Skip to content

Citizen Journalism ဆိုသည်မှာ

ya

ဆွာလေး၊           ၊Citizen Journalism  ဆိုသည်မှာ..သတင်းအချက်အလက်များကိုစုဆောင်းခြင်း.၊
အစီရင်ခံခြင်း၊သုံးသပ်ခြင်း နှင့်အသိပေးတင်ပြပေးသော အခန်းဏ္ဍတွင်ပါဝင်ဆောင်ရွက်နေမှု
များဖြစ်သည်။ Citizen Journalism ပါဝင်သောသူများသည်… သတင်းစာ…စာနယ်ဇင်းလုပ်ငန်းတွင်…
ပါဝင်ဆောင်ရွက်နေသော….စာနယ်ဇင်းသမားမျာ၊ လူထုသတင်းစာဆရာများ.နှင့်..မတူပေ…
ထိုသတင်းစာဆရာများက..အတွေ့အကြုံရှိပြီး..ကျွမ်းကျင်သောပညာရှင်များ..

မကျွမ်းကျင်သောပညာရှင်များ ပူးပေါင်းလုပ်ဆောင်နေသောလုပ်ငန်းများဖြစ်ကြပြီး…
CitizenJournalism နှင့်မတူပေCitizenJournalismသည်ကတစ်သီးပုဂ္ဂလဆန်ပြီး ပြည်သူများကိုယ်
တိုင်ကိုယ့်နည်းကိုယ်ဟန်ဖြင့်ဖန်တီး…ထုတ်လုပ်ထားသောမီဒီယာ များမှဖြစ်သည်။ကမ္ဘာတ၀ှမ်းလုံးတွင်…
မီဒီယာအသစ်များကိုဖြစ်ပေါ်စေသောနည်းပညာများ ၊လူမူရေးကွန်ယက်များ၊ သတင်းဖြန့်ဝေငှနိုင်သော
ကွန်ယက်များ၊ ဆယ်လူလာဖုန်းများပြားလာမှုသည် Citizen Journalism နှင့် ပြည်သူကြားတွင်

ဆက်သွယ်နိုင်မှုကိုပိုပိုကျယ်ပြန့်လာစေခဲ့ပါသည်။ ထိုCitizenJournalismးများသည်….အချိန်နှင့်
တပြေးတည်းထုတ်လွင့်နေသောသတင်းဌာနများထက်ပိုမိုလျင်မြန်သောသတင်းများကိုတင်ပြနိုင်မှုရှိနေသည်။

CitizenJournalism….…များသည်..အလွန်သေးငယ်သောအမှုကိစ္စများကိုပင်အချိန်နှင့်တပြေးညီနီးပါး
တဟုန်ထိုးတင်ပြနိုင်မှုများရှိသည်။…သို့သော်ထိုသတင်းများကိုကျွမ်းကျင်သတင်းမီဒီယာများမှ…ဖြစ်ကတတ်ဆန်မှု.
.မသေသပ်မှုဟုဝေဖန်ခံရတတ်သည်။ Citizen Journalism များပါဝင်ပတ်သက်နေသော..webiste
များလေ့လာကြည့်သောအခါ….quality controlသိပ်မရှိပဲ..အကြောင်းအရာစနစ်မကျမှုများတွေ့ရသည်
ဟုလည်းဆိုသည်။ Citizen Journalism များအရှိန်အဟုန်ဖြင့်သတင်းတင်ပြနိုင်မှုသည်…နာမည်ကြီး
သတင်းမီဒီယာများအတွက်..ခြိမ်းခြောက်မှုအခြေအနေဖြစ်သည်ဟုလည်းဆိုသည်…။

Citizen Journalism များတွင်ပါဝင်ပတ်သက်နေသူများသည် တချိန်တခါက..ပရိသတ်အဖြစ်ရှိနေ
ခဲ့သူများလည်းဖြစ်သည်။CitizenJournalismတွင်ပါဝင်နေသောသူ….များသည်ကား…..သတင်းစာစာနယ်ဇင်း
အကြောင်းအရာကိုသိရှိနားလည်သူမဟုတ်ပဲ..ခေတ်ပေါ်နည်းပညာများ၊ တကမ္ဘာလုံးဖြန့်ဝေအသုံးပြုနေသော
ကွန်ယက်များကိုအသုံးပြူရ်ျ ဆွေးနွေးငြင်းခုံခြင်း၊ သတင်းမီဒီယာများကို ကိုယ်ကိုယ်တိုင်သော်လည်းကောင်း..အများနှင့်ပူးပေါင်း၍လည်းကောင်းသတင်းအချက်အလက်များ..
စစ်ဆေးမှုပြုလုပ်ခြင်းဖြစ်သည်။ ဥပမာ သင်သည် မြို့နယ်ကောင်စီအစည်အဝေးအကြောင်းကိုသင့်၏
ဘလောက်တွင်လည်းကောင်း..forumတခုတွင်လည်းကောင်းရေးသားပေးခြင်းဖြစ်သည်။သို့မဟုတ်…
သတင်းစာတွင်ရေးထားသောထိုအစည်းအဝေးအကြောင်းကိုမိမိ၏အတွေ့အကြုံရေးထားမှုနှင့်မှန်ကန်မှုရှိ၊မရှိ
ပြန်လည်စစ်ဆေးတင်ပြခြင်းကိုလုပ်ဆောင်သူလည်းဖြစ်သည်။ ထိုအစည်းအဝေးအကြောင်း ဓါတ်ပုံတပုံ.သို့
ဗီဒီယိုဖိုင် ၊ အသံဖိုင်တဖိုင်.တင်သူလည်းဖြစ်နိုင်သည်။

Citizen Journalism များသည်…လူထုပရိတ်သတ်ပါဝင်မှုရှိသော မီဒီယာ များ( ဖတ်ရှုသူများမှ..
ထင်မြင်ယူဆချက်များရေးပေးခြင်း၊ ကိုယ်တိုင်ရေးဘလော့ခ်များ၊ camera ဖြင့် ရိုက်ယူလာသော..ဓါတ်ပုံ..
Vedio တင်ခြင်း)၊ ကိုယ်တိုင်ရယူလာသောသတင်းများ ၊ ကိုယ်တိုင်အသံလွှင့် channel များ၊ Mailing lists ၊
Newsletters တိုဖြစ်သည်။

အမေရိကန် Citizen Journalism သမိုင်းCitizen Journalism များ၏ ပါဝင်ပတ်သက်မှုသည်
အမေရိကန်သမိုင်းတွင်ကျယ်ကျယ်ပြန့်ပြန့်လည်းရှိခဲ့သည်ဟုဆိုသည်။စာနယ်ဇင်းသမားများသည်သူတို့၏ပါဝင်
ပတ်သတ်ရောက်ရှိနိုင်မှုဧရိယာမကျယ်ပြန့်သောကြောင့်..ခေတ်ပေါ်.. citizen journalist များပေါ်ထွန်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ထိုဂျာနယ်သမားများသည်…ပြည်သူထဲကဖြစ်ပြီးမီဒီယာများမှတင်ပြမှုများ
ကိုပြန်လည်သုံးသပ်စစ်ဆေးပြီးပြည်သူများနိုင်ငံရေးအမြင်မှန်ကန်မှုရှိအောင်လုပ်ဆောင်သူများလည်းဖြစ်ခဲ့သည်။
(၁၉၈၈ US election တွင်ပိုမိုကျယ်ကျယ်ပြန့်ပေါ်ထွန်းလာခဲ့သည်ဟုဆိုသည်)

စာနယ်ဇင်းသမားများ၏သတင်းတင်ပြနိုင်မှုတိုးတက်လာအောင်…အများကြီးအထောက်အကူပြုခဲ့သည်ဟု
လည်းဆိုသည်။ အစပိုင်းတုန်းက စာနယ်ဇင်းသမားများသည်အထူးစီမံကိန်းတွေကိုသာအလေးထားရေးပြီး..
ထိုအရာများသည်ငွေကုန်ကျမှု၊ အချိန်ကုန်မှု နှင့် ဇာတ်လမ်းဆန်သောအရာများသာဖြစ်ခဲ့သည်ဟုဆိုသည်။

ယနေ့နည်းပညာအသစ်များသည်.. Citizen Journalism များအတွက်အခြေအနေသစ်များကိုဖန်
တီးနိုင်ခဲ့ပြီး..လူတော်တော်များများသည်..သတင်းများကိုမှတ်တမ်းတင်နိုင်ပြီး..
လူအများသို့ချက်ချင်းဖြန့်ဝေနိုင်နေပြီးဖြစ်သည်။

သတင်းစာမီဒီယာလွတ်လပ်ခွင့်ကို(Freedom of press) ကျင့်သုံးလာသည်နှင့်အမျှ… သတင်းစာပညာအကြောင်းသိရှိလာမှုကျယ်ပြန့်လာမှုသည်ပေါ်ပေါ်ထင်ထင်ရှိလာခဲ့သည်ဟုဆိုသည်။ Journalism
ဆိုသောဝါဟာရသည် ၁၉၃၀ ခုနစ်တွင် အမေ၇ိကန်အရှေ့ပိုင်းတွင် သတင်းစာအရှိန်အဟုန်နှင့်ထုတ်ဝေလာသည်နှင့်အမျှနာမည်ကြီးလာခဲ့ခြင်းဖြစ်ဟုဆိုသည်။..လိုအပ်သော
စာစောင်အ၇အတွက်လိုအပ်သောလူထုထံသို..ဈေးနှုန်းသက်သာစွာပုံနှိပ်ဖြန့်ဝေပေးနိုင်မှုရှိခဲ့သည်ဟုဆို။
စာစောင်အသစ်များအပြိုင်အဆိုင်ကြော်ငြာခြင်း..ထုတ်ဝေခြင်းများလည်းပြုလုပ်ခဲ့သည်။ ၁၉ရာစုနှောင်းပိုင်
မတိုင်မီထိ သတင်းစာ..စာစောင်ထုတ်ဝေမှုမီဒီယာများသည် ပုဂ္ဂလိက နှင့် ကုပ္မဏီများ၏ စီပွားရေးအပြိုင်အဆိုင်
သဘောတွင်ရှိခဲ့ဟုဆိုသည်။

ဘယ်အရာတွေက  CJ တယောက်ရဲ့ သတင်းတင်ပြမှုကို ပိုမိုကောင်းမွန်စေသလဲ

 

သာမန်ထက်ထူးခြားပြီးတော့ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေကို သတင်းလို့ ဆိုနိုင်ပါတယ်။
လူတစ်ဦးဖြစ်စေ၊ နေရာတစ်ခုဖြစ်စေ၊ အကြောင်းအရာတစ်ခုဖြစ်စေ ထူးခြားနေတယ်ဆိုရင် အဲဒါသတင်းပါပဲ။ ဥပမာ

- ကျွန်တော် ရေချိုးခန်းထဲမှာ ချော်လဲပြီး ခေါင်းကွဲသွားတာ ကမ္ဘာကျော်သတင်းမဖြစ်ပေမယ့်

ဘန်ကီမွန်း နှာစေးနေတာကတော့ သတင်းကောင်းတစ်ပုဒ်ဖြစ်လာနိုင်ပါတယ်။ လူပုဂ္ဂိုလ်ထူးခြားမှုပေါ့။

ဆားလင်းကြီးမြို့နယ်က ရွာတစ်ရွာမှာ လူတစ်ယောက်ကားတိုက်ခံရ တာ သတင်းမီဒီယာမှာ တွေ့ဖို့ခက်ပေမယ့်

နယူးယောက်မြို့လယ်မှာ လူတစ်ယောက် မြောင်းထဲပြုတ်ကျသွားတာ သတင်းထူးတစ်ခုဖြစ်နိုင်ပါတယ်။

အဲဒါတွေအားလုံးအတွက် အချိန်အပိုင်းအခြား (နည်းပညာဝေါဟာရကတော့ အချိန်ကိုက်ဖြစ်ခြင်း

- Timeliness) နဲ့ စာဖတ်သူအတွက် အကျိုးရှိသော သတင်းအချက်အလက်ပေးနိုင်ခြင်း -

Informative) တော့ ရှိဖို့လိုပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဒီနေရာမှာ ရော်နယ်ရေဂင်

မိန့်ခွန်းပြောသွားတယ်ဆိုတာ သတင်းမဟုတ်တော့ပါဘူး။ သမိုင်းမှတ်တမ်းတစ်ခုဖြစ်ရင် ဖြစ်ပါလိမ့်မယ်။

သတင်းသမားတွေ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခုကတော့ “ခွေးက လူကို ကိုက်တာ သတင်းမဟုတ်ဘူး။

လူက ခွေးကိုကိုက်ရင် အဲဒါသတင်းပဲ´´ လို့ ဖြစ်ပါတယ်။

အဲဒီတော့ သတင်းထောက်ဖြစ်ဖို့ ဘာလိုသလဲလို့ မေးရင် သတင်းသမားဖြစ်ဖို့ ထူးခြားတာတွေကို

သတိပြုတတ်တဲ့ အလေ့အထလေးပဲလိုပါတယ်။ ဆိုပါတော့။ ဘက်ဂဒက်မြို့လယ်ခေါင်ကို ရောက်နေပြီး

တိတ်ဆိတ်အေးချမ်းနေတယ်ဆိုရင် ဒါထူးခြားနေပြီလို့ ခံစားရတာမျိုးပေါ့။ ဆက်ပြီး ဘာထူးခြားတာလဲဆိုတာကို

လေ့လာတတ်ရင်တော့ သတင်းထောက်ကောင်းတစ်ယောက်ဖြစ်ပါပြီ။ ဒါပေမယ့် ကိုယ်သိထား၊ လေ့လာထားတာကို

ဖော်ပြတတ်ဖို့၊ ဖော်ပြတဲ့ပုံစံကောင်းမွန်ဖို့က သတင်းထောက်တွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါ။

သတင်းတစ်ပုဒ်ရဲ့ တန်ဖိုးနဲ့ အင်္ဂါရပ်တွေကို ကောင်းကောင်းသဘောပေါက်ထားရင် အချက်အလက်ပြည့်စုံတဲ့

သတင်းတစ်ပုဒ်ရေးဖို့ ဘာမှ မခဲယဉ်းတော့ပါဘူး။

သတင်းအခြေခံ

သတင်းတစ်ပုဒ်ဟာ `ဘ´ ခြောက်လုံး (အင်္ဂလိပ်လိုတော့ 5 W‘s and H) နဲ့ ပြည့်စုံရပါမယ်။ Who, What, When,
Where, Why and How ပေါ့။ How မှာ How, How much/many, How often, How long စတာတွေ

အားလုံးပါပါတယ်။

သတင်းထောက်နဲ့ 5W’s and H ကတော့ ခွဲလို့မရပါဘူး။ သတင်းတစ်ပုဒ်လိုက်ပြီ၊ အင်တာဗျူးလုပ်ပြီဆိုရင်

ဒီအချက်တွေအားလုံးကို အခြေခံပြီး စုစည်းရပါမယ်။ (အင်တာဗျူးအတတ်ပညာကလည်း သတင်းထောက်အရည်အချင်းတွေထဲမှာ

အရေးအကြီးဆုံးအချက်တစ်ချက်ပါပဲ – စကားချပ်)

အဲ…ပြဿနာက ရေးတဲ့အချိန်မှာ လာတော့တာပဲဗျ။ အဲဒီ 5 W’s and H ကို ဘယ်လိုရေးမလဲ။ ပထမအပိုဒ်၊

ထိပ်ဆုံးစာပိုဒ် (Lead Paragraph) မှာ ဘာကို ထဲ့မလဲ။

ဥပမာဗျာ – ဒီအောက်က လိုအပ်တဲ့ သတင်းအချက်အလက်တွေ ဆိုပါစို့။

Who – မောင်မဲက မောင်ဖြူကို

What – ရိုက်လိုက်သည်

When – မနေ့က မြန်မာစာဆရာ သင်ခန်းစာပို့ချနေချိန်

Where – စာသင်ခန်းထဲတွင်

Why – အမြင်ကတ်သောကြောင့်

How – ကျောကုန်းကို ပေတံဖြင့် ခပ်ပြင်းပြင်း၊ မောင်ဖြူ့ကျောကုန်းတွင် အရှိုးရာထင်လောက်အောင်နာ

ဒီအချက်အလက်တွေကို အခြေခံပြီး သတင်းတစ်ပုဒ်တည်ဆောက်ကြည့်ရအောင်။

မနေ့က မြန်မာစာဆရာ သင်ခန်းစာပို့ချနေချိန်တွင် မောင်မဲက မောင်ဖြူ့ကို စာသင်ခန်းထဲ၌

အမြင်ကတ်သောကြောင့် ကျောကုန်းကို ပေတံဖြင့် ခပ်ပြင်းပြင်း ရိုက်လိုက်ပြီး မောင်ဖြူ့ကျောကုန်းတွင်

အရှိုးရာထင်လောက်အောင် နာကျင်သွားသည်။

ဒီစာပိုဒ်မှာ `ဘ´ ခြောက်လုံးဆိုင်ရာ အချက်အလက်တွေ အားလုံးပါပါတယ်။ ဒါပေမယ့် ဘာအားနည်းချက်ရှိနေလဲဆိုတာကို

အောက်က စာပိုဒ်နဲ့ ယှဉ်ကြည့်ရအောင်။

မနေ့က စာသင်ခန်းထဲတွင် မောင်ဖြူ့ကို မောင်မဲက ပေတံဖြင့် ရိုက်လိုက်သည်။

 

မြန်မာစာဆရာသင်ခန်းစာပို့ချနေချိန်တွင် ကျောကုန်းကို ပေတံဖြင့် ခပ်ပြင်းပြင်း ရိုက်လိုက်ခြင်း

ဖြစ်၍ မောင်ဖြူ့ကျောကုန်းတွင် အရှိုးရာထင်လောက်အောင် ထိနာကျင်သွားသည်။

ဒီတော့ ထိပ်ဆုံးစာပိုဒ်မှာ သတင်းအချက်အလက်တွေ အများကြီးထဲ့လိုက်ရင် too much

information ဖြစ်တာကြောင့် စာဖတ်သူကို အာရုံေ၀၀ါးစေတာ တွေ့ရပါလိမ့်မယ်။ ဒါကြောင့်
ပထမဦးစားပေးသတင်းအချက်အလက်ကို

ထိပ်ဆုံးမှာတင်ပြီး ပံ့ပိုးပေးမယ့် သတင်းအချက်အလက်တွေ (Supportive information) ကို

ဒုတိယ စာပိုဒ် (Second Para) နဲ့ တတိယစာပိုဒ်တွေမှာ ထားခြင်းအားဖြင့် ပိုပြီး ရှင်းလင်း၊

ဆွဲဆောင်မှုရှိတဲ့ သတင်းတစ်ပုဒ် ဖြစ်လာနိုင်ပါတယ်။

နိုင်ငံခြားသတင်းတွေဖတ်တဲ့အခါ သတိထားကြည့်ရင် အဲဒီအချက်ကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်အခု

ဒီပို့စ်ရေးနေတုန်း ဘီဘီစီမှာ တက်လာတဲ့ သတင်းလေးကို ဥပမာပေးပါမယ်။

‘Many dead’ in Iranian air crash (Headline)

At least 168 passengers and crew are feared dead (How Many?)

after a Caspian Airlines Plane crashed (What Happened?) in the north

of Iran (Where), state media says.

Wreckage was spread over a large area in a field in Jannatabad village, Qazvin

province, about 75 miles (120km) north-west of Tehran

(Where – more

precise/detailed location), state TV said.

The Tupolev aircraft was flying from the Iranian capital to Yerevan in Armenia

(Who

– more precise info), Iranian media said.

The cause of the crash, which happened soon after take-off, was not known. (How)

ဒီသတင်းမှာ အချက်အလက်တွေကို စာပိုဒ် ၄ ပိုဒ်မှာ ခွဲပြီး ထည့်ပေးသွားတာ တွေ့ရပါ လိမ့်မယ်။

ကျွန်တော့်သဘောနဲ့ပြောရရင် ဒါ နည်းနည်းများပါတယ်။ အများဆုံး ၃ ပိုဒ်လောက်ပဲ ဖြစ်သင့်တယ်။

ဒါပေမယ့် ပိုရှင်းလင်းပြီး ဖတ်လို့ အဆင်ပြေတာကို တွေ့ရပါလိမ့်မယ်။ သီအိုရီအရကတော့

Lead Para မှာ အင်္ဂလိပ်စာလုံး (Word) ၂၅ ကနေ ၃၀ ထက် မပိုသင့်ပါဘူး။ အဲဒီထက်များသွားရင်

ရှုပ်ထွေးသွားတတ်ပါတယ်။

အပေါ်က သတင်းမှာ ပထမစာပိုဒ်ဟာ စာလုံး ၂၅ လုံးနဲ့ လိုရင်းကို တိုတိုနဲ့ ထိထိမိမိ၊ ရှင်းရှင်းလင်းလင်း

ပြောနိုင်တာ တွေ့ရပါတယ်။

အတွေ့အကြုံလေးတစ်ခုပေါ့။ သင်တန်းတစ်ခုမှာ အနောက်တိုင်းသူသင်တန်းဆရာမက ကျွန်တော်တို့ကို

ရုတ်တရက် Kiss ဆိုပြီးထအော်လိုက်တော့ ကျွန်တော်တို့လည်း အူကြောင်ကြောင်ဖြစ်သွားတာပေါ့။

(ဆရာမကတော့ အသက်နဲနဲကြီးပါပြီ။ :P)

ပြီးတော့ သူက အဲဒါ သတင်းထောက်တွေရဲ့ အမြဲတမ်းသတိထားရမယ့် ဆောင်ပုဒ်ဖြစ်တယ်လို့ဆိုပါတယ်။

ပိုဆိုးတာပေါ့ဗျာ။ ပိုအူကုန်တာပေါ့။

နောက်တော့မှ သူက ရှင်းပြပါတယ်။ Kiss ဆိုတာက Keep it simple, stupid! လို့ဆိုလိုတာပါတဲ့။

သတင်းတစ်ပုဒ်ရဲ့ ၀ိသေသလက္ခဏာတွေအကြောင်း

ဆက်ပြီး ကျွန်တော်တို့ သတင်းတစ်ပုဒ်ရဲ့ ၀ိသေသလက္ခဏာတွေအကြောင်း ဆွေးနွေးကြည့် ရအောင်။ ¬
သတင်း ၀ိသေသလက္ခဏာ ဆိုတာကတော့ သတင်းကောင်းတစ်ပုဒ်ဖြစ်ဖို့အတွက် လိုအပ်တဲ့အချက်တွေပါပဲ။
တစ်နည်းအားဖြင့် ဘယ်အချက်တွေက

သတင်းဖြစ်စေ တာလဲ ဆိုတာပါ။ သတင်းတန်ဖိုး (News Value or News Worthiness) ကို အဲဒီအချက်တွေနဲ့

ချိန်ထိုးကြည့်ပါတယ်။

အဲဒါတွေကတော့

၁) အချိန်ကိုက်ဖြစ်ခြင်း (timeliness)

၂) နီးစပ်မှု (proximity)

၃) ထူးခြားသော အရည်အသွေး (exceptional quality)

၎) နောက်ဆက်တွဲအကျိုးသက်ရောက်နိုင်မှု (possible future impact)

၅) ထင်ပေါ်ကျော်စောမှု (prominence)

၆) ပဋိပက္ခ (conflict)

၇) ပါဝင်သည့် သို့မဟုတ် သက်ရောက်မှုခံရသည့် လူအရေအတွက်

၈) အကျိုးဆက် (consequence)

၉) လူ့သရုပ်ဖော် (Human Interest)

၁၀) ကြေကွဲဖွယ်ရာများ (Pathos or Tragedies)

၁) အချိန်ကိုက်ဖြစ်ခြင်း (timeliness)

သတင်းဆိုတာ အသစ်ဖြစ်ရပါမယ်။ မနေ့က ဘတ်စ်ကားမှောက်တဲ့သတင်းဟာ ဒီနေ့လူပြောများနေပေမယ့်

တစ်ပတ်ကြာသွားရင် တန်ဖိုးကျသွားပါပြီ။

၂) နီးစပ်မှု (proximity)

ကိုယ်နေတဲ့ မြို့ရွာမှာ လူတစ်ယောက်လောက် H1N1 ကူးစက်ခံရတဲ့သတင်းကို မက်ဆီကို နိုင်ငံမှာ

လူ ၁၀၀ ကျော် H1N1 နဲ့ သေဆုံးသွားတဲ့ သတင်းထက် ပိုစိတ်ဝင်စားပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး

ချွင်းချက်လေးတွေတော့ ရှိတယ်။ ဥပမာ အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီနဲ့ပတ်သက်ပြီး

တစ်ကမ္ဘာလုံးက စိတ်ဝင်စားတာမျိုးပေါ့။ ဆက်ရှင်းသွားပါမယ်။

၃) ထူးခြားသော အရည်အသွေး (exceptional quality)

ထူးခြားသောအရည်အသွေးဆိုတာက သတင်းတစ်ပုဒ်ဟာ ဘယ်လောက်ထိ ထူးခြားသလဲ ဆိုတာကို ဆိုလိုတာပါ။

ဘယ်အပိုင်းက မဆိုပေါ့။ လူတစ်ယောက် ဟိုတယ်တစ်ခုမှာ စားဖိုမှူး အလုပ်ရသွားတယ်ဆိုတာ သတင်းမဟုတ်ပါဘူး။

ဒါပေမယ့် သူက လက်နှစ်ဖက်လုံး မရှိဘူး ဆိုရင်တော့ ထူးခြားတဲ့ သတင်းတစ်ပုဒ်ဖြစ်သွားပါပြီ။

၎) နောက်ဆက်တွဲအကျိုးသက်ရောက်နိုင်မှု (possible future impact)

ရိုးရိုးသတင်းတစ်ပုဒ်ကို ဖတ်ရတာထက် နောက်ဆက်တွဲ ဘာဖြစ်လာနိုင်မလဲဆိုတဲ့ ထင်မြင်ချက်တွေ

ပေးလို့ရတဲ့ သတင်းမျိုးကို လူတွေ ပိုစိတ်ဝင်စားတတ်ပါတယ်။ သတင်းဖတ်ပြီး ဆွေးနွေးနေရတာမျိုးပေါ့။

ဥပမာ – `A/H1N1 ရောဂါပိုးသည် ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားနိုင်သည်´ ဆိုတဲ့သတင်းမျိုးဟာ

ငါတို့ နိုင်ငံကိုကော ရောက်လာမှာလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ သတင်းရဲ့ တန်ဖိုးကို တက်လာစေပါတယ်။

၅) ထင်ပေါ်ကျော်စောမှု (prominence)

ကျွန်တော်ပြောခဲ့သလိုပါပဲ။ ကျွန်တော် ရေချိုးခန်းထဲမှာ ချော်လဲပြီး ခေါင်းကွဲသွားတာ

သတင်း မဖြစ်ပေမယ့် လွင်မိုး ၃ ရက်လောက်တုပ်ကွေးမိလိုက်တာ ဂျာနယ်တွေရဲ့ မျက်နှာဖုံးသတင်း

ဖြစ်လာနိုင်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ အားကစားသမားတွေ

စသူတို့ရဲ့ ဈေးဝယ်ထွက်တာကအစ လှုပ်ရှားမှုမှန်သမျှ သတင်း ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

၆) ပဋိပက္ခ (conflict)

ပဋိပက္ခပုံစံအမျိုးမျိုးကို လေ့လာသူတွေ စိတ်ဝင်စားကြပါတယ်။ တိုင်းပြည်နှစ်ခုကြား ပဋိပက္ခ

ဖြစ်စေ၊ တိုင်းပြည်တစ်ခုရဲ့ ပဋိပက္ခ ဖြစ်စေ၊ နိုင်ငံရေးအဖွဲ့နှစ်ခုကြားက ပဋိပက္ခဖြစ်စေ

လူတွေ စိတ်ဝင်စားကြပါတယ်။

၇) ပါဝင်သည့် သို့မဟုတ် သက်ရောက်မှုခံရသည့် လူအရေအတွက်

သတင်းတစ်ပုဒ်မှာ လူများများပါဝင်ပတ်သက်လေ သတင်းတန်ဖိုးမြင့်လေပါပဲ။ ရပ်ကွက်တစ်ခု မှာ

အမိန့်တစ်ခုထုတ်ပြန်တာနဲ့ တိုင်းပြည်တစ်ပြည်မှာ အမိန့်တစ်ခုထုတ်ပြန်တာ မတူပါဘူး။ တိုင်းပြည်ရဲ့

အမိန့်က သက်ရောက်မှုရှိတဲ့သူ ပိုများတာကြောင့် ပိုစိတ်ဝင်စားကြပါတယ်။

၈) အကျိုးဆက် (consequence)

ကွန်ပျူတာစနစ်တစ်ခုထဲမှာ ဗိုင်းရပ်စ်တွေ့တာ သတင်းမဟုတ်ပေမယ့် အဲဒီဗိုင်းရပ်စ်ကြောင့်

ဘဏ်လုပ်ငန်းတွေ ရပ်တန့်သွားတယ်၊ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်သွားတယ်ဆိုရင်တော့ သတင်းဖြစ်လာပါတယ်။

ဆန်စပါးအထွက်နည်းတာကို မြို့ပေါ်က လူတွေ သိပ်စိတ်ဝင်စားလေ့ မရှိပေမယ့် အဲဒီအတွက် ဆန်ဈေးတွေတက်လာနိုင်တာကြောင့်

စိတ်ဝင်စားလာတတ်ပါတယ်။

၉) လူ့သရုပ်ဖော် (Human Interest)

လူ့သရုပ်ဖော်သတင်းတွေက များသောအားဖြင့် သတင်းအေး (Soft news) တွေပါ။ ဥပမာ အနေနဲ့ဆိုရင်တော့

ကလေးအလှပြိုင်ပွဲမှာ ဆုရသွားတဲ့ ကလေးအကြောင်းတို့၊ ဟိုးနှစ်နှစ်လောက်က 7 Days

Journal မှာ ရေးသွားတဲ့ မျက်မမြင်နှစ်ဦး ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာဌာနက ဖွင့်တဲ့

Social Work သင်တန်းတက်ခွင့်ရတာတို့လိုပေါ့။ အဲဒီ့ လူ့သရုပ်ဖော် ရှုထောင်မျိုးတွေကို

ရိုးရိုးသတင်းတွေကနေလည်း ရှာလို့ရပါတယ်။ ဥပမာ – နာဂစ်မုန်တိုင်းတိုက်ခတ်နေတဲ့အချိန်မှာ

လှိုင်သာယာက အမျိုးသမီးတစ်ဦး ကလေးမီးဖွားလိုက်ပြီး သူ့ကလေးကို နာဂစ်လို့ အမည်ပေးတာမျိုးပေါ့။

ဒါမျိုးက မုန်တိုင်းကနေ ခွဲထွက်ပြီး လူပုဂ္ဂိုလ်အပေါ်ကို အသားပေးမှုပိုတဲ့ လူ့သရုပ်ဖော်သတင်းတွေပါ။

၁၀) ကြေကွဲဖွယ်ရာများ (Pathos or Tragedies)

လူတွေဟာ တခြားသူတွေရဲ့ ကံမကောင်းအကြောင်းမလှမှုတွေကို သိချင်၊ ကြားချင်ကြတယ် ဆိုတာ ငြင်းလို့မရပါဘူး။

အဲဒီလို အကြောင်းအရာတွေကို သိကြားပြီးရင် စိတ်မကောင်းတာ၊ သနားတာ၊ ကိုယ်ချင်းစာတာစတဲ့

ခံစားမှုတွေ တုံ့ပြန်ရတာကို လူ့သဘာဝက နှစ်သက်တတ်ပါတယ်။ တချို့ကတော့ ဒါမျိုးကို `မျက်ရည်ဆွဲထုတ်တဲ့

သတင်း´ လို့ပြောလေ့ရှိပါတယ်။ ဒီသတင်းမျိုးက လူတွေနဲ့ချည်းပဲ ဆိုင်တာတော့မဟုတ်ပါဘူး။

ဥပမာ ခွေးလေးတစ်ကောင်ဟာ တစ်လကျော်လောက်က သေဆုံးသွားတဲ့ သူ့သခင် ပြန်လာမှာကို စောင့်နေကျနေရာကနေ

နေ့တိုင်း စောင့်မျှော်နေတယ် ဆိုတဲ့ သတင်းမျိုးကလည်း စိတ်မကောင်းစရာဖြစ်နိုင်ပါတယ်။

ဒီအချက်တွေက ယေဘုယျအချက်တွေပါ။ ခေါင်းစဉ်တွေ အကွဲအလွဲရှိနိုင်ပါတယ်။ ဒါပေမယ့် သဘောတရားကတော့

အတူတူပါပဲ။ တချို့ကလည်း Conflict ဆိုတဲ့နေရာမှာ Dynamic လို့ ဆိုတတ်ကြပါတယ်။ လှုပ်ရှားအသက်ဝင်နေတဲ့

သတင်းမျိုးလို့ ဆိုလိုတာပေါ့။ သဘောတရားတွေ ကတော့ အတူတူပါပဲ။

သတင်းတစ်ပုဒ်မှာ အဲဒီအချက်တွေနဲ့ ကိုက်ညီပြီ၊ 5 Ws and H အချက်တွေလည်းရပြီဆိုရင် သတင်းရေးလို့ရပါပြီ။

အဲဒီလို သတင်းရေးတဲ့ နေရာမှာ သတင်းထောက်တွေ အခက်အခဲ အတွေ့ရဆုံးက ခံစားမှုကို ရှောင်ကျဉ်ရတာပါပဲ။

သတင်းထောက်လည်း လူသားပဲလေ။ ခံစားတတ်တာပေါ့။ အဖြစ်အပျက်တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ သွားကြည့်၊

မေးပြီးလာတဲ့အခါ ကျတော့ ပိုတောင် ခံစားရသေးတယ်။ ဒါပေမယ့် သတင်းရေးတဲ့ အခါမှာ အဲဒီခံစားချက်ကို

ရှောင်ဖို့ အရေးကြီးလာပါတယ်။ သတင်းထောက်ဆိုတာ သတင်းထဲမှာ ခံစားချက်၊ အထင်အမြင်ထည့်ခွင့်

လုံးဝ (လုံးဝ) မရှိဘူးလေ။ အဲဒါကလည်း တော်တော် ကျယ်ပြန့်တဲ့ ကိစ္စပဲ။

သတင်းသမားတစ်ယောက်ဟာ သတင်းထဲမှာ ကိုယ်ရဲ့ အထင်အမြင်ကို လုံးဝထည့်ခွင့်မရှိပါဘူး။ ထည့်မိရင်လည်း
အဲဒါဟာ သတင်းလို့ ခေါ်လို့မရတော့ပါဘူး။ သတင်းမဟုတ်တဲ့ သတင်းစာရဲ့ အခြားကဏ္ဍတွေမှာ အထင်အမြင် တွေ ရေးလို့ရပါတယ်။

အဲဒီတော့ အချက်အလက်ဆိုတာဘာလဲ၊ အထင်အမြင်ဆိုတာဘာလဲ ခွဲခြားသိဖို့လိုလာပါတယ်။ တချို့ကိစ္စတွေကတော့

ရှင်းရှင်းလင်းလင်းခွဲခြားလို့ ရပါတယ်။

ဥပမာ – “ကျော်ကျော်သည် အသားမဲသည်´´ ဆိုတာ ထင်ရှားတဲ့ အချက်အလက်ပါ။ အထင်အမြင်နဲ့

ပြောနေတာမဟုတ်ပါဘူး။

အဲဒါကိုပဲ “ ကျော်ကျော်သည် အသားမဲသော်လည်း သဘောကောင်းသည်´´ ဆိုရင် အထင်အမြင်ဖြစ်သွားပါပြီ။

အသားမဲတယ်ဆိုတာက မြင်နေရတယ်လေ။ သဘောကောင်းတယ်ဆိုတာကို ဘာနဲ့ တိုင်းတာမလဲ။ ကောင်မလေးတွေနဲ့

တွေ့ရင် သဘောကောင်းပေမယ့် ကောင်လေးတွေဆို သဘောကောင်းချင်မှ ကောင်းမှာပေါ့။

၁။ ကောင်မလေးတစ်ယောက် လမ်းလျှောက်လာသည်။

၂။ လှပသော ကောင်မလေးတစ်ယောက် လမ်းလျှောက်လာသည်။

ဆိုတဲ့ စာကြောင်းနှစ်ကြောင်းကို ယှဉ်ကြည့်လိုက်ပါ။

တစ်ခါတရံမှာ သတင်းအချက်အလက်တွေကို ရှင်းပြဖို့ လိုလာတတ်ပါတယ်။ သတင်းထောက် တစ်ယောက်ဟာ
အဲဒီလို အကြောင်းရာတစ်ခုခုကို ရှင်းပြတဲ့အခါမှာ အချက်အလက်ပဲ ဖြစ်ရပါမယ်။ အရှင်းလွန်သွားရင်တော့

သုံးသပ်ချက်ပေးသလိုဖြစ်ပြီး အထင်အမြင်ဖြစ် သွားတတ်ပါတယ်။

ဥပမာ –

လာမည့် သီတင်းပတ်အတွင်း အမေရိကန်သမ္မတအိုဘားမားသည် ရန်ကုန်မြို့သို့ လာရောက်ပြီး

ကျော်ကျော်နှင့် တွေ့ဆုံကာ သြ၀ါဒခံယူမည်ဟု အိမ်ဖြူတော်မှ ပြောကြားသည်။

ထိုကဲ့သို့ လာရောက်ခြင်းမှာ အိုဘားမားက ကျော်ကျော်အား အလွန်လေးစားပြီး လက်ရှိ ရင်ဆိုင်

နေရသော အခက်အခဲများနှင့် ပတ်သက်၍ အကြံဥာဏ်တောင်းခံလိုသောကြောင့် ဖြစ်ပုံရသည်။

ဆိုရင် ဘယ်လိုနေလဲ။ (ရယ်စရာကြီးနော်)။ ပထမအပိုဒ်က သတင်းအချက်အလက်ကို ဒုတိယ အပိုဒ်က

ပံ့ပိုးပြီး ရှင်းပြပေးထားတာပါ။ ဘာကြောင့် အိုဘားမားက ကျော်ကျော်နဲ့ လာတွေ့ချင်တာလဲ ဆိုတာကိုပေါ့။

(အရသာရှိလိုက်တာ) ဒုတိယ အပိုဒ်က ရေးသားသူရဲ့ အထင်အမြင် သက်သက် ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

(စိတ်ကူးယဉ်တာလဲ ပါရင်ပါမှာပေါ့နော်) ဒါပေမယ့် အဲဒါကိုပဲ ….

ဥပမာ –

လာမည့် သီတင်းပတ်အတွင်း အမေရိကန်သမ္မတအိုဘားမားသည် ရန်ကုန်မြို့သို့ လာရောက်ပြီး

ကျော်ကျော်နှင့် တွေ့ဆုံကာ သြ၀ါဒခံယူမည်ဟု အိမ်ဖြူတော်မှ ပြောကြားသည်။

ထိုကဲ့သို့ လာရောက်ခြင်းမှာ အိုဘားမားက ကျော်ကျော်အား အလွန်လေးစားပြီး လက်ရှိ ရင်ဆိုင်

 

နေရသော အခက်အခဲများနှင့် ပတ်သက်၍ အကြံဥာဏ်တောင်းခံလိုသောကြောင့် ဖြစ်သည်ဟု အိမ်ဖြူတော်

ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အာဖျံကွီးက ပြောသည်။

ဆိုရင်တော့ အထင်အမြင်မဟုတ်တော့ပါဘူး။ တစ်ဆင့်ပြောစကားဖြစ်တဲ့အတွက် သတင်းရေးသားသူ သတင်းထောက်ရဲ့

အာဘော်နဲ့ လွတ်ကင်းသွားပါပြီ။ အဲဒီလို အငြင်းပွားဖွယ် ရှိလာနိုင်ရင် အချက်အလက်ကိုဖြစ်ဖြစ်၊

အထင်အမြင်ကိုဖြစ်ဖြစ် Attribute လုပ်ရပါမယ်။ ဘယ်သူ၊ ဘယ်ဝါပြောတယ်ဆိုတာမျိုးပေါ့။

အနှစ်ချုပ်ပြီးပြောရရင်တော့ ပြန်လှန်အငြင်းပွားလို့၊ မေးခွန်းထုတ်လို့ မရတာက အချက်အလက်၊

တွေးစရာ၊ အငြင်းပွားစရာ၊ စောဒကတက်စရာ ဖြစ်လာနိုင်တာက အထင်အမြင်လို့ အကြမ်းဖျင်းမှတ်

ထားနိုင်ပါတယ်။

သတင်းတွေ များများ ဖတ်ပြီး ခွဲခြားကြည့်ရင် ပိုသိလာပါလိမ့်မယ်။

ဒီအချက်အလက်တွေအပြင် အင်တာဗျူးနည်းပညာ၊ ဆောင်းပါးရေးသားနည်း၊ သတင်းထောက်ကျင့်ဝတ်စတဲ့
အရေးကြီးတာတွေ ရှိပါသေးတယ်။

Ref   wiki , ကိုမန်ဇူး mmsy

–by swarlay

Swarlay ထံရယူ ပါသည်။

About these ads
One Comment
  1. သတင်းရေးသူ ကို အထူးပဲ ကျေးဇူးတင်တယ်လို့ပဲ ပြောချင်ပါသည် ။ သတင်း နှင့် သတင်းပညာ သင်တန်းတက်လိုက်ရသလို ခံစားရပါသည် ။ ကျွှန်တော်တို့လဲ cj တစ်ယောက်ဆိုရင် မမှားပါဘူး ။ ဒီပို့လေးက တန်ဘိုးကို ဖြတ်လို့မရပါဘူးဗျာ ။ များများသာ ဆက်ရေးဘို့ မေတ္တာရပ်ခံပါရစေ ဗျာ ။ စောင့်မျှော်ပြီး ဖတ်နေပါမယ်ဗျာ ။

    March 16, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 590 other followers

%d bloggers like this: