကြုံတွေ့ရခြင်း ဖြစ်နေလိမ့်မည်။ ကြွေးတင်ခြင်း၊အလှူမင်္ဂလာရက်ရွှေ့ရခြင်းဖြစ်တတ်သည်။
ခြေထောက်ဒဏ်ရာရခြင်း၊ ကျောဒုက္ခပေးခြင်းဖြစ်နေမည်။ အရေးကြီးစာရွက်စာတမ်း ပျောက်ခြင်းဖြစ်တတ်သည်။
လုပ်သမျှ ထင်သလောက် မအောင်မြင်သေး
ပါ။ အစစအရာရာ သတိထားရမည့် အချိန်ဖြစ်သည်။ အချစ်ရေးတွင် စိတ်တိုင်းမကျဖြစ်နေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒံပေါက်ထမင်းကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၆၊ ၅၊ ၂၊ ၁ )

အင်္ဂါသားသမီးများ၏ကံကြမ္မာ

စာမေးပွဲ၊ အင်တာဗျူး ဖြေဆိုစရာရှိလျှင် ဖြေဆိုပါ။ ထူးချွန်စွာအောင်မြင်မည်။ နိုင်ငံခြားနှင့်ပတ်သက်သော
ကိစ္စများလုပ်ရတတ်သည်။ လုပ်ငန်းသစ်လုပ်ရခြင်း၊ အခန်းပြောင်းရွှေ့ရခြင်း၊ အိမ်ပြောင်းရွှေ့ရခြင်းဖြစ်တတ်
သည်။ သူခိုးခိုးခံရတတ်သည်။ သွားဒုက္ခပေးတတ်သည်။ ငွေကြောင့်ပူပင်သောက ဖြစ်စရာနှင့်ကြုံနေ
တတ်သည်။ လုပ်ငန်းတွင်အတိုက်အခံ၊ အခက်အခဲနှင့်တွေ့ရတတ်သည်။ သည်းခံပြီးနေပါ။ အစီအစဉ်မရှိပဲ
ရုတ်တရက် အိမ်ထောင်ကျတတ်သည်။ မကောင်းပါ။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား နို့ထမင်းကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၁၊ ၆၊ ၅၊ ၄ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

အလှူလုပ်ရခြင်း၊ မင်္ဂလာဆောင်ရခြင်း၊ အိမ်သစ်ရခြင်း၊ ရွှေလက်ကောက်ဝင်ခြင်း၊ ကားဝင်ခြင်း၊ လုပ်ငန်း
သစ်ပြုလုပ်ရခြင်းများ ဖြစ်နေမည်။ ဆိုင်ခန်းရခြင်း၊ စက်ပစ္စည်းဝင်ခြင်း၊ ငွေများဝင်ခြင်း၊ မျက်စိနှင့်ပတ်သက်ပြီး
ငွေကုန်ရခြင်း၊ အပူလောင်ခြင်း၊ ဆေးစားမှားခြင်း၊ ကွန်ပြူတာပျက်ခြင်း/ထွက်ခြင်းဖြစ်နေတတ်သည်။ မြေထွက်ခြင်း၊
ခြေထောက်ဒဏ်ရာရခြင်း၊ ခင်ခင်သောမိတ်ဆွေနှင့် ပြဿနာဖြစ်တတ်သည်။ အချစ်ရေး ပျော်ရွှင်ရသောအချိန်ဖြစ်နေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြက်ဆီထမင်းကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၅၊ ၃၊ ၁၊ ၆ )

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

ကားဝင်ခြင်း၊ တိုက်ခန်းဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊ စီးပွားတက်မည့်အချိန်ဖြစ်နေသည်။ စန်းပွင်းခြင်း၊
စုတ်/လာဘ်ဝင်ခြင်း၊ လူမျိုးခြားများ၏ အကူအညီရခြင်းဖြစ်နေမည်။ အလုပ်တွင်နာမည်ကောင်းရခြင်း၊ လစာတိုးခြင်း၊
ဝင်ငွေကောင်းခြင်း၊ ရာထူးတိုးခြင်း၊ နိုင်ငံခြားခရီး၊ ပြည်တွင်းခရီး တမျိုးမျိုးသွားရတတ်သည်။ လူလုခံရခြင်း၊
လူလိမ်ခံရခြင်းဖြစ်တတ်သည်။ အအေးမိခြင်း၊ အကြောနာခြင်း၊ ဆေးရုံဆေးခန်းသွားရတတ်သည်။ အချစ်ရေးကံကောင်းနေသည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်းကြီးသုတ်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၁၊ ၂၊ ၄၊ ၅ )

သောကြာသားသမီးများ၏ကံကြမ္မာ

စီးပွားတက်မည်။ အလွန်ကံကောင်းနေမည်။ အစစအရာရာအဆင်ပြေနေမည်။ လုပ်ငန်းသစ်များစတင်ပြုလုပ်ရတတ်သည်။
အကျိုးပေးသောအချိန်ဖြစ်သည်။ ရွှေဝင်မည်။ ငွေဝင်မည်။ အလုပ်၊ အိမ်ပြောင်းရွှေ့ရခြင်း၊ အခန်းပြောင်းရခြင်းဖြစ်မည်။
ကောင်းသောပြောင်းခြင်းဖြစ်သည်။ နာရေးကိုအကြောင်းပြုပြီး ခရီးသွား ရတတ်သည်။ လက်အောက်ငယ်သားတော်လှန်
တတ်သည်။ မိတ်ဆွေနှင့်လမ်းခွဲရတတ်သည်။ အိမ်ထောင်ရှင်ဖြစ်ပါက အိမ်ထောင်ရေးဇယားရှုပ်ရတတ်သည်။ ငယ်ရွယ်သူများ
စန်းကောင်းနေသည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကော်ရည်ခေါက်ဆွဲကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၃၊ ၂၊ ၆၊ ၅ )

စနေသားသမီးများ၏ကံကြမ္မာ

ရေခြားမြေခြား၊ ပင်လယ်ရပ်ခြားခရီးသွားရခြင်း (သို့) မိမိမရောက်ဖူးသေးသောဒေသသို့ သွာရတတ်သည်။ မျက်မှန်ဝင်ခြင်း၊
ပုဆိုးဝင်ခြင်း၊ စက်ပစ္စည်းများအသစ်ဝင်ခြင်းဖြစ်တတ်သည်။ အလုပ်တွင်ရန်ပေါ်တတ်သည်။ ပညာသင်ရခြင်း၊ သင်တန်း
တက်ရခြင်းများပြုလုပ်ရတတ်သည်။ စီးပွားတက်မည်။ မိဘကိုပိုပြီးကျေးဇူးဆပ်နိုင်သောအချိန်ဖြစ်နေမည်။ ချစ်သူရည်း
စားရတတ်သည်။ မိမိဘ၀အတွက် လက်တွဲဖော်ကောင်းဖြစ်လိမ့်မည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ဆီထမင်းကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၄၊ ၃၊ ၀၊ ၆ )

*******    ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ    *******

ဗေဒင်ပညာရှင်.ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)

ဟောချိန်- နံနက် ၁၀း၀၀ နာရီ ညနေ ၅း၀၀
ဟောခန်း- နန်းထိုက်ပဒုမ္မာ (ဆံသ စတိုးနှင့်စားသောက်ဆိုင်) ကလန်းကားဂိတ်နှင့် Mydin Supermarket အနီး။
မလေးရှားနိုင်ငံ (မလေးရှားမဟုတ်သော အခြားနိုင်ငံများမှ ဗေဒင်မေးမြန်းလိုသူများအတွက် အီးမေးလ်မှတဆင့် ဟောစာတမ်းပို့ပေးနေပါသည်)
ဖုန်း   -  +6012-9133-093
E-mail: swezinwati@gmail.com

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

You may use basic HTML in your comments. Your email address will not be published.

Subscribe to this comment feed via RSS

Follow

Get every new post delivered to your Inbox.

Join 300 other followers