Skip to content

အသံတိတ် ရုပ်ရှင် ဇာတ်လမ်း The Artist အကောင်းဆုံးဇာတ်ကား ဆု ရရှိ

428086_10150706743127588_73175557587_11143108_2121500827_n

၈၄ ကြိမ်မြောက် အမေရိကန် ရုပ်ရှင် ထူးချွန် ဆု ချီြးှမှင့် ပွဲ အခမ်းအနား (Academy Award)
Hollywood and Highland ခန်းမ(ယခင် Kodak Theater) တွင် ယနေ့  ကျင်း ပခဲ့ ရာ အသံ
တိတ် ရုပ်ရှင် ခောတ် က သရုပ်ဆောင် နှင့် ရုပ် ရှင် လော က သား တို့  ၏ ဘ၀ဇာတ် ခုံ ကို သရုပ်
ဖော် ရိုက် ကူး ခဲ့ သည့် The Artist ဇာတ် ကား က အကောင်း ဆုံး ဇာတ်ကား ဆု၊ အကောင်း
ဆုံး ဒါရိုက်တာ ဆု ၊ အကောင်းဆုံး ဂီတဆု ၊ အကောင်း ဆုံး ၀တ်စား ဆင်ယဉ်မှု ဆု ၊ အကောင်း
ဆုံး ၊ အကောင်း ဆုံး မင်းသား ဆု အပါ အ၀င် ဆု ၆ ဆု ဆွတ်ခူး ခဲ့ ပါတယ်။

အကောင်းဆုံး မင်းသား ဆု ကို The Artist ဇာတ်ကား က မင်းသား Jean Dujardin က ရရှိ
ခဲ့ ပါတယ်။ သူဟာ ဒီဇာတ် ကား မှာ ထိပ်တန်း အောင်မြင် တဲ့ အသံတိတ် မင်းသား ခောတ်က
ထား စရာ နေရာ မရှိလောက် အောင် အဖြစ် က နေ နောက်ဆုံး ခွေးစာ ကျွေး ဖို့  ပိုက်ဆံ မရှိ
တော့ ဘ၀ ကို ရောက်တဲ့ အထိ အနုပညာရှင်  တစ်ယောက် ရဲ့  ဘ၀ အနိမ့် အမြင့် နေရာ မှာ
ပိုင် နိုင် စွာ သရုပ်ဆောင်ခဲ့ ပါတယ်။ အကောင်း ဆုံး ဒါရိုက်တာ ဆု ကို လည်း ဒီဇာတ်ကား ရဲ့ 
ဒါရိုက်တာ Michel Hazanavicius က ပဲ ရ ရှိ သွား ပါတယ်။

အကောင်း ဆုံး မှတ်တမ်း ရုပ်ရှင် ကား တို ဆို ကို ပါကစ္စတန် က အမျိုးသမီး တစ်ယောက် ရဲ့  ဘဝ
ကို ရိုက်ကူး မှတ် တမ်း တင် ထား တဲ့ Saving Face က ရရှိ ခဲ့ ပါတယ်။

အကောင်း ဆုံး မိတ်ကပ် ဆု ဗြိတိသျှ ၀န်ကြီး ချုပ် မာဂရက် သက်ချာ ရဲ့  ဘ၀ ဇာတ်ကြောင်း
ကို ရိုက်ကူးထားတဲ့ The Iron Lady က ရရှိ ခဲ့ ပါတယ်။

အကောင်းဆုံး ရုပ်ရှင် တည်း ဖြတ်မှု ဆု ကို စာရေးဆရာ  Stieg  Larsson ရေးသား တဲ့
ဆွီဒင် နာမည် ကျော် ၀တ္ထုဖြစ်တဲ့ The Girl With Dragon Tattoo ကို ပြန်လည် ရိုက် ကူး
ထား ပြီး ဂျိမ်းဘွန်း မင်း သား  ဒယ်နီယလ် ခရေ့ သရုပ်ဆောင်ထား တဲ့ The Girl with Dragon
Tatttoo ကရရှိ သွား ပါတယ်။ ဒီဇာတ် က က အကောင်း ဆုံး အသံ ရောနှော မှု ဆု လည်း ရရှိ
သွား ခဲ့ ပြီး အကောင်း ဆုံး အသံ တည်း ဖြတ် မှု ဆု ကို တော့ Philip Stockton, Eugene Gearty
တို့  က Hugo ဇာတ်ကား နဲ့  ရှိ သွား ခဲ့ ပါတယ်။

အကောင်းဆုံး ရုပ်ရှင် ဓာတ် ပုံ ဆု ကို Robert Richardson က Hugo ဇာတ်ကား နဲ့  ရရှိ ခဲ့ ပါ
တယ်။Hugo ဇာတ်ကား က ပဲ အကောင်းဆုံး အသံတည်း ဖြတ်မှု ဆု နဲ့  အကောင်းဆုံး ထုတ်
လုပ် မှု ဆိုင်ရာ ဒီဇိုင်း ဆု (Art Direction) ဆုတွေ ရရှိ ခဲ့ ပါတယ်။

အကောင်း ဆုံး နိုင်ငံ ခြား ဘာသာ စကား ပြောဇာတ်ကား ဆု ကို အီရန် ဇာတ်ကား A Separation
က ရရှိ သွား ခဲ့ ပါတယ်။

အကောင်းဆုံးမှတ်တမ်း ရုပ်ရှင် ကား တို ဆု ကို ပါကစ္စတန် အမျိုးသမီး တစ်ဦး ရဲ့  ဘ၀ ဇာတ်ကြောင်း
ကို ရိုက်ကူးထား တဲ့ Saving Face က ရရှိ ပြီး ၊ Undefeated က အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်
ကား ဆု ကို ရရှိ ခဲ့ ပါတယ်။ ဒီ မှတ်တမ်း ရုပ်ရှင် ကား ကို ရက်(ပ) အဆိုတော် နဲ့  ပရို ဂျုဆာ P.Diddy
ကထုတ်လုပ်ထား တာ ဖြစ်ပါတယ်။

ဒါရိုက်တာ ၀ူဒီ အယ်လင် ရိုက်ကူး တဲ့ Midnight in Paris အကောင်းဆုံး မူရင်း ဇာတ် ညွှန်း ဆု ပဲ
ရရှိ ခဲ့ ပါတယ်။

The Artist

ဟောလိဝုဒ် အသံတိတ် ရုပ်ရှင် ခောတ် တွင် လျှမ်းလျှမ်းတောက် အောင်မြင် နေသည့်
မင်းသား ဂျော့ ဗယ်လင်တင် ၏ အတက် အကျ ၊ အနိမ့်အမြင့်သံသာရာဖြစ်သည်။ မင်းသား
အဖြစ် အောင်မြင်စဉ် က စိတ်တိုင်းကျ သုံးဖြုံး နိုင် သော်လည်း နိမ့်ပါးသည့် အခါ ခွေးစာ ဖို့ 
ပင် မတတ် နိုင်တော့ ။ ပက်ပီ မီလာ သည် ဂျော့ ဗယ်လင်တင် ၏ ပရိသတ် အဖြစ်မှ ခောတ်ဟောင်း
က ပါပါရာဇီ တို့  ၏ ကျေးဇူးကြောင့်ချက်ခြင်း နာမည် ကျော်ကာ ဟောလီဝုဒ် မင်းသမီး ဖြစ်လာခဲ့
သည်။ ကျွန်တော် တင်သည့် ရွှေမင်း သမီး ဇာတ်လမ်း ကို အနု ရသ မြောက်အောင် နှင့် လွမ်းဖွယ်
ဆွေးဖွယ် အတုယူ ဖွယ် ဖြစ်အောင် ရိုက်ကူး နိုင်ခဲ့ သည်။

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

You may use basic HTML in your comments. Your email address will not be published.

Subscribe to this comment feed via RSS

Follow

Get every new post delivered to your Inbox.

Join 300 other followers