Skip to content

တရုတ် အစိုးရ က စစ်တပ် အာဏာသိမ်းမည့် သတင်းမှာ ကောလဟာလ ဟု ဆို

image.img

တရုတ် ကွန်မြူနစ် ပါတီ နှစ်ခြမ်း ကွဲ နေ ပြီး ၊ တရုတ် နိုင်ငံ တွင်း စစ်အာဏာသိမ်း ဖွယ်ရှိသည် ဆို
သည့် သတင်းများ ကို တရုတ် အစိုးရ က ငြင်းဆို လိုက်သည်။ တရုတ် နိုင်ငံ ၏ အင်တာနက်ဘ
လောက်  ၊ လူမှု ကွန်ယက် နှင့် ဖိုရမ်များ မှ တစ် ဆင့်  စစ်အာဏာသိမ်းနိုင်သည် ဆိုသည့် သတင်း
နှင့် တရုတ် ကွန်မြူ နစ် ပါတီ နှစ်ခြမ်း ကွဲ နေပြီ ဆိုသည့် သတင်း သည် ကျယ်ကျယ် ပြန့် ပြန့် ပေါ်
ထွက် ခဲ့ ခြင်း ဖြစ်သည်။

တရုတ် အစိုးရ ၏  အားနည်း အချို့  ကို ထောက်ပြ မှု သတင်း အချက် အလက် များ နှင့် ကွန်မြူ
နစ် ပါတီ ပြိုကွဲ နေပြီ ဆိုသည့် သတင်း များ မှာ တရုတ် ကွန် မြူ နစ် ပါတီ ပေါ်လစ်ဗျုရို အဖွဲ့ ဝင်
နှင့် ဗဟိုကော်မတီ ၀င် ဘိုရှိလိုင်း ကို ထုတ်ပြစ် ပြီး ချိန် တွင် ထွက် ပေါ် လာခြင်း ဖြစ်သည်။

ဘိုရှီလိုင်း ကို ပြီးခဲ့သည့် မတ်လက ချုံချင့် ပြည်နယ် အုပ်ချုပ်ရေးမှုး ရာထူး မှ ဖယ်ရှား ခဲ့သည်။
ချုံချင့် ပြည်နယ် တွင် ဆန္ဒပြ မှု များ ပေါ်ပေါက် နေ ရာ တရုတ် လက်နက် ကိုင်ရဲတပ် ဖွဲ့   က အ
ကြမ်းဖက် ဖြိုခွဲမှု များ ပြု လုပ် ခဲ့ သည် ဟု India Times သတင်းစာ တွင် ရေးသား ထားသည်။

ဘိုရှီလိုင်း ၏ ဇနီး ဖြစ်သူ ဂူကိုင်လိုင်း သည် ဗြိတိသျှ စီးပွား ရေးလုပ် ငန်း ရှင် နီးလ် ဟေးဝဒ် သေ
ဆုံး မှု တွင် သံသယ ရှိသည် ဟု ဆိုကာ ဧပြီလ ၁၂ ရက်နေ့  ကာ ဖမ်းဆီး ပြီး စုံစမ်း စစ်ဆေး မှု များ
စတင် ခဲ့သည်။

တရုတ် အစိုးရသည် အာဏာ သိမ်းမည် ဆိုသည့် သတင်း နှင့် တရုတ် ကွန်မြူ နစ် ပါတီ ပြိုကွဲ နေပြီ
ဆိုသည့် သတင်းများ ကို ငြင်းဆို ခဲ့ ပြီး ၀ဘ် ဆိုတ် ၂၄ ခုနှစ် စာ ပိုဒ် တင်ဆက်မှု နှစ်သိန်း ကျော်ကို
ဖျက်ပစ်ခဲ့ ပြီး ၊ အွန်လိုင်း တက်ကြွ လှုပ်ရှား သူများ နှင့် ဘလောက်ဂါ များ ကို ဖမ်းဆီးခဲ့သည်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ခေါင်းဆောင် အချို့  က ဘိုရှီလိုင်း ကို ထောက်ခံမှု
ပေးသည် ဆိုသည့် သတင်းများ လည်း ပေါ် ထွက် ခဲ့သည်။

တရုတ် သမ္မတ ဟူကျင်တောင်မှာ ယခင် ခေါင်းဆောင် ဟောင်း ကျန်ဇီ မင်း ကဲ့ သို့  စစ်တပ် ကို
ထိမ်းထား နိုင်ခြင်း နှင့် နိုင်ငံ ရေး တည်ငြိမ် အောင် မလုပ် နိုင်ဆိုသည့် ဝေဖန် သုံးသပ် ချက်များ
လည်း မတ်လ ကတည်း က ထွက် ပေါ်လာခဲ့သည်။

စစ်တပ် က အာဏာသိမ်း မည့် သတင်း ဖြန် ခဲ့သည် ဟု ယူဆသည့် လူတစ်ထောင် ကျော်ကို လည်း
ဘေဂျင်း ရဲ တပ် ဖွဲ့  က ဖမ်းဆီး ခဲ့သည်။

တရုတ်ကွန်မြူနစ် ပါတီ၏ အရေး ပါသည့် ရာထူးများ မှ ဖယ်ရှား လိုက်ခြင်း ကြောင့် ဘိုရှီ လိုင်း
သည် နိုဝင်ဘာလ တွင် ကျင်းပမည့် ၁၈ ကြိမ်မြောက် ပါတီ ကွန် ဂယက် သို့  တက်ရောက်နိုင်
ခြင်း မရှိ တော့ ဟု သိရသည်။

ဘိုရှီလိုင်း နှင့် ဇနီး ဖြစ်သူ ဂူကိုင်လိုင်း တို့ နှစ်ဦးသည် ဘေဂျင်း တက္ကသိုလ် တွင် ၁၉၇၈ ခုနှစ် က
တွေ့ ဆုံခဲ့ ခြင်း ဖြစ်ပြီး နောက်နှစ် အတန် အကြာ တွင် လက်ထပ် ခဲ့သည်။ တရုတ် ပြည်၏ ဂျက်
ကလင်း ကနေဒီဟု ဘိုရှီ လိုင်း ၏ ဇနီး ကို တင်စား ခေါ် ဝေါ်ကြသည်။

Bo Xilai, Neil Hayward, China, Politburo

About these ads
One Comment
  1. Thank you for your informative news from China. I congratulate on your millions of ‘visits’ each year and will share them with my subscribers to Leaders we deserve.

    April 13, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: